နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 2 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်ခတ်တောင်စခန်း ပြန်ရရေး ကြိုးပမ်းနေတဲ့ စစ်ကောင်စီ မြေပြင်မှာအထိနာလို့ လေကြောင်းပစ်ကူသုံးနေရ

လက်ခတ်တောင်စခန်း ပြန်လည်ရရှိရေးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နေ့စဉ် ထိခိုက်သေဆုံးတာတွေရှိနေလို့ လေကြောင်းပစ်ကူ အသုံးပြုနေရတယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

လက်ခတ်တောင်စခန်းကို ပြန်ရရှိရေးအတွက် စစ်ကောင်စီတပ်က တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၁၈)၊ လ(၈)၊ မ(၂)၊ မ(၉) စတဲ့ တပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ဩဂုတ်လ (၁၈)ရက်နေ့မှာ KNLA ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ KNLA ပူးပေါင်းတပ်က လက်ဖြောင့်စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က (၁)ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနေ့ နေ့လယ် (၂)နာရီ၀န်းကျင်ကစပြီး စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်က Yak-130(Jet Fighter) လေယာဉ် (၂)စီးနဲ့ (၃)ကြိမ်တိုင်တိုင် လာရောက် ဗုံးကျဲပစ်ခတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သာသနာပိုင်အဆောက်အဦ အများအပြား ထိမှန်ပျက်စီးခဲ့ကာ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်တာမရှိခဲ့ဘူးလို့ ကော်ဘရာစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးသက်သာအောင် ဝိုင်းဝန်းကြိုးစားဖို့ NUG တိုက်တွန်း

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 17 Views
ဧပြီလ (၂)ရက်။ သေလုမျောပါးဖြစ်နေတဲ့ တိုင်းပြည်ကို အမြန်ဆုံးသက်သာအောင် ဝိုင်းဝန်းကြိုးပမ်းကြဖို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက မနေ့ကပြုလုပ်တဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ တိုက်တွန်းခဲ့တယ်လို့
1027 Operations မြန်မာသတင်း

နောင်ချိုမှာ တရုတ်ကြက်ခြေနီအသင်းကားတန်းကို စစ်ကောင်စီပစ်ခတ်ခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 2 ရက်
  • 8 Views
ဧပြီလ (၂)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်က နောင်ချိုမြို့ရှိ အုမ္မတီးကျေးရွာမှာ တရုတ်ကြက်ခြေနီအသင်းရဲ့ ထောက်ပံ့ရေးကားတန်းကို စစ်ကောင်စီက ပစ်ခတ်ခဲ့တယ်လို့ TNLA
မြန်မာသတင်း

ငလျင်ကယ်ဆယ်ရေးကြားက စစ်ကောင်စီ မင်းတပ်ကို လေကြောင်းတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 14 Views
ဧပြီလ (၁) ရက်။ ဒီကနေ့ ဧပြီလ (၁) ရက်နေ့ ညနေ ၆ နာရီ ၂၅ မိနစ်ဝန်းကျင်မှာ မင်းတပ်ကို စစ်ကောင်စီက ပေါင် ၅၀၀ နှစ်လုံးကြဲချပြီး လေကြောင်းကနေ တိုက်ခိုက်ခဲ့ပါတယ်။ မင်းတပ်မြို့
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံ ဘန်ကောက်စည် ပြိုကျနေသည့် စာရင်းစစ်ရုံး အဆောက်အအုံ၏ အပျက်အစီးများထဲတွင် ပိတ်မိနေသည့်အလောင်းများကို အမေရိကန် စစ်ဘက်ရှာဖွေရေး ကိရိယာများမှ X-ray ဓါတ်ပုံတွင် တွေ့ရှိခဲ့သည်။

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 14 Views
ဧပြီလ (၁) ရက်။ အဆောက်အအုံ၏ ရှုပ်ထွေးသောဖွဲ့စည်းပုံသည် နေရာအတိအကျကို ရှာဖွေရခက်ခဲစေသောကြောင့် Scan ပုံရိပ်ရှာကိရိယာတွင်တွေ့ရှိသည့် အလုံး ၇၀ လုံးသည် ပျောက်ဆုံးနေသူများဖြစ်ခြင်းကို ကိုယ်စားပြုခြင်း ရှိ၊ မရှိ မရှင်းလင်းသေးကြောင်း ဘန်ကောက်ဒုတိယအုပ်ချုပ်ရေးမှူး သာဗီဒါ ကာမိုလ်ဗီချ်
မြန်မာသတင်း

ငလျင်ဒဏ်သင့်နေချိန် သင်္ကြန်ပွဲ မကျင်းပဖို့ TNLA ညွှန်ကြားထား

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 6 Views
ဧပြီလ (၁)ရက်။ မြန်မာနိုင်ငံမှာ ငလျင်ဒဏ်သင့်နေတဲ့အချိန် တအာင်းပြည် ခရိုင် (၅)ခုထဲက မြို့နယ်တွေမှာ သင်္ကြန်ပွဲ မကျင်းပကြဖို့ TNLA က ညွှန်ကြားထားတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်ဒဏ်သင့်နေချိန် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ သင်္ကြန်ပွဲမကျင်းပဖို့ PSLF/TNLA
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

ကျန်တဲ့အဆောက်အအုံတွေ ဘာမှမဖြစ်ဘဲ တရုတ်ဆောက်တဲ့ အဆောက်အအုံတစ်ခုပဲ ပြိုကျခဲ့တာလို့ ထိုင်းဝန်ကြီးချုပ်ပြော

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 7 Views
ဧပြီလ (၁) ရက်။ မတ်လ ၂၈ ရက်နေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ၃၃ ထပ် ရှိတဲ့ ဆောက်လက်စ အဆောက်အအုံ ပြိုကျခဲ့ပြီး အလုပ်သမားတွေ ပိတ်မိနေတဲ့အဆောက်အအုံကို တရုတ်နိုင်ငံပိုင်
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 1 ရက်
  • 12 Views
ကွတ်ခိုင်မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တို့ ခိုက်ရန်ဖြစ်ပွားခဲ့ ဧပြီလ (၁)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကွတ်ခိုင်မြို့ မှာ ကိုးကန့်တပ်(MNDAA)နဲ့ TNLA တပ်ဖွဲ့ဝင်တွေအကြား ခိုက်ရန်ဖြစ်ပွားခဲ့တယ်လို့ ဒေသတွင်းသတင်းတွေရဲ့ ထုတ်ပြန်ထားချက်တွေအရ သိရပါတယ်။