နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 14 ရက်

Myanmar Politics

Myanmar Politics မြန်မာ့စီးပွားရေး

အမှတ်(၁)စစ်ဒေသထဲ တိုက်ပွဲ (၄၃၉)ကြိမ်ဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က (၄၀၀)ဦးသေဆုံး

ဇူလိုင်လအတွင်း အမှတ်(၁)စစ်ဒေသထဲ တိုက်ပွဲပေါင်း (၄၃၉)ကြိမ်ဖြစ်ပွားခဲ့တယ်လို့ NUG ကာကွယ်ရေး၀န်ကြီးဌာနရဲ့ ဒီကနေ့ ဩဂုတ်လ (၁၈)ရက်မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။

အမှတ်(၁)စစ်ဒေသဖြစ်တဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာ ဇူလိုင်လအတွင်းက တိုက်ပွဲပေါင်း (၄၃၉)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၄၀၀)ဦးသေဆုံးကာ (၅၇၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင်လအတွင်းတိုက်ပွဲတွေမှာ တော်လှန်ရေးရဲဘော် (၂၆)ဦးကျဆုံးခဲ့ပြီး (၅၉)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း ဖော်ပြထားပါတယ်။

အဲ့ဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်တွေထံက လက်နက်မျိုးစုံ (၂၆)လက်အပါအ၀င် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့တယ်လို့ ရေးသားထားပါတယ်။

တိုက်ပွဲမှာ အမှတ်(၁)စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနဲ့ EROs ပူးပေါင်းအဖွဲ့တွေက ဆင်နွှဲခဲ့တာဖြစ်တယ်လို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

Burma Myanmar Politics

(၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေ ပြန်လည်ရွေးနုတ်လိုပါက ခွင့်ပြုမယ်လို့ NUG ပြော

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 940 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ (၂) နှစ်သက်တမ်းစေ့တော့မယ့် ငွေတိုက်စာချုပ်တွေကို ပြန်လည်ရွေးနုတ်လိုပါက စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်လည်ရွေးနုတ်ခွင့်ပြုသွားမယ်လို့
Myanmar Politics

နှစ်နိုင်ငံဒီမိုကရေစီအရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်ဖို့ NUG နဲ့ လစ်သူရေးနီးယားလွှတ်တော်အမတ်တွေ ဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 929 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ နှစ်နိုင်ငံ ဒီမိုကရေစီအရေး ပိုမိုတိုးမြှင့် ပူးပေါင်းဆောင်ရွက်ဖို့ NUG ဝန်ကြီး
1027 Operations Myanmar Politics

စစ်ကောင်စီ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ) အစည်းအဝေး ထပ်မံကျင်းပ

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 1.06K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ ခေတ်မျက်လုံး။ ကာလုံလို့ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေး (၃/၂၀၂၃) ကို စစ်ကောင်စီက မနေ့ (နိုဝင်ဘာ ၈ ရက်) က နေပြည်တော်မှာ ထပ်မံပြုလုပ်လိုက်ပါတယ်။ အာဏာသိမ်းကာလအတွင်း
Myanmar Politics မြန်မာသတင်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲသွားမယ်လို့ NLD ထုတ်ပြန်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 973 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၈) ရက်၊ ခေတ်မျက်လုံး။ ပြည်သူနဲ့အတူ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ တိုင်းရင်းသားအင်အားစုတွေ၊ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ NLD က ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီကနေ့ နိုဝင်ဘာလ (၈)ရက်နေ့ဟာ
Burma China တရုတ် မြန်မာ့စီးပွားရေး

တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong မြန်မာနိုင်ငံသို့ လာရောက်

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 3.32K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ နေပြည်တော်။ တရုတ်နိုင်ငံ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Nong Rong သည် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၃) ရက်မှ (၅) ရက်နေ့အထိ မြန်မာနိုင်ငံသို့ခရီးစဉ်လာရောက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ
Myanmar Politics

(၂၆) ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG တို့တွေ့ဆုံကာ မြန်မာအရေးဆွေးနွေးခဲ့

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 966 Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ နိုဝင်ဘာလ (၂)ရက်နေ့က (၂၆)ဆက်မြောက် ကနေဒါဘုရင်ခံချုပ်နဲ့ NUG ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG လူ့အခွင့်အရေးဒုဝန်ကြီး ဦးအောင်ကျော်မိုးနဲ့ သမ္မတရုံး
1027 Operations Myanmar Politics ပြည်တွင်း အနုပညာ

ရှမ်းပြည်မြောက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အနုပညာရှင်တွေ သွားရောက်ဖျော်ဖြေဖို့ ဆွေးနွေးညှိနှိုင်း

  • 2023 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 1.02K Views
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၆) ရက်၊ ခေတ်မျက်လုံး။ တိုက်ပွဲဖြစ်ပွားနေတဲ့ ရှမ်းပြည်နယ် (မြောက်ပိုင်း) က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေကို အနုပညာရှင်တွေက သွားရောက်ဖျော်ဖြေဖို့ ညှိနှိုင်းဆွေးနွေးတာတွေရှိခဲ့တယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားချက်အရ သိရပါတယ်။ နိုဝင်ဘာလ (၅)
1027 Operations Myanmar Politics

ညီနောင်မဟာမိတ် (၃) ဖွဲ့ ကျေးဇူးတင်ကြောင်း ထုတ်ပြန်

  • 2023 ခုနှစ်၊ အောက်တိုဘာလ 30 ရက်
  • 1.02K Views
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၀) ရက်၊ ခေတ်မျက်လုံး။ ၁၀၂၇ စစ်ဆင်ရေးအမည်နဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်နေ့က စတင်ခဲ့တဲ့ ညီနောင်မဟာမိတ် (၃) ဖွဲ့ရဲ့ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံကြတဲ့ မြန်မာပြည်သူလူထု