မိုးနှောင်းကာလဖြစ်တဲ့ စက်တင်ဘာလမှာ မုတ်သုံလေဆုတ်ခွာခြင်းဖြစ်စဥ်ကြောင့် မိုးများကာ ရေကြီးကာလထပ်မံကြုံတွေ့နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ လူသားချင်းစာနာထောက်ထားရေးနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM) က သတင်းထုတ်ပြန်ထားပါတယ်။
ဒီနေ့ စက်တင်ဘာလ ၁၁ ရက်နေ့ကနေ စက်တင်ဘာလ ၁၇ ရက်နေ့အထိ မိုးလေဝသအခြေအနေကို ထုတ်ပြန်ရာမှာ မြန်မာ့ကမ်းရိုးတန်းဒေသတွေနဲ့ အလယ်ပိုင်း၊ အောက်ပိုင်းဒေသတွေမှာ မိုးကြီးနိုင်တယ်လို့ ဆိုပါတယ်။
အဲဒီကာလအတွင်း မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်နဲ့ တနသ်ာရီတိုင်းတို့မှာ မိုးများနိုင်ပြီး နောက်ဆက်တွဲ ရေကြီး၊မြေပြိုမှုများကို သတိပြုပြင်ဆင်နေထိုင်ကြဖို့ သတိပေးထားပါတယ်။
စက်တင်ဘာလ (၇) ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ မိုးသည်းထန်စွာ ရွာသွန်းကာ မြစ်သာမြစ်ရေ မြင့်တက်ခဲ့တဲ့အတွက် မြို့တွင်း ရပ်ကွက် ခုနှစ်ခုမှာ ရေကြီးမှုဖြစ်ပေါ်ခဲ့ပါသေးတယ်။