ရီးရဲလ်မက်ဒရစ်အသင်းဟာ ချဲလ်ဆီးဂိုးသမား ကီပါကို အငှားစာချုပ်နဲ့ ခေါ်ယူလိုက်ပြီဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ရာသီသစ်တစ်ခုလုံးနီးပါး အနားယူရမယ့် နံပတ် ၁ ဂိုးသမား ကော်တွိုက်စ်ရဲ့နေရာမှာ အစားထိုးဖို့ ကီပါကို ခေါ်ယူခဲ့တာပါ။
အသက် ၂၈ နှစ်အရွယ် ကီပါဟာ ၂၀၁၈ ခုနှစ်တုန်းက ဘီဘာအိုအသင်းကနေ ချဲလ်ဆီးအသင်းကို ကမ္ဘာ့စံချိန်တင် ဂိုးသမားပြောင်းရွှေ့ကြေး ပေါင် ၇၁ သန်း နဲ့ ပြောင်းရွှေ့ခဲ့ပြီးအခုချိန်ထိ ချဲလ်ဆီးအသင်းအတွက် ပွဲပေါင်း ၁၆၃ ပွဲ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။
ဒါပေမယ့် ချဲလ်ဆီးနည်းပြပိုချက်တီနိုဟာ အသစ်ခေါ်ယူထားတဲ့ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကိုသာ ဦးစားပေးပွဲထွက်ခွင့်ပေးဖို့ ဆန္ဒရှိနေတာကြောင့် ကီပါအနေနဲ့ ဒီရာသီမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ မသေချာဘဲ ဖြစ်လာခဲ့တာပါ။ ချဲလ်ဆီးအသင်းဟာ နွေရာသီစျေးကွက်အတွင်း ဆီနီဂေါဂိုးသမား မန်ဒီကို ဆော်ဒီကလပ် အဲလ်အာလီအသင်းကို ရောင်းထုတ်ခဲ့ပေမယ့် အဲဒီနေရာမှာ ကီပါကို ပွဲထွက်ခွင့်မပေးဘဲ ဘရိုက်တန်ဂိုးသမား ရောဘတ်ဆန်းချက်ဇ်ကို အစားထိုးခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဂိုးသမား ကီပါကို ရီးရဲလ်မက်ဒရစ်အသင်းထံ အငှားချလိုက်လို့ လက်ရှိချဲလ်ဆီးအသင်းမှာ ရောဘတ်ဆန်းချက်ဇ်အပြင် စီနီယာဂိုးသမား မားကပ်ဘက်တီနယ်လီသာ ကျန်ရှိပါတော့တယ်။
#Era’sEye \News