အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်သည် ရုရှား၏ အကြီးအကျယ်ကျူးကျော်မှု စတင်ချိန်မှစ၍ ၎င်း၏ တတိယမြောက် ခရီးစဉ်အတွက် ယူကရိန်းမြို့တော် ကိယက်ဗ်သို့ စက်တင်ဘာလ (၆) ရက်နေ့တွင် သွားရောက်ခဲ့ပြီး ကိယက်ဗ်၏ တန်ပြန်ထိုးစစ်အတွက် အမေရိကန်၏ ထောက်ခံမှုကို နှစ်ဆတိုးကာ အမေရိကန်၏ နောက်ထပ်အကူအညီ ဒေါ်လာတစ်ဘီလီယံကျော်ကို ပေးအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ရုရှားသမ္မတပူတင်ကို အနိုင်ယူဖို ကူညီဖို့ US က ဒေါ်လာ ဘီလီယံနဲ့ ချီပြီး ကတိကဝတ်ပြုရတဲ့ အကြောင်းရင်းကို အလေးပေးဖော်ပြလိုက်ပါသည်။
ဘလင်ကန်သည် ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးနှင့် တွေ့ဆုံစဉ် အမေရိကန်သည် “ ယူကရိန်းနဲ့ အတူတကွ ယှဉ်တွဲလျှောက်လှမ်းသွားရန် သန္နိဋ္ဌာန်ချထားပါတယ်” ဟု ဘလင်ကန်က ပြောကြားခဲ့ပြီး တန်ပြန်ထိုးစစ်တွင် တိုးတက်မှုသည် “အလွန်အားရစရာကောင်းတယ်” ဟု ပြောကြားခဲ့သည်။
ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန်အရာရှိများ ယူကရိန်းကို လာရောက်လည်ပတ်တဲ့အခါ “ဒါဟာ အမြဲတမ်း “အလွန်ကောင်းမွန်တဲ့ ထောက်ခံသတင်းစကား” ဖြစ်တယ် သူနိုင်ငံရဲ့ “ခက်ခဲတဲ့ကာလ” မှာ” ဒါကို မှတ်သားထားမယ်ဟု ပြောခဲ့ပါသည်။
Source: CNN
Photo: Brendan Smialowski/Pool/AFP/Getty Images