မြန်မာပြည်အထက်ပိုင်းကိုပို့မယ့် လက်နက်ခဲယမ်းတွေနဲ့အတူ Borderless Freedom Federal Column – BFFC အဖွဲ့က ရဲဘော်တစ်ဦးကို ဇူလိုင်လ ၁၆ ရက် မနေ့က ညနေပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
မနေ့က ညနေ ၅ နာရီခွဲလောက်မှာ ရန်ကုန်မြို့၊ အမြန်လမ်းမ၊ ဇီးရိုးမိုင် စစ်ဆေးရေးဂိတ်အနီးမှာ လက်နက်အလက် ၂၀နဲ့အတူ ရဲဘော်တစ်ဦး ဖမ်းဆီးခံလိုက်ရတာဖြစ်တယ်လို့ BFFC အဖွဲ့က ဆိုပါတယ်။
အဲဒီဖြစ်စဉ်မှာ M ၁၆ ကျည် ၂ ထောင်၊ AK ကျည် ၁ ထောင်၊ သေနတ်အတို ၂ လက်၊ အရှည် ၁၈ လက် ဖမ်းဆီးခံလိုက်ရတာဖြစ်ပြီးတော့ တန်ဖိုးအားဖြင့် ကျပ်သိန်း ၃ ထောင်ကျော် ဆုံးရှုံးသွားတယ်လို့ သိရပါတယ်။
Era’s Eye