နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ ဒီဇင်ဘာလ 28 ရက်

မြန်မာသတင်း

မြန်မာသတင်း အချက်အလက်များ

အမြန်လမ်းမှာ ရွှေမန်းသူ ခရီးသည်တင်ယာဉ်တိမ်းမှောက်လို့ ၁ ဦးသေ၊ ၂၃ ဦးထိခိုက်

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်၊ ရန်ကုန် – မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၉၂ မှာ ရွှေမန်းသူ ခရီးသည်တင်ယာဉ်ကား တိမ်းမှောက်ပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ အမြန်လမ်း လူမှုကယ်ဆယ်ရေးအဖွဲ့ဆီက သိရပါတယ်။


အဆိုပါ ခရီးသည်တင်ယာဉ်ကားဟာ နေပြည်တော်ကိုသွားစဥ် စက်တင်ဘာ ၈ ရက် ဒီနေ့လယ် ၁ နာရီခွဲလောက်မှာ တိမ်းမှောက်ခဲ့တာဖြစ်ပြီး ခရီးသည်အမျိုးသမီး ၁ ဦးသေဆုံးပြီး ၂၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိမှာ ဒဏ်ရာရသူတွေကို ဆေးရုံသို့ပို့ဆောင်ထားတယ်လို့ သိရပါတယ်။


ရွှေမန်းသူယာဥ်လိုင်းဟာ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီလုပ်ငန်းခွဲတခုဖြစ်တဲ့ ဗန္ဓုလသယ်ယူပို့ဆောင်ရေး လက်အောက်က ယာဥ်လိုင်းတစ်ခုဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ပြည်သူတရပ်လုံး ယုံကြည်အားကိုးရတဲ့တပ်တခုဖြစ်အောင် ကြိုးပမ်းနေတယ်လို့ AYA PDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 5 Views
ဒီဇင်ဘာလ (၂၇)ရက်။ မြန်မာပြည်သူတရပ်လုံး ယုံကြည်အားကိုးရတဲ့တပ်တစ်ခုဖြစ်အောင် ကြိုးပမ်းနေတယ်လို့ AYA PDF(ဧရာဝတီ PDF)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ NUG
မြန်မာသတင်း

မင်းတပ်မြို့ ခလရ(၂၇၄)ကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို ဖမ်းမိခဲ့တယ်လို့ ယောဗျူဟာထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၇)ရက်။ မင်းတပ်မြို့ ခလရ(၂၇၄)တပ်စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ ဗျူဟာအမှတ်(၈၁) ယောဗျူဟာရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

မုံရွာမှာ လူသတ်ဓါးပြတိုက်တဲ့ တရားခံတွေကို (၁၂)နာရီအတွင်း ဖမ်းမိခဲ့တယ်လို့ မြို့နယ်ပလဖထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၇)ရက်။ မုံရွာမြို့မှာ လူသတ်ဓါးပြတိုက်မှုကျူးလွန်တဲ့ တရားခံတွေကို (၁၂)နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ မုံရွာမြို့နယ်ပလဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က နံနက်ပိုင်းက မုံရွာမြို့နယ်မှာ လူသတ်ဓါးပြတိုက်ပြီး ကားလုပြေးတဲ့ တရားခံတွေကို ဖော်ထုတ်ဖမ်းဆီးနိုင်ဖို့ မြို့နယ်ပလဖတာဝန်ခံ ကိုအားကူးဦးဆောင်ပြီး
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

ရခိုင်မှာ စစ်ရှုံးနေတာကို လက်ခံပြီး AA ထံ လက်နက်ချ အလင်းဝင်ဖို့ ဗိုလ်မှူးချုပ် ကျော်ကျော်သန်းပြော

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 8 Views
ဒီဇင်ဘာလ (၂၇)ရက်။ ရခိုင်မှာ စစ်ရှုံးနေတာကို လက်ခံပြီး ခေါင်းဆောင်ကောင်းမပီသသူတွေရဲ့အောက်မှာ တာဝန်မထမ်းဆောင်တော့ဘဲ AA ထံ လက်နက်ချအလင်းဝင်ဖို့ နပခတိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ လုပ်ဖော်ကိုင်ဖက် တပ်မှူး
၁၁၁၃ ရခိုင်စစ်ပွဲ မြန်မာသတင်း

မောင်တောမှာ ခရီးသည်တင်ကားတစ်စီးကို ARSA အဖွဲ့က ခြုံခိုပစ်ခတ်၊ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 27 ရက်
  • 4 Views
ဒီဇင်ဘာလ (၂၇)ရက်။ ဒီဇင်ဘာလ (၂၄)ရက် ညနေ (၄)နာရီ (၄၀)မိနစ်အချိန်က မောင်တောမြို့မှာ အရပ်ဘက်ခရီးသည်တင်ကားတစ်စီးကို ARSA အဖွဲ့က ခြုံခိုပစ်ခတ်ခဲ့တယ်လို့ AA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မောင်တောမှာ ကြိမ်ချောင်းကနေ
မြန်မာသတင်း

မတ္တရာမြို့က ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ပစ်ခတ်၊ ကလေး (၂)ဦးသေဆုံးပြီး (၃)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 11 Views
ဒီဇင်ဘာလ (၂၆)ရက်။ ‌ဒီကနေ့ နေ့လယ် (၃)နာရီ (၂၀)မိနစ်အချိန်က မတ္တရာမြို့နယ် ထန်းတောကုန်းတဲတိုက် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တယ်လို့ MDY-PDF ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ အကြမ်းဖက်စစ်ကောင်စီက မဆင်မခြင် ပစ်လွှတ်လိုက်တဲ့
1027 Operations မြန်မာသတင်း

သိန်းနီမြို့မှာ KIA တပ်ဖွဲ့ဝင်တွေဆီကနေ MNDAA တပ်ဖွဲ့ဝင်တွေက လက်နက်ဖြုတ်သိမ်းတာတွေပြုလုပ်ခဲ့၊

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 10 Views
နှစ်ဖက်စစ်ရေးတင်းမာတာတွေနဲ့ တိုက်ပွဲဖြစ်ပွားလာမှာကို ဒေသခံ‌တွေ စိုးရိမ်နေကြရ ဒီဇင်ဘာလ (၂၆)ရက်။ ဒီဇင်ဘာလ (၂၄)ရက်နေ့ နေ့လယ် (၂)နာရီခန့်က သိန်းနီမြို့နယ်ရှိ နမ့်ဇလပ်တိုးဂိတ်မှာ KIA အရာရှိတစ်ဦးပါတဲ့ တပ်ဖွဲ့ဝင်တွေကို MNDAA က လက်နက်ဖြုတ်သိမ်းတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသတွင်းစစ်‌ရေးသတင်းအရင်းအမြစ်တွေထံက
မြန်မာသတင်း

စမ်းချောင်းက ရပ်ကွက်အုပ်ချုပ်ရေးမှူးကို ပစ်ခတ်ခဲ့သူ (၂)ဦးကို ဖမ်းမိခဲ့တယ်လို့ စစ်ကောင်စီထုတ်ပြန်

  • 2024 ခုနှစ်၊ ဒီဇင်ဘာလ 26 ရက်
  • 10 Views
ဒီဇင်ဘာလ (၂၆)ရက်။ စမ်းချောင်းမြို့ ဟုမ်းလမ်းဘူတာရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစန်းငွေကို ပစ်ခတ်ခဲ့သူ (၂)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဒီဇင်ဘာလ (၂၄)ရက်နေ့ နံနက်ပိုင်းက အုပ်ချုပ်ရေးမှူး ဦးစန်းငွေဟာ အုပ်ချုပ်ရေးမှူးရုံးထဲ တယောက်ထဲရှိနေချိန် ဝင်ရောက်ပစ်ခတ်ခံရပြီး