နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

အတွေးအမြင်ကဏ္ဍ

အတွေးအမြင်ကဏ္ဍ အာရှ

မြန်မာပြည်နဲ့ နင်လားငါလား ဖြစ်လာတော့မှာလား ဟောင်ကောင်!

ဟောင်ကောင်မှာနေထိုင်သည့် ဆွေမျိုးများကို စစ်ဆေးမေးမြန်းခြင်းဖြင့် ပြည်ပရောက် တက်ကြွလှုပ်ရှားသူများကို ဖိနှိပ်ချိန်းခြောက်ခဲ့သည်။ တက်ကြွလှုပ်ရှားသူများက ဤမဟာဗျူဟာသည် ကွန်မြူနစ်ပါတီ၏ လုပ်ဆောင်မှုစာအုပ်ထဲမှ လုပ်ရပ်ဖြစ်သည်ဟု ဆိုကြသည်။

၂၀၂၃ ခုနှစ်၊ သြဂုတ်လ (၃၀) ရက်၊ ဟောင်ကောင်။

ဟောင်ကောင် အာဏာပိုင်များသည် အဝေးရောက် ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူများ၏ မိသားစုဝင်များကို ဖမ်းဆီး၍ တရုတ် ကွန်မြူနစ်ပါတီ၏ လုပ်ဆောင်နေကြ အကျင့်စရိုက်အဖြစ် သတ်မှတ်ထားသည့် နည်းဗျူဟာကို ကျင့်သုံးလျက်ရှိသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း အမျိုးသားလုံခြုံရေး အရာရှိများက ဟောင်ကောင်အခြေစိုက် တက်ကြွလှုပ်ရှားသူ အများအပြား၏ ဆွေမျိုးများကို ဖမ်းဆီးခေါ်ဆောင်ကာ နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းခဲ့သည်။ တက်ကြွလှုပ်ရှားသူများသည် တစ်ဦးလျှင် ဟောင်ကောင် ဒေါ်လာ ၁ သန်း (ဒေါ်လာ ၁၂၇,၅၅၀) အထိ ဆုကြေးငွေပေးမည်ဟု စာရင်းထုတ်ပြန်ထားခြင်းတွင် ရှစ်ဦး ပါဝင်ပါသည်။

တက်ကြွလှုပ်ရှားသူများသည် စည်းရုံးလှုံ့ဆော်ခြင်းဖြင့် နိုင်ငံတော်လုံခြုံရေးကို ချိုးဖောက်ခဲ့ကြောင်း ဟောင်ကောင် ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပြီးခဲ့သည့်အပတ်က အမေရိကန်အခြေစိုက် ဟောင်ကောင်ဒီမိုကရေစီကောင်စီ၏ အမှုဆောင်ဒါရိုက်တာ အင်နာဝကွခ် (Anna Kwok) ၏ အစ်ကိုဖြစ်သူကို အာဏာပိုင်များက သူမနှင့် အဆက်အသွယ်ရှိမရှိ သို့မဟုတ် ငွေကြေးကိစ္စများနှင့်ပတ်သက်၍ စစ်ဆေးမေးမြန်းခဲ့သည်။ ကွခ် သည် အမေရိကန်၊ သြစတြေးလျနှင့် ဗြိတိန်တို့တွင် နေထိုင်နေသော ဒီမိုကရေစီ လိုလားသူ ရှစ်ဦးထဲမှ တစ်ဦးဖြစ်သည်။

အခြားသူများမှာ တက်ဟူ (Ted Hui)၊ ဒင်းနစ်စ် ကွခ် (Dennis Kwok)၊ ဖင်း လျု (Finn Lau)၊ နာသန် လော (Nathan Law)၊ အယ်မာ ယူနီ (Elmer Yuen)၊ ခရစ်တိုဖာ မန်း (Christopher Mung) နှင့် ကီဗင်ယမ် (Kevin Yam) တို့ ဖြစ်သည်။ ယခင်ကလည်း နသန်လော၏မိဘများနှင့် အစ်ကိုတို့ကို နိုင်ငံတော်လုံခြုံရေးဌာနက စစ်ဆေးမေးမြန်းခဲ့သည်။

လွန်ခဲ့သည့် ၂ နှစ်က ဗြိတိန်တွင် နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့သော လောသည် ၂၀၂၀ ခုနှစ် သြဂုတ်လ၌ ဟောင်ကောင်ရှိ ၎င်း၏မိသားစုနှင့် လူသိရှင်ကြား အဆက်အသွယ်ဖြတ်တောက်ခြင်းခံခဲ့ရသည်။အခြားသူအချို့၏ ဆွေမျိုးများကိုလည်း စစ်ဆေးမေးမြန်းခဲ့သည်။

သီးခြားဖြစ်ရပ်တစ်ခုတွင်၊ ဟောင်ကောင်အမျိုးသားလုံခြုံရေးရဲတပ်ဖွဲ့သည် ကန်တုံလူမျိုးတို့အား အသိပညာပေးရေးအဖွဲ့ Societas Linguistica Hongkongensis ကို တည်ထောင်သူ အင်ဒရူးချန်း၏ မိသားစုဝင်များထံ ပြီးခဲ့သည့်အပတ်က သွားရောက်ခဲ့သည်။ ချန်း၏ အွန်လိုင်းဆောင်းပါးကို မဖယ်ရှားပါက ဖမ်းဝရမ်း ထုတ်မည်ဟု အရာရှိများက ခြိမ်းခြောက်ခဲ့သည်ဟု ဆိုသည်။

“ မလိုက်နာရင် ငါတို့လိုချင်တဲ့ ကိုးယောက်မြောက်လူ ဖြစ်နိုင်တယ်လို့ မိဘတွေကို ပြောခဲ့တယ်” ဟုလည်း ခြိမ်းခြောက်ခဲ့သည်ဟု လူစုလူဝေးများနှင့် အတိုက်အခံများကို ဖိအားပေးရန်အတွက် ဘေဂျင်းက အသုံးပြုသည့် ဤမဟာဗျူဟာသည် ပြည်မကြီးတွင် ပုံမှန်လုပ်နေကြချိမ်းခြောက်မှု ဖြစ်သည်ဟု တရုတ်တက်ကြွလှုပ်ရှားသူများက ပြောသည်။” နိုင်ငံရပ်ခြားရောက်နေသူတွေရဲ့ တရုတ်မိသားစုတွေကို ဓားစာခံ အဖြစ်ချုပ်နှောင်ထားလေ့ရှိတဲ့ အလေ့အထပါ။

ဒါကြောင့် လွတ်လပ်တဲ့ နိုင်ငံတွေမှာ နေထိုင်သူတွေတောင် တရုတ်ကွန်မြူနစ်ပါတီကို ဆန့်ကျင်ပြောဆိုဖို့ ကြောက်ကြတယ်” ဟု ၁၉၈၉ ခုနှစ်၊ တိန်အင်မင်ရင်ပြင် (Tiananmen) ဆန္ဒပြပွဲ ကျောင်းသားခေါင်းဆောင်ဟောင်း ဇူဖန်ဆူအို (Zhou Fengsuo) က Nikkei Asia သို့ ပြောကြားခဲ့သည်။ “ မင်းအစိုးရကို ဆန့်ကျင်တာ တစ်ခုခုလုပ်ရင် ကိုယ်ချစ်ရတဲ့သူတွေအပေါ် သက်ရောက်မှုအမြဲရှိတယ်ဟု” တရုတ်နိုင်ငံရှိ လူ့အခွင့်အရေး အဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဇူက ဟောင်ကောင်မှ ရွှေ့ပြောင်းနေထိုင်သူများအနေနှင့် ထည့်သွင်းစဉ်းစားရမည့် ဖြစ်ရပ်မှန် အခြေအနေသစ် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘေဂျင်းမှ ပြဋ္ဌာန်းထားသော အမျိုးသားလုံခြုံရေးဥပဒေဖြင့် ဒီမိုကရေစီလှုပ်ရှားမှုကို ချေမှုန်းရန်နှင့် ဟောင်ကောင်တွင် သဘောထား ကွဲလွဲမှုများကို နှုတ်ပိတ်ရန် လုပ်ဆောင် နေသော်လည်း၊ အာဏာပိုင်များက “ ပျော့ပျောင်းသောခုခံမှု” လုပ်ရပ်များကို ဆက်လက်ကိုင်တွယ်ရန် လိုအပ်သည်ဟု အာဏာပိုင်များက ယုံကြည်နေသည်။

ဟောင်ကောင်၏ အမှုဆောင်အရာရှိချုပ် ဂျွန်လီက တက်ကြွလှုပ်ရှားသူ ရှစ်ဦးအား လမ်းပေါ်ရှိ ကြွက်များကဲ့သို့ ဆက်ဆံသင့်ပြီး ထိုသူတို့ကို တစ်သက်လုံး ရှာဖွေဖမ်းစီးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် သောကြာနေ့တွင် အမေရိကန်သည် ဟောင်ကောင်အစိုးရ၏ မိသားစုဝင်များအား ဆက်လက် နှောင့်ယှက်ခြင်းအား ပြစ်တင်ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို ကျင့်သုံးတဲ့လူတွေကို ခြိမ်းခြောက်ပြီး နှုတ်ပိတ်ဖို့ တမင်ရည်ရွယ်တဲ့ လှုပ်ရှားမှုဟာ ဟောင်ကောင်ရဲ့ လွတ်လပ်မှုကို တိုက်စားတဲ့ နောက်ထပ်ခြေလှမ်းတစ်ခုပါပဲ ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သယူးမီလ်လာ (Matthew Miller) က ပြောကြားခဲ့သည်။ ဒါဟာ နိုင်ငံဖြတ်ကျော်လုပ်ဆောင်တဲ့ ဖိနှိပ်မှုပုံစံတစ်ခုဖြစ်ပြီး နိုင်ငံခြားမှာ လူတစ်ဦးချင်းစီကို ခြိမ်းခြောက်ပြီး နှုတ်ပိတ်ဖို့နဲ့ သူတို့ကို ဖမ်းဆီးပြီး ပြန်ပို့ဖို့ အတင်းအကြပ် လုပ်ဆောင်ဖို့လည်း ဖြစ်ပါတယ်။ ဟောင်ကောင်၏ အမျိုးသား လုံခြုံရေးဥပဒေတွင် ဟောင်ကောင်နယ်မြေပိုင်နက်၏ ပြင်ပဆိုင်ရာ အသုံးချမှုတစ်ခုရှိသည်။

သို့သော် မိသားစုဝင်များကို နှောင့်ယှက် ဒုက္ခပေးရန် နောက်ဆုံးလုပ်ဆောင်မှုသည် အဝေးမှပင် တက်ကြွလှုပ်ရှားသူများ၏ ရင်ဆိုင်ရမည့် စွန့်စားရသည့်အန္တရာယ်များကို မီးမောင်းထိုးပြနေသည်။

တိုကျိုတက္ကသိုလ်မှ ရောက်ရှိနေသော လေ့လာသူနှင့် လူ့အခွင့်အရေးကျွမ်းကျင်သူ ပက်ထရစ်ပွန်း (Patrick Poon) က ဟောင်ကောင်သည် ယခင်ဗြိတိသျှ ကိုလိုနီလက်အောက်မှ တရုတ်လက်အောက်သို့ ၁၉၉၇ခုနှစ်တွင် ပြန်လည်ရောက်ရှိပြီးနောက် လွတ်လပ်ရေးနှင့် ကိုယ်ပိုင် အုပ်ချုပ်ခွင့်ဆိုင်ရာ ကတိကဝတ်များကြားမှ ဟောင်ကောင်သည် တရုတ်ပြည်မကြီးမှ သြဇာသက်ရောက်မှု ပိုမိုရှိလာပြီး တရုတ်အစိုးရ၏ အမိန့်များကို လိုက်နာအကောင်အထည် ဖော်လာခဲ့သည်။

“ သတင်းစကားက ရှင်းပါတယ်။ ဟောင်ကောင် အာဏာပိုင်တွေဟာ ပြည်ပရောက် တက်ကြွလှုပ်ရှားသူတွေကို အထူးသဖြင့် သူတို့ရဲ့ ဆွေမျိုးတွေကို ဓားစာခံအဖြစ် ထိန်းသိမ်းထားဖို့ ဘာမဆိုလုပ်နိုင်ကြောင်း ပြသလိုပါတယ်။ အတိုချုပ်ပြောရရင် ဒါဟာ မာဖီးယားဂိုဏ်းတွေလိုပါပဲ။

“ အယ်ဒီတာမှတ်ချက်။ ။ တရုတ်ကွန်မြူနစ်များက ဗြိသျှသိမ်းပိုက်ထားသည့်ဟောင်ကောင်ကျွန်းကို ပြန်တောင်းခဲ့ပြီး ကွန်မြူနစ်စနစ်နှင့် မအုပ်ချုပ်ဘဲ လက်ရှိဟောင်ကောင်တွင် ကျင့်သုံးနေသည့် ပါတီစုံစနစ်အတိုင်း ထားပေးသွားမည် ဟောင်ကောင်ပြည်သူပြည်သားများသည် မိမိကြိုက်နှစ်သက်သည့်ပါတီကို ရွေးချယ်ခွင့်နှင့်လွတ်လပ်ခွင့်ရှိစေရမည်ကိုအာမခံပြီး နိုင်ငံတခု စနစ်နှစ်ခုနှင့်သွားမည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ သို့ရာတွင် ဟောင်ကောင်အုပ်ချုပ်ရေးမှူးများကို တရုတ်အစိုးရက နောက်ပိုင်းတွင် ခန့်အပ်လာခဲ့ပြီး ပြည်သူများ မဲပေး ရွေးချယ်ခွင့်ကို ကန့်သတ်လာခဲ့သည်။

ယခုအခါ ထိုလွတ်လပ်ခွင့်ကို ဆုံးရှုံးရမည်ကို တိုက်ပွဲဝင်နေသည့် တက်ကြွလှုပ်ရှားသူများကို ဝရမ်းထုတ်ဖမ်းဆီးခြင်း သတင်းလွတ်လပ်ခွင့်ကို ပိတ်ပင်ခြင်း၊ သတင်းသမားများကို ဖမ်းဆီးခြင်းများဖြင့် ဖိနှိပ်လာခဲ့သည်။

ဆန့်ကျင်သည့် တက်ကြွလှုပ်ရှားသူများကို ဆုငွေထုတ်ပြီး ဖမ်းဆီးရန် ကြိုးစားလာခဲ့သည့်အပြင် ထိုသူများ၏ မိဘညီအကိုမောင်နှမများကိုပါ စစ်ဆေးခြင်း ခြိမ်းခြောက်ခြင်းဖြင့် တက်ကြွလှုပ်ရှား သူများကို နှုတ်ပိတ်နေရန် ဖိအားပေးလာခဲ့သည်မှာ မြန်မာပြည်နှင့် နှိုင်းယှဉ်လျှင် တော်သေးသည် ဆိုရမည်။

မြန်မာပြည်တွင် ဖေ့ဘွတ်တွင် စစ်အုပ်စုကို ဆန့်ကျင်သည့် Post များကို Like လုပ်သည်နှင့် အဖမ်းခံရသူများ ဒုနဲ့ဒေး ရှိပါသည်။ သားမမိလျှင် အဖေနှင့် အမေကို ဖမ်းခြင်း၊ အဖေမမိလျှင် ကလေးငယ်ပင်မချန် ဖမ်းဆီးခြင်းများကို ပြုလုပ်လျက်ရှိသည်။ တရုတ်မှာ ခေါ်မေးရုံ မေးတာတော်သေးသည်ဟု ပြောရမည်။

မြန်မာပြည်မှာက ဖမ်းပြီးအချုပ်ထဲထည့်က ထောင်ချခြင်းများကို ပြုလုပ်သည်။ဟောင်ကောင်တွင် အလိုရှိသော ဒီမိုကရေစီ တက်ကြွလှုပ်ရှားသူ Anna Kwok သည် ဇူလိုင်လတွင် ဝါရှင်တန်၌ လမ်းလျှောက်ခဲ့သည်။

မကြာသေးမီက သူမ၏အစ်ကိုကို ဟောင်ကောင်ရဲများက စစ်ဆေးမေးမြန်းခဲ့သည်။ ရိုက်တာ (ဓါတ်ပုံ)ဇူလိုင်လတွင် ဟောင်ကောင်ရှိ ရှော့ပင်းမောလ်တစ်ခု၏ အပြင်ဘက်တွင် တရုတ်နှင့် ဟောင်ကောင်အလံများ လွှင့်ထူထားသည်။ ဒေသဆိုင်ရာအာဏာပိုင်များက အတိုက်အခံများ၏ မိသားစုဝင်များအား အနှောင့်အယှက်ပေးမှုကို အမေရိကန်က ရှုတ်ချခဲ့သည်။

Reuters (ဓာတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အာရှ

ဟောင်ကောင် ဒီမိုကရေစီခေါင်းဆောင် ၄၅ ဦးကို အမျိုးသားလုံခြုံရေးဥပဒေ ချိုးဖောက်မှုဖြင့် ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်ခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 7 Views
++++++++++++++++++ နိုဝင်ဘာလ (၂၀) ရက်။ အမျိုးသားလုံခြုံရေးဥပဒေကို ချိုးဖောက်မှုဖြင့် ဟောင်ကောင်၏ ထင်ရှားကျော်ကြားသော ဒီမိုကရေစီလိုလားသူ ၄၅ ဦးကို ဟောင်ကောင်တရားရုံးက
နိုင်ငံတကာသတင်း အာရှ

ထောင်ပေါင်းများစွာသော တရုတ်ကောလိပ်ကျောင်းသားများသည် ညဘက်တွင် စက်ဘီးစီးလာကြသည်။ ထိုလုပ်ဆောင်မှုက တရုတ်အစိုးရကို ထိတ်လန့်စေခဲ့သည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 24 Views
နိုဝင်ဘာလ (၁၂) ရက်။ ဟောင်ကောင် CNN။ လူငယ်များသည် သူငယ်ချင်းများနှင့် စိတ်လှုပ်ရှားစရာ စွန့်စားခန်းထွက်သည့်အနေဖြင့် ညနေခင်း အေးမြမြ အခြေအနေတွင်
မြန်မာသတင်း အာရှ

တရုတ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင်ရဲ့ ရင်းနှီးမြှုပ်နှံဖို့ဖိတ်ခေါ်တာကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ NUG ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 28 Views
နိုဝင်ဘာလ (၁၂)ရက်။ တရုတ်ခရီးစဉ်ထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်တာကို အသိအမှတ်ပြု လက်ခံမှာမဟုတ်ဘူးလို့ NUG ဝန်ကြီးချုပ်ရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ဒီကနေ့မှာပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ တရုတ်က ထိပ်သီးအစည်းအဝေးမှာ ပြည်သူ့အာဏာကို မတရားလုယူဖို့ကြိုးစားနေတဲ့
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

မြန်မာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတာသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ ကြိုး‌ပမ်းနေတယ်လို့ စစ်ခေါင်းဆောင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 26 Views
နိုဝင်ဘာလ (၇)ရက်။ မြန်မာပြည်တွင်း စားနပ်ရိက္ခာ ဖူလုံတာသာမက ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ဖို့ ဆက်လက်ကြိုးပမ်းနေတယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီကနေ့ နံနက်ပိုင်းကပြုလုပ်တဲ့ မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေးမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ တရုတ်နိုင်ငံ ကူမသ်းမြို့မှာပြုလုပ်တဲ့ (၈)ကြိမ်‌မြောက် မဟာမဲခေါင်ဒေသခွဲ
မြန်မာသတင်း အရှေ့တောင်အာရှ အာရှ

တရုတ်ရောက် စစ်ခေါင်းဆောင်က လာအိုနဲ့ ကမ္ဘောဒီယား ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံပြီး ရွေးကောက်ပွဲလုပ်မယ့်အကြောင်း ပြောဆိုခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 29 Views
နိုဝင်ဘာလ (၇)ရက်။ မနေ့က တရုတ်နိုင်ငံ၊ ကူးမင်းမြို့မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လာအိုနဲ့ ကမ္ဘောဒီးယားတို့က ဝန်ကြီးချုပ်တို့နဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ မြန်မာ၊ လာအိုနဲ့ ကမ္ဘောဒီးယားတို့အကြား ချစ်ကြည်ရင်းနှီးမှုနဲ့ ပူးပေါင်းဆောင်ရွက်တာတွေကို
နိုင်ငံတကာသတင်း အာရှ

တရုတ်လေတပ်သည် အမေရိကန်လေတပ်နှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် ကိုယ်ပျောက်တိုက်လေယာဉ်သစ်ကို ထုတ်ဖော်ပြသ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 6 ရက်
  • 23 Views
နိုဝင်ဘာလ (၅) ရက်/ဟောင်ကောင် (CNN)။ တရုတ်စစ်တပ်သည် လေတပ်၏ J-35A ကိုယ်ပျောက်တိုက်လေယာဉ်အသစ်၏ ရုပ်သံကို ထုတ်ပြခဲ့ပြီး လာမည့်သီတင်းပတ်တွင် ကျင်းပမည့် Guangdong ခရိုင်၊ Zhuhai မြို့တွင် ပထမဆုံးအကြိမ် ပြသမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ J35A
နိုင်ငံတကာသတင်း အာရှ

တရုတ်နိုင်ငံသည် ၎င်း၏ ရေတပ်စွမ်းအားကို မြှင့်တင်ရန် ကြိုးပမ်းနေစဉ် လျှို့ဝှက်ဆန်းကြယ်သော သင်္ဘောကို တည်ဆောက်နေကြောင်း ဂြိုလ်တုဓာတ်ပုံများက ဖော်ပြနေသည်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 3 ရက်
  • 26 Views
အောက်တိုဘာလ (၂) ရက်၊ ဟောင်ကောင် (CNN)။တရုတ်သည် လေယာဉ်တင်သင်္ဘော အမျိုးအစားသစ်ကို တည်ဆောက်နေပုံရသည်။ ကျွမ်းကျင်သူများက မကြုံစဖူး စွမ်းအားမြင့်တက်လာနိုင်ဖွယ်ရှိသည့် ဤသင်္ဘောသည် နိုင်ငံ၏ ရေတပ်တည်ဆောက်မှုကို အရှိန်အဟုန်ဖြင့် တွန်းအားပေးနိုင်သည်။အမေရိကန်ကုမ္ပဏီ Planet Labs မှ ရိုက်ကူးထားသော
နိုင်ငံတကာသတင်း မြောက်ကိုရီးယား အာရှ

မြောက်ကိုရီးယား ပျံသန်းချိန် အကြာဆုံး ဒုံးကျည်ပစ်လွှတ်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 31 ရက်
  • 32 Views
တိုကျိုနှင့် ဆိုးလ်CNN — အောက်တိုဘာလ ၃၁ ရက် ကြာသပတေးနေ့ မနက်ပိုင်းက တိုက်ချင်းပစ် ဒုံးကျည်စမ်းသပ်မှုတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ မြောက်ကိုရီးယားက ပြောကြားခဲ့ပါသည်။ ဤစမ်းသပ်မှုသည် မြောက်ကိုရီးယားဒုံးကျည်ပစ်လွှတ်မှုတွင် ပျံသန်းချိန် အကြာဆုံးဟု ယူဆရပါသည်။ အဆိုပါ စမ်းသပ်မှုသည်