ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ကဒါးလားတိုက်ပွဲအတွင်း ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း ၄ ရဲဘော်တစ်ဦး ကျဆုံးခဲ့ရတယ်လို့ KNDF တပ်ရင်း (၄) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
ရဲဘော် ဝင်းမောင် (ခ) ဆီမိုးနယ်ဟာ ဩဂုတ်လ (၉) ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း ကျဆုံးသွားတာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အသက်ပေးတိုက်ပွဲ၀င်ခဲ့တဲ့ ရဲဘော်၀င်းမောင် (ခ) ဆီမိုးနယ်ကို အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင်အလေးပြုတယ်လို့ ဆိုပြီး ဈာပနအခမ်းအနားကို ကရင်နီပြည်နယ်တစ်နေရာမှာ မနေ့ကပြုလုပ်ပေးခဲ့ပါတယ်။
ကျဆုံးရဲဘော်ဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဇွန်လကတည်းက တပ်ရင်းမှာ စတင်တာဝန် ထမ်းဆောင်နေသူ ဖြစ်ပါတယ်။