နိုင်ငံတော်ဝင်ငွေ ဆုံးရှုံးနစ်နာမှု မရှိအောင်ဆိုပြီး ယာဥ်မှတ်ပုံတင်ဆိုင်ရာ သွင်းငွေတွေကို ၃ ဆကနေ ၅ ဆအထိ ပြင်ဆင်ကောက်ခံသွားမယ်လို့ စစ်ကောင်စီ လက်အောက်ခံ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှူးဦးစီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
၂၀၁၈ ခုနှစ်ကတည်းက ကောက်ခံလာတဲ့ အခငွေနှုန်းဟာ ခေတ်ကာလနဲ့ မညီတော့တဲ့အပြင် အခြခံလစာ တိုးမြင့်လာတာ၊ ယာဥ်အရေအတွက်၊ ယာဥ်တန်ဖိုးတွေလည်း အရင်ကထက် ပိုမြင့်လာတာနဲ့ နိုင်ငံတော်ဝင်ငွေ ဆုံးရှုံးနစ်နာမှ မရှိစေအောင်လို့ အခွန်ကို တိုးမြင့်ရတာလို့ ရေးသားထားပါတယ်။
အခုကာလမှာ ကုန်ဈေးနှုန်းတွေလည်း မြင့်တက်နေပြီး လျှော့ကောက်ရမယ့်အစား သုံးဆတိုးကောက်တာကြောင့် ကားသမားတွေ အခက်တွေ့နိုင်တယ်လို့ ယာဉ်မောင်းတွေက ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ယာဥ်မောင်းလိုင်စင်ကို ပွဲစားကတစ်ဆင့် သက်တမ်း တိုးခဲ့ချိန် ၈ သောင်းသာ ပေးခဲ့ရပါတယ်။