နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မေလ 5 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ယင်းမာပင်မှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် (၉)နှစ်အရွယ်ကလေးတစ်ဦးသေဆုံးခဲ့

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြိုနယ် အရှေ့ခြမ်းမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် (၉)နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ်လ (၁၅)ရက်နေ့ နေ့လယ် (၂)နာရီခန့်က ယင်းမာပင်မြိုနယ်၊ အရှေ့ခြမ်းကို ရွှေတောင်ဦးကုန်းပေါ်မှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

“ ရွှေတောင်ဦးကုန်းကနေ လက်နက်ကြီးနဲ့ ပစ်တာပေါ့။ အဲ့ဒီမှာ အိမ်မှာအိပ်နေတဲ့ ကလေးကတော့ သေသွားတယ်။ အဖေဖြစ်တဲ့သူက နားရွက်ကိုမှန်သွားတယ်။ တခြား (၅)ဦးလောက်လည်း ဒဏ်ရာရတယ်လို့ပြောတယ်ဗျ။ ဒါပေမယ့် အတည်တော့မပြုနိုင်သေးဘူး” လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ပေကုန်းကျေးရွာအတွင်းသို့ ကျရောက်ခဲ့ကာ (၉)နှစ်အရွယ်ကလေးငယ်တစ်ဦး သေဆုံးခဲ့သလို ဖခင်ဖြစ်သူမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ စစ်ကောင်စီတပ်က ရွာဘက်ကို လက်နက်ကြီးမပစ်ခင် တစ်ရက်ပေါ့။ ဝမ်ပေါင်ကနေ ကြေးနီကားတွေမထွက်ခင် စစ်ကြောင်းဝင်ပြီး ဒေသခံတွေကို ဖမ်းသွားတာရှိတယ်။ ဒေသခံတွေကို မိုင်းကွင်းရှင်းဖို့အတွက်ဆိုပြီး ဖမ်းသွားတာ အခုထိပြန်မလွှတ်ပေးသေးဘူး” လို့ ၎င်းက ထပ်မံပြောပါတယ်။

ဒါ့ပြင် ဝမ်ပေါင်ကုမ္ပဏီကနေ ကြေးနီတင်တဲ့ကားတွေ မထွက်ခင်မှာလည်း ဆားလင်းကြီးမြိုနယ်၊ ကံကုန်းကျေးရွာနဲ့ ဒုန်းတောကျေးရွာကို စစ်ကြောင်းဝင်ပြီး ဒေသခံတွေကို မုံရွာ-ပုသိမ်လမ်းပိုင်းမှာ မိုင်းကွင်းရှင်းဖို့ဆိုပြီး ဩဂုတ်လ (၁၄)ရက်နေ့က ဖမ်းဆီးသွားခဲ့ကာ အခုချိန်ထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ စစ်ကိုင်းတိုင်းရှိ ကျေးရွာတွေကို ဝင်ရောက်ပြီး ပြည်သူပိုင် အိုးအိမ်ပစ္စည်းတွေကို လုယူကာ မီးရှို့ဖျက်ဆီးကြသလို တစ်နေ့ထက်တစ်နေ့ စစ်ရာဇဝတ်မှုတွေကို ပိုမိုကျူးလွန်နေတယ်လို့ ဒေသခံ‌တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အိန္ဒိယနဲ့ မင်းအောင်လှိုင်တပ်တို့ စစ်ရေးပူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 15 Views
မေလ (၅)ရက်။ မနေ့က နေပြည်တော်မှာ အိန္ဒိယရေတပ်ဦးစီးချုပ် ဦးဆောင်တဲ့အဖွဲ့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ခန့် တပ်ချုပ် ရဲဝင်းဦးတို့ တွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ မြို့နယ်ပကဖ ထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 16 Views
မေလ (၅)ရက်။ တိုက်ပွဲဖြစ်ပွားနေတဲ့ စလင်းမြို့မှာ လုံခြုံရေးလိုက်နာကြဖို့ သတင်းမီဒီယာတွေနဲ့ အဖွဲ့အသည်းတွေကို မြို့နယ်ပကဖက မနေ့ကရက်စွဲနဲ့ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ မေလ(၁)ရက်နေ့ကစပြီး
မြန်မာသတင်း

PDF တည်ထောင်တဲ့ (၅)နှစ်ပြည့် အခမ်းအနားကို CRPH ဂုဏ်ပြုသဝဏ်လွှာပေးပို့

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 18 Views
MOD အနေနဲ့ ပြည်သူကို အကာအကွယ်ပေးနိုင်မယ့် ဆောင်ရွက်ချက်တွေ ဆက်လက်ကြိုးစားဖို့ တိုက်တွန်း မေလ (၅)ရက်။ ဒီကနေ့ မေလ (၅)ရက်မှာ ကျရောက်တဲ့ PDF ဖွဲ့စည်းတည်ထောင်တဲ့ (၅)နှစ်ပြည့်အခမ်းအနားကို CRPH က ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့တယ်လို့
မြန်မာသတင်း

ပဲခူးတိုင်းစစ်ဌာနနယ်မြေကို NUG ဝန်ကြီးချုပ်နဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေး

  • 2026 ခုနှစ်၊ မေလ 5 ရက်
  • 19 Views
မေလ (၅)ရက်။ ပဲခူးတိုင်းစစ်ဌာနနယ်မြေထဲ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အဖွဲ့ ကွင်းဆင်းစစ်ဆေးတာတွေ ပြုလုပ်ခဲ့တယ် လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ်(၂)စစ်ဆင်ရေးနယ်မြေဖြစ်တဲ့ ပဲခူးတိုင်းစစ်ဌာနကို ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနဲ့အတူ ပြည်ထဲရေးနဲ့ လဝကဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဒုဝန်ကြီး
မြန်မာသတင်း

တောင်သာမှာ PDF တွေပါတဲ့ကား ခြုံခိုတိုက်ခိုက်ခံရပြီး (၁၁)ဦးကျဆုံးခဲ့

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 26 Views
မေလ (၄)ရက်။ ဒီကနေ့ နံနက်ပိုင်းအချိန်က တောင်သာမြို့မှာ PDF တွေလိုက်ပါတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းရင်းမြစ်တွေထံက သိရပါတယ်။ “ တောင်သာနယ်ထဲမှာ PDF တွေ ပါလာတဲ့ကားကို စစ်တပ်က ခြုံခိုတိုက်ခိုက်ခဲ့တာ။ ကျဆုံးတာကတော့ ရဲဘော်
မြန်မာသတင်း

ဂန့်ဂေါရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး CDF-KKG ဆီ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ ဂန့်ဂေါမြို့ရှိ ခလရ(၅၀)က စစ်ကော်မရှင်တပ်သားတဦး လင်နက်ခဲယမ်းတွေနဲ့ အလင်းဝင်လာခဲ့တယ်လို့ CDF-KKG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ သူဟာ ခလရ(၅၀)က ရဲဘော် ကောင်းခန့်(ခ)အာဇာနည်(တ-၅၄၆၇၅၉)ဖြစ်ပြီး ဧပြီလ (၁၉)ရက်နေ့က CDF-KKG ဆီ
မြန်မာသတင်း

အင်းတော်နယ်ထဲ Star Link အသုံးပြုတာတွေ ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖထုတ်ပြန်

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 22 Views
မေလ (၄)ရက်။ အင်းတော်မြို့နယ်ထဲ Star Link အသုံးပြုတာတွေကို ယာယီပိတ်သိမ်းထားဖို့ မြို့နယ်ပအဖက မနေ့ကရက်စွဲနဲ့ အကြောင်းကြားထားတယ်လို့ သိရပါတယ်။ မြို့နယ်ထဲ Star Link Wifi အသုံးပြုတာတွေကို NUG ရဲ့ ရုံးလုပ်ငန်းတွေ လည်ပတ်အသုံးပြုနေတဲ့
မြန်မာသတင်း

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်း

  • 2026 ခုနှစ်၊ မေလ 4 ရက်
  • 21 Views
မေလ (၄)ရက်။ မေလ (၁)ရက်နေ့က NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရတို့ အုပ်ချုပ်ရေးလုပ်ငန်းတွေ လွှဲပြောင်းတဲ့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအခမ်းအနားကို Zoom Platform ကနေ ကျင်းပခဲ့ပြီး NUG ယာယီသမ္မတ၊