နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇူလိုင်လ 31 ရက်

မြန်မာသတင်း

မြန်မာသတင်း

ခင်ဦးမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှု ပြည်သူ ၅ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိခဲ့

ခင်ဦးမြို့နယ် အနောက်တောင်ဘက်ခြမ်းမှာ စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ပြည်သူ ၅ဦးသေဆုံးပြီး ၇ဦးဒဏ်ရာရရှိခဲ့တယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံက သိရပါတယ်။

ဇူလိုင်လ ၁၆ရက်နေ့ကစပြီး ၅ရက်အတွင်း ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် အနောက်တောင်ဘက်ခြမ်း အမှတ်(၂)တိုက်နယ်အတွင်းက ကျေးရွာတွေကို ရေဦးမြို့မှာ အခြေချရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။

“ရေဦးမြို့ တိုင်းရင်းဆေးရုံအခြေချ အကြမ်းဖက် စကစတပ်သားတွေရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေကြောင့် ဇူလိုင်လ ၁၆ရက်နေ့က အင်းပတ်ကျေးရွာမှ စစ်ရှောင်အမျိုးသား ၂ဦး ထိမှန်ပြီး ၁ဦးသေဆုံးကာ ၁ဦးဒဏ်ရာရရှိခဲ့သလို နွား ၃ကောင် သေဆုံးခဲ့ရပါတယ်”လို့ အဖွဲ့က ဆိုပါတယ်။

အလားတူ ဇူလိုင်လ ၁၇ရက်နေ့ ညပိုင်းက အင်းပတ်ကျေးရွာနဲ့ ရွာသစ်ကုန်းကျေးရွာကြားကို ၈၁မမ ၄လုံး ကျရောက်ပေါက်ကွဲခဲ့ပြီး ၆နှစ်အရွယ် KG ကျောင်းသားတစ်ဦးအပါအဝင် ၂ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့သလို ဇူလိုင်လ ၁၈ရက်နေ့ကလည်း ရေဦးမြို့အနီးတစ်ဝိုက် ရမ်းသမ်းပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့ပြင် ဇူလိုင်လ ၁၉ရက်မှာ ခင်ဦးအနောက်ခြမ်း သက်ပေးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် ၆နှစ်အရွယ် KG ကျောင်းသားအပါအဝင် ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ပြီး ဇူလိုင်လ ၂၀ရက်နေ့မှာ မူသာကျေးရွာအတွင်း ၁၂၀မမ နှစ်လုံး ကျရောက်၍ ဒေသခံ ၂ဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရေဦးတိုင်းရင်းဆေးရုံမှာ အခြေချရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ၅ရက်အတွင်း လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာတွေကြော်င့ ရေဦးအနီးဝန်းကျင်ရှိ ခင်ဦးအနောက်တောင်ခြမ်းအပါအဝင် ဒေသခံ ထောင်နဲ့ချီ နေရပ်စွန့်ခွာတိမ်းရှောင်နေရတယ်လို့ အဖွဲ့ရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Era’sEye

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ TNLA တောင်းဆို

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 10 Views
ဇူလိုင်လ (၃၀)ရက်။ ကျဆုံးလုနီးပါးဖြစ်နေတဲ့ စစ်အာဏာရှင်ကို ဟန်ချက်ညီညီ ဝိုင်းဝန်းတော်လှန်တိုက်ခိုက်ဖို့ တော်လှန်ရေးအင်အားစုတွေကို TNLA က ဒီကနေ့မှာ ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
မြန်မာသတင်း

စဉ့်ကူးမြို့ရှိ လက်ပန်လှရဲစခန်းအပါအဝင် နေရာ (၂)ခုကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 12 Views
ရဲစခန်းရှိ အကျဉ်းသားတွေနဲ့ သံသယတရားခံ စုစုပေါင်း (၂၀)ကျော် သေဆုံးခဲ့တယ်လို့ MDY-PDF ထုတ်ပြန် ဇူလိုင်လ (၃၀)ရက်။ မနေ့က ညနေပိုင်းအချိန်
မြန်မာသတင်း

ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 15 Views
ဇူလိုင်လ (၃၀)ရက်။ ဇူလိုင်လ (၂၈)ရက်နေ့ ညနေ (၅)နာရီခန့်က ညောင်ဦးမြို့ တောင်ဘရွာအနီး ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းရှိ Denko ဆီဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ ဒေသထဲသတင်းတွေအရ သိရပါတယ်။ “ ညောင်ဦး-ကျောက်ပန်းတောင်းကားလမ်းဘေးက Denko ဆီဆိုင်ကို ဆိုင်ကယ် (၃)စီးနဲ့
မြန်မာသတင်း

ကွတ်ခိုင်မြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲ၊ ပြည်သူ (၆)ဦးသေဆုံးပြီး (၇)ဦး ဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 16 Views
ဇူလိုင်လ (၃၀)ရက်။ ဒီကနေ့ နံနက် (၁)နာရီဝန်းကျင်ခန့်က ကွတ်ခိုင်မြို့ပေါ်ရှိ ရာစုသစ်ဟိုတယ်ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၉)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက်အစောပိုင်း (၁၂)နာရီ
မြန်မာသတင်း

ရန်ကုန် ဒဂုံဆိပ်ကမ်းမြို့မှာ ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေ မိုင်းခွဲတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 17 Views
ဇူလိုင်လ (၃၀)ရက်။ မနေ့က ည (၇)နာရီအချိန်က ရန်ကုန်တိုင်း ဒဂုံဆိပ်ကမ်းမြို့ရှိ (၆၇)ရပ်ကွက်ရုံးနဲ့ စစ်တပ်လက်ပါးစေတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ Operation Flame(OF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒဂုံဆိပ်ကမ်းက (၆၇)ရပ်ကွက်ရုံးနဲ့ အကြမ်းဖက်စစ်တပ်လက်ပါးစေတွေကို ပြင်းအားမြင့်
မြန်မာသတင်း

ရွေးကောက်ပွဲကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း

  • 2025 ခုနှစ်၊ ဇူလိုင်လ 30 ရက်
  • 14 Views
ဇူလိုင်လ (၃၀)ရက်။ ရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကနေ ကာကွယ်တယ်ဆိုတဲ့ဥပဒေတရပ်ကို စစ်ကောင်စီက ဇူလိုင်လ (၂၉)ရက်နေ့ရက်စွဲနဲ့ ပြဋ္ဌာန်းခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဥပဒေထဲ အခန်း (၈)ခန်းပါဝင်ပြီး ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ဆောင်ရွက်တာ၊ မဲဆွယ်စည်းရုံးတဲ့ကာလ၊ မဲပေးဖို့တို့နဲ့ မဲရုံမှာ လုံခြုံရေးအပြည့်နဲ့
မြန်မာသတင်း

ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရရှိအောင် တည်ဆောက်နေတယ်လို့ GZA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 32 Views
ဇူလိုင်လ (၂၉)ရက်။ ဘယ်တော်လှန်ရေးအဖွဲ့တွေနဲ့မဆို ကောင်းမွန်တဲ့ ဆက်ဆံရေးရှိအောင် တည်ဆောက်နေပြီး ပူးတွဲစစ်ဆင်ရေးတွေ လုပ်ဆောင်သွားမယ်လို့ Generation Z Army(GZA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ GZA အနေနဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ မြို့သိမ်းတိုက်ပွဲ (၆)ခု၊
မြန်မာသတင်း

အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို စုဖွဲ့ဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဇူလိုင်လ 29 ရက်
  • 19 Views
ဇူလိုင်လ (၂၉)ရက်။ အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ ပိုမိုထိရောက်စေဖို့ ဝန်ကြီးဌာနတွေကို စုဖွဲ့ဆောင်ရွက်နေတယ်လို့ NUG ရဲ့ ဝန်ကြီးချုပ်ရုံးပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့ Press Briefing မှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အစိုးရအဖွဲ့ထဲ လုပ်ငန်းတွေ