နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်

မြန်မာသတင်း

မြန်မာသတင်း

စစ်တပ်အရန်အင်အားဖွဲ့စည်းဖို့ ဌာနဆိုင်ရာဝန်ထမ်းစာရင်းတွေတင်ပြရန် အကြောင်းကြားထား

၂၀၂၃ ခုနှစ် ၊ သြဂုတ်လ (၁၄)ရက်၊
ခေတ်မျက်လုံး။

စစ်တပ်ရဲ့ အရန်အင်အားဖွဲ့စည်းဖို့ဆိုပြီး ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ ဌာနဆိုင်ရာဝန်ထမ်းစာရင်းတွေ ပြုစုတင်ပြဖို့ စစ်ကောင်စီက အကြောင်းကြားထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ပြည်နယ်အစိုးရအဖွဲ့က ဩဂုတ်လ (၉)ရက်နေ့ရက်စွဲနဲ့ ဌာနဆိုင်ရာစာရင်း ပြုစုတင်ပြဖို့ကို နယ်/လုံဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းက လက်မှတ်ထိုးထားတဲ့စာတစ်စောင် လူမှုကွန်ရက်စာမျက်နှာမှာ ထွက်ပေါ်လာတာပါ။

စစ်တပ်ရဲ့ အရန်အင်အားတွေကို ပြည်သူ့စစ်တပ်ရင်းအသွင်ဖွဲ့စည်းတာ၊ အင်အားအခြေအနေပေါ်မူတည်ပြီး တာဝန်ခွဲဝေပေးတာနဲ့ အရေးကြုံလာရင် အရန်အင်အားတွေနဲ့ ဖွဲ့စည်းတာဝန်ပေးဖို့ တင်ပြရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

ဒါ့ကြောင့် ပြည်နယ်ရုံးတွေ၊ တောင်ကြီးခရိုင်၊ ကလောခရိုင်၊ ပအိုဝ်းနဲ့ ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွေက ခရိုင်ရုံးနဲ့ မြို့နယ်အလိုက် ဝန်ထမ်း(ကျား/မ)(ရဲတပ်ဖွဲ့မပါ)စာရင်းကို ဩဂုတ်လ (၁၇)ရက်နေ့အရောက် တင်ပြဖို့ ဖော်ပြထားပါတယ်။

တောင်ကြီးအခြေစိုက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က တပ်ရင်းတပ်ဖွဲ့တွေဟာ အခုအချိန်မှာ ကရင်နီဒေသကာကွယ်ရေးတပ်တွေနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတွေမှာ ပါဝင်နေရပြီး ထိခိုက်သေဆုံးတာတွေ များပြားနေတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ယာယီသမ္မတ ဦးမြင့်ဆွေ ကျန်းမာရေးအထူးစိုးရိမ်နေရပြီး စစ်ဆေးရုံရဲ့ အထူးကြပ်မတ်ဆောင်မှာ ဆေးကုနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 6 Views
ဩဂုတ်လ (၅)ရက်။ စစ်ကောင်စီရဲ့ ယာယီသမ္မတ ဦးမြင့်ဆွေရဲ့ ကျန်းမာရေးဟာ အခုအခြေအနေမှာ အထူးစိုးရိမ်ဖွယ်ရာ ဖြစ်နေတယ်လို့ ကာ/လုံရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကောင်စီတပ်ရဲ့ ဝင်းဝတပ်စခန်းက တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ ဘက်ပြောင်းခိုလှုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 28 Views
ဩဂုတ်လ (၅)ရက်။ မနေ့က စစ်ကောင်စီတပ်ရဲ့ ခလရ(၄၀၃) ဝင်းဝတပ်စခန်းက တပ်ဖွဲ့ဝင် တပ်သား (၂)ဦး လက်နက်ခဲယမ်းတွေနဲ့ KNLA ထံ
မြန်မာသတင်း

သာယာဝတီထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ အသက်အန္တရာယ် ခြိမ်းခြောက်ခံနေရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 18 Views
ဩဂုတ်လ (၅)ရက်။ သာယာဝတီထောင်ထဲ ထောင်အာဏာပိုင်တွေနဲ့ လက်ပါးစေတွေက နိုင်ငံရေးအကျဉ်းသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်တာတွေ ပြုလုပ်နေတယ်လို့ PPNM ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သာယာဝတီထောင်ရှိ သီးသန့်(က/ခ)တိုက်ထဲက နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေနဲ့ ပူးပေါင်းပြီး နှစ်ကြီးကျအကျဉ်းသား
မြန်မာသတင်း

လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 19 Views
ဩဂုတ်လ (၅)ရက်။ ဇူလိုင်လ (၂၄)ရက်နေ့ကစပြီး လယ်ဒိုမြို့မှာ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ ရေနစ်မြုပ်ခဲ့ရတယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လယ်ဒိုမြို့မှာ မိုးသည်းထန်စွာရွာသွန်းပြီး စစ်တောင်းမြစ်ရေ ရေကြီးရေလျှံတာကြောင့် ကျေးရွာပေါင်း (၈၀)ရွာ
မြန်မာသတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ မင်းအောင်လှိုင် အမိန့်ပေး

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 14 Views
ဩဂုတ်လ (၅)ရက်။ ရန်ကုန်-မန္တလေး အမြန်လမ်းက တရားမဝင်ဖွင့်ထားတဲ့ စားသောက်ဆိုင်နဲ့ အဆောက်အအုံတွေကို ဖယ်ရှားဖို့ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်က မနေ့က အမိန့်ပေးခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကော်မရှင်ဥက္ကဋ္ဌ မင်းအောင်လှိုင်ဟာ ရန်ကုန်ကနေ နေပြည်တော်ကို အမြန်လမ်းမကြီးအတိုင်း ကားနဲ့သွား
မြန်မာသတင်း

ဝေါလေမြိုင်ရှိ DKBA စစ်ရေးချုပ်နေအိမ် အသေခံဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဩဂုတ်လ 5 ရက်
  • 24 Views
ဩဂုတ်လ (၄)ရက်။ မနေ့က ညနေပိုင်းအချိန် မြဝတီမြို့တောင်ဘက်၊ ဝေါလေမြိုင်ဒေသရှိ DKBA စစ်ရေးချုပ် ဗိုလ်မှူးကြီး စောစိန်ဝင်းရဲ့နေအိမ်ကို စစ်ကောင်စီတပ်က အသေခံဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ စကစက ဝေါလေဗျူဟာကုန်းပေါ်ကနေ ဝေါလေမြိုင်မြို့ထဲကို အဝေးပစ်လက်နက်တွေနဲ့
မြန်မာသတင်း

မူးမြို့နဲ့ လယ်ဒိုမြို့တိုက်ပွဲထဲ စစ်သုံ့ပန်း (၂၆)ဦး ဖမ်းမိခဲ့တယ်လို့ KNU ထုတ်ပြန်

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 29 Views
ဩဂုတ်လ (၄)ရက်။ ဇွန်လ (၂၅)ရက်နေ့က မူးမြို့နယ်နဲ့ လယ်ဒိုမြို့တို့မှာ စစ်ကောင်စီတပ်တွေကို KNLA နဲ့ ပူးပေါင်းတပ်တွေက တပြိုင်ထဲ တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မူးမြို့နယ် တောင်စုရွာမှာ စစ်ကြောင်းထိုးပြီး
မြန်မာသတင်း

ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ဖို့ဆိုပြီး ကြံ့ဖွတ်ပါတီက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ တွေ့ဆုံ

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 28 Views
ဩဂုတ်လ (၄)ရက်။ ဩဂုတ်လ (၁)ရက်နေ့က ရန်ကုန်ရှိ ကြံဖွတ်ပါတီ(USDP)ရုံးခွဲမှာ ပါတီဥက္ကဋ္ဌ ဦးခင်ရီက အစွန်းရောက် အမျိုးသားရေးသမားတွေနဲ့ တွေ့ဆုံပွဲ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတွေ့ဆုံပွဲကို ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးခင်ရီ၊ ဒုက္ကဋ္ဌ ဦးမျိုးဇော်သိမ်းနဲ့