နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်

မြန်မာသတင်း

မြန်မာသတင်း

လက်ခတ်တောင်စခန်း ပြန်ရရေး ကြိုးပမ်းနေတဲ့ စစ်ကောင်စီ မြေပြင်မှာအထိနာလို့ လေကြောင်းပစ်ကူသုံးနေရ

လက်ခတ်တောင်စခန်း ပြန်လည်ရရှိရေးမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က နေ့စဉ် ထိခိုက်သေဆုံးတာတွေရှိနေလို့ လေကြောင်းပစ်ကူ အသုံးပြုနေရတယ်လို့ KNU ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

လက်ခတ်တောင်စခန်းကို ပြန်ရရှိရေးအတွက် စစ်ကောင်စီတပ်က တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၁၈)၊ လ(၈)၊ မ(၂)၊ မ(၉) စတဲ့ တပ်တွေ စစ်ကြောင်းထိုးလာတာကြောင့် ဩဂုတ်လ (၁၈)ရက်နေ့မှာ KNLA ပူးပေါင်းတပ်တွေနဲ့ နှစ်ဖက်ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုမှာ KNLA ပူးပေါင်းတပ်က လက်ဖြောင့်စနိုက်ပါနဲ့ ပစ်ခတ်ခဲ့တာကြောင့် စစ်ကောင်စီတပ်က (၁)ဦးသေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲ့ဒီနေ့ နေ့လယ် (၂)နာရီ၀န်းကျင်ကစပြီး စစ်ကောင်စီရဲ့ နေပြည်တော်လေတပ်က Yak-130(Jet Fighter) လေယာဉ် (၂)စီးနဲ့ (၃)ကြိမ်တိုင်တိုင် လာရောက် ဗုံးကျဲပစ်ခတ်ခဲ့တယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီက လေကြောင်းနဲ့ တိုက်ခိုက်ခဲ့တာကြောင့် သာသနာပိုင်အဆောက်အဦ အများအပြား ထိမှန်ပျက်စီးခဲ့ကာ ပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်တာမရှိခဲ့ဘူးလို့ ကော်ဘရာစစ်ကြောင်းရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

#Era’sEye \News

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ကန့်ဘလူ ပလဖအချုပ်စခန်းမှာ အချုပ်သူအချို့ မုဒိန်းကျင့်ခံရတဲ့ဖြစ်စဉ်က ကျူးလွန်သူတွေကို တာဝန်ရပ်ဆိုင်းထားတယ်လို့ဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 6 Views
ကန့်ဘလူ ပလဖအချုပ်စခန်းမှာ အချုပ်သူအချို့ မုဒိန်းကျင့်ခံရတဲ့ဖြစ်စဉ်က ကျူးလွန်သူတွေကို တာဝန်ရပ်ဆိုင်းထားတယ်လို့ဆို ဖေဖော်ဝါရီလ (၁၈)ရက်။ ကန့်ဘလူရှိ ပလဖအချုပ်စခန်းတစ်ခုမှာ အချုပ်သူအချို့ကို မုဒိန်းကျင့်တဲ့ဖြစ်စဉ်က
မြန်မာသတင်း

စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာတွေကို အရေးယူဖို့ NUG တောင်းဆို

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 5 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ စစ်ကောင်စီရဲ့ အရပ်သားတွေအပေါ် လေကြောင်းတိုက်ခိုက်တာအပါအဝင် စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေကို အရေးယူပေးဖို့ NUG က မနေ့က ထုတ်ပြန်တောင်းဆိုခဲ့တယ်လို့
မြန်မာသတင်း

ထိုင်းက ဖမ်းဝရမ်းထုတ်တဲ့အပေါ် ဘာပြစ်မှုကျူးလွန်ထားလို့လဲဆိုပြီး စောချစ်သူ ပြန်မေးခွန်းထုတ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ထိုင်းနိုင်ငံက ဖမ်းဝရမ်ူထုတ်တဲ့ကိစ္စအပေါ် ဘာပြစ်မှုကျူးလွန်ထားတာ ရှိလို့လဲဆိုပြီး BGF ခေါင်းဆောင် စောချစ်သူက မနေ့က မြဝတီမှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ ထိုင်းနိုင်ငံကို ကျနော် ဘာများ ပြစ်မှုကျူးလွန်တာရှိသလဲ၊ ထိုင်းနိုင်ငံကို
မြန်မာသတင်း

စစ်ကောင်စီက စစ်မှုထမ်းသင်တန်းအပတ်စဉ်(၁၀) ဖွင့်လှစ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 4 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့ကစပြီး စစ်ကောင်စီက တိုင်းစစ်ဌာနချုပ်တွေက သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၀)ကို ဖွင့်လှစ်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်မှုထမ်းသင်တန်း အပတ်စဉ်(၁၀)ကို စစ်ကောင်စီက နေပြည်တော်အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေက သင်တန်းကျောင်းတွေမှာ ဖွင့်ပွဲပြုလုပ်ပြီး
မြန်မာသတင်း

ရွှေဘိုမှာ ခရစ်ယာန်ဘုန်းတော်ကြီး သတ်ဖြတ်ခံရမှု အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ရွှေဘို ကံကြီးတောရွာက ဘုန်းတော်ကြီး ဖာသာ ရ်မာတင်ဒေါ်နယ် သတ်ဖြတ်ခံရတဲ့အပေါ် ကျူးလွန်သူတွေကို အရေးယူနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ NUG ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဖေဖော်ဝါရီလ (၁၄)ရက်နေ့ ညနေ(၆)နာရီအချိန်က ကံကြီးတောရွာ
မြန်မာသတင်း

ကျားဖြန့်လုပ်တဲ့ ပြည်ပနိုင်ငံသားတွေ ပြန်ပို့ဖို့ (၃)နိုင်ငံ ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 3 Views
ဖေဖော်ဝါရီလ (၁၈)ရက်။ မနေ့က မြဝတီမြို့မှာ ကျားဖြန့်လုပ်ကိုင်တဲ့ ပြည်ပနိုင်ငံသားတွေကို သက်ဆိုင်ရာနိုင်ငံတွေကို ပြန်ပို့နိုင်ဖို့ မြန်မာ-တရုတ်-ထိုင်းတို့ ဆွေးနွေးပွဲပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ပြည်ထဲရေးဒုဝန်ကြီးနဲ့အဖွဲ့တက်ရောက်ခဲ့ပြီး တရုတ်နိုင်ငံက ပြည်သူ့လုံခြုံရေးဆိုင်ရာ လက်ထောက်ဝန်ကြီးအဖွဲ့နဲ့
မြန်မာသတင်း

တနင်္သာရီမြို့နယ်ထဲ စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ (၄)ကြိမ်တိုက်ခိုက်ခဲ့

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 8 Views
တနင်္သာရီမြို့နယ်ထဲ စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ (၄)ကြိမ်တိုက်ခိုက်ခဲ့ ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ တနင်္သာရီမြို့နယ်ထဲရှိ ကျေးရွာအချို့ကို စစ်ကောင်စီက တရက်ထဲ လေကြောင်းကနေ (၄)ကြိမ်အထိ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပကဖရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သိန်ခွန်းရွာနဲ့
မြန်မာသတင်း

စစ်တပ်ထဲမဝင်ရင် ထောင်ချမယ်ဆိုပြီး ခြိမ်းခြောက်ခံရတဲ့ စစ်မှုထမ်းတပ်သားတစ်ဦး အလင်းဝင်လာ

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 17 ရက်
  • 1 Views
ဖေဖော်ဝါရီလ (၁၇)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီအချိန်က ပဲခူးရိုးမထဲရှိ စစ်ကောင်စီရဲ့ ထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်က တပ်သားတစ်ဦး အလင်းဝင်လာတယ်လို့ သာယာဝတီခရိုင်တပ်ရင်း (၃၈၀၂) တပ်ခွဲ(၅)ထံက သိရပါတယ်။ “ အခုအလင်းဝင်လာတဲ့သူက ရခိုင် ပုဏ္ဏားကျွန်းကနေ ရန်ကုန်ကို