နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဧပြီလ 9 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ကနီမြို့ကို ရောက်ရှိလာတဲ့ စစ်သင်္ဘောအုပ်စုအား တော်လှန်ရေးတပ်ဖွဲ့တွေ ဝိုင်းဝန်းတိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲ ရောက်ရှိလာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအုပ်စုကို တော်လှန်ရေးတပ်ဖွဲ့တွေက ဝိုင်းဝန်းတိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် (ADPRA) ရဲ့ ဒီကနေ့မှာ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။


စက်တင်ဘာလ (၁၂)ရက်နေ့ နံနက် (၁၁) နာရီခန့်က မုံရွာမြို့ကနေ သင်္ဘော (၁၁) စီးနဲ့ စစ်သားအင်အား အများအပြား လိုက်ပါလာတဲ့ စစ်သင်္ဘောအုပ်စုဟာ ကနီမြို့အနီးကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့‌တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲ့ဒီနေ့ နေ့လယ် (၁၂)နာရီ (၁၅)မိနစ်မှာ တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာခဲ့ပြီး စစ်တပ်ဘက်က ထိခိုက်သေဆုံးမှု ရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူးလို့ ပြောဆိုထားပါတယ်။
စစ်သင်္ဘောအုပ်စု တိုက်ခိုက်ခဲ့တာကို ယင်းမာပင်ခရိုင်တပ်ရင်း (၃၀) တပ်ခွဲ (၁)၊ တပ်ခွဲ (၂)၊ FBGAI AK ပြောက်ကြားအဖွဲ့နဲ့ အညာတပ်ခွဲ ဒေါင်းမင်းစစ်ကြောင်းတို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ရုရှားတပ်ဖွဲ့တွင် ဝင်တိုက်ပေးနေသည့် တရုတ်စစ်သားနှစ်ဦးကို ယူကရိန်း ဖမ်းဆီး

  • 2025 ခုနှစ်၊ ဧပြီလ 8 ရက်
  • 2 Views
ဧပြီလ (၈) ရက်။ ယူကရိန်းသမ္မတ ဗလော်ဒီမီယာ ဇလန်းစကီးက နိုင်ငံအရှေ့ပိုင်းရှိ ရုရှားတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက်နေသော တရုတ်စစ်သားနှစ်ဦးကို ထိန်းသိမ်းထားကြောင်း ဧပြီလ
မြန်မာသတင်း

(၈)လကျော်ကြာ တိုက်ခိုက်ခဲ့ပြီးနောက် အင်းတော်မြို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 8 ရက်
  • 1 Views
ဧပြီလ (၈)ရက်။ မနေ့က ညပိုင်းအချိန်မှာ စစ်ကိုင်းတိုင်း အင်းတော်မြို့ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

စစ်ကိုင်းငလျင်ကြောင့် အင်းဝမြို့ဟောင်းရှိ ရေနန်းဆောင်ကို တွေ့ရှိတာလို့ စစ်ကောင်စီထုတ်ပြန်

  • 2025 ခုနှစ်၊ ဧပြီလ 8 ရက်
  • 6 Views
ဧပြီလ (၈)ရက်။ စစ်ကိုင်းငလျင်ကြောင့် တံတားဦးမြို့ ရတနာပူရ အင်းဝမြို့ဟောင်းမှာ ရေနန်းဆောင်ကို တွေ့ရှိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ရှေးဟောင်းသုတေသနနဲ့ အမျိုးသားပြတိုက်ဦးစီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ငလျင်လှုပ်ခတ်ပြီးနောက် အင်းဝမြို့ဟောင်းမှာ ရေနန်းတော် ထွက်ပေါ်လာတယ်လို့ လူမှုကွန်ရက်စာမျက်နှာမှာ ကျယ်ကျယ်ပြန့်ပြန့်
နိုင်ငံတကာသတင်း မြန်မာသတင်း ဥရောပ

မြန်မာငလျင်အတွက် ယူရို (၁၀)သန်း EU ထပ်မံပံပိုး

  • 2025 ခုနှစ်၊ ဧပြီလ 8 ရက်
  • 4 Views
ဧပြီလ (၈)ရက်။ မြန်မာနိုင်ငံမှာ အင်အားပြင်းငလျင်ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် နောက်ထပ် ယူရို (၁၀)သန်း ထပ်မံပံ့ပိုးမယ်လို့ ဥရောပကော်မရှင်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီရန်ပုံငွေဟာ အရေးပေါ် အမိုးအကာ၊ ဆေးဝါးကုသရေး၊ ရေသန့်နဲ့ မိလ္လာသန့်ရှင်းရေးဝန်ဆောင်မှုတွေ အပါအဝင်
မြန်မာသတင်း

တွန်းဇန်မှာ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်ကို ZRA က အလစ်တိုက်ခိုက်ပြီး အိမ်ခြေ(၈၀)ကျော်ကို မီးရှို့ခဲ့တယ်လို့ဆို

  • 2025 ခုနှစ်၊ ဧပြီလ 8 ရက်
  • 20 Views
နှစ်ဖက်တပ်ဖွဲ့တွေအကြား တင်းမာတာတွေနဲ့ တုန့်ပြန်သွားမယ်လို့ အပြန်အလှန် သတိပေးတာတွေရှိနေ ဧပြီလ (၈)ရက်။ ဧပြီလ (၃)ရက်နေ့က တွန်းဇန်မြို့မှာ ချင်းပြည်ကောင်စီ ပူးပေါင်းတပ်တွေကို Zomi Revolution Army(ZRA)က အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ CNF ရဲ့ မနေ့က
မြန်မာသတင်း

စစ်ကိုင်းဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်ကို မန္တလေးငလျင်ကြီးဆိုပြီး သတ်မှတ်သုံးနှုန်းဖို့ စစ်ကောင်စီပြော

  • 2025 ခုနှစ်၊ ဧပြီလ 8 ရက်
  • 10 Views
ဧပြီလ (၈)ရက်။ မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကို မန္တလေးငလျင်ကြီးဆိုပြီး သတ်မှတ်သုံးနှုန်းကြဖို့ စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မနေ့က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ မတ်လ (၂၈)ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကို မှတ်တမ်းပြုစုတာ ဖော်ပြချက်တွေ
မြန်မာသတင်း

ဖလမ်းမြို့ကို ချင်းညီနောင် အပြီးသတ် သိမ်းပိုက်

  • 2025 ခုနှစ်၊ ဧပြီလ 7 ရက်
  • 27 Views
ချင်းပြည်နယ် လွတ်မြောက်ဖို့ နီးပြီလား။ ဧပြီလ (၇) ရက်။ ဖလမ်းမြို့ကို ချင်းညီနောင်နဲ့ မဟာမိတ်အင်အားစုတွေ တိုက်ခိုက်နေတာ ကြာပါပြီ။ စစ်ကောင်စီဘက်ကလည်း ဖလမ်းမြို့ လက်မလွှတ်ရအောင် လေကြောင်းကနေ အပြင်းအထန် တိုက်ခိုက်ခဲ့ပေမယ့် ဒီနေ့မှာတော့ ချင်းညီနောင်နဲ့ မဟာမိတ်တပ်ဖွဲ့တွေက
မြန်မာသတင်း

တိုက်ကြီးမြို့ရှိ စစ်ကောင်စီရဲ့ ကပစ(၁၁) တိုက်ခိုက်ခံရတဲ့ဖြစ်စဉ် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဧပြီလ 7 ရက်
  • 25 Views
ဧပြီလ (၇)ရက်။ ရန်ကုန် တိုက်ကြီးမြို့ရှိ စစ်ကောင်စီရဲ့ ကပစ(၁၁)ကို တိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ စစ်ကောင်စီတပ်ဘက်က (၅)ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ စစ်ကောင်စီရဲ့ ကပစ(၁၁)က်ို ဧပြီလ (၄)ရက်နေ့က တာဝေးပစ် မစ်ဇိုင်းဒုံး (၃)လုံးနဲ့ ပစ်ခတ်ခဲ့တာနဲ့ပတ်သက်ပြီး မြို့ပြအထူးစစ်ဆင်ရေး(U.S.O)က ဒီကနေ့မှာ