နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 7 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

ဗိုလ်နဂါး ဦးဆောင်တဲ့ MRDA ကို ထောက်ပံ့ခဲ့တဲ့အပေါ် NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) တပ်ဖွဲ့တွေကို ၂၀၂၂ ခုနှစ် မေလကစပြီး အခုချိန်ထိ ငွေကျပ်သိန်းပေါင်း (၃၁၈၀) ထောက်ပံ့ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်က MRDA တပ်ဖွဲ့တွေကို ယင်းမာပင်ခရိုင်တပ်ရင်းအမှတ် (၃)၊ (၄)၊ (၅)၊ (၆) အနေနဲ့ ၂၀၂၂ခုနှစ် မေလ (၁၄) ရက်နေ့ရက်စွဲနဲ့ အသိအမှတ်ပြု ကွပ်ကဲမှုရယူခဲ့တယ်လို့ ဆိုပါတယ်။


PDF တပ်ရင်းတွေအဖြစ် အသိအမှတ်ပြု ကွပ်ကဲမှု မယူမီကာလကလည်း MRDA ရဲ့ ထုတ်ကုန်လုပ်ငန်းတွေအတွက် စုစုပေါင်း ခန့်မှန်း အမေရိကန် ဒေါ်လာ (၂၄,၁၆၆,၆၇) ထောက်ပံ့ခဲ့ပြီး PRF အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာနကတဆင့် ပြည်တွင်း၊ ပြည်ပအလှူရှင်တွေရဲ့ လှူဒါန်းမှု စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ (၂၈,၀၇၀) ပေးပို့ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် တော်လှန်ရေးကာလအစောပိုင်းမှာ ဝန်ကြီးဌာနအနေနဲ့ MRDA အတွက် မောင်းပြန် (၅)လက်နဲ့ ဆက်စပ်ခဲယမ်းတွေကို ထောက်ပံ့ခဲ့ပြီး အမှတ်(၁)စစ်ဒေသကတစ်ဆင့် ဗုံးပစ်လောင်ချာ(၁၅)လက်နဲ့ ဆက်စပ်ခဲယမ်းတွေကို ထောက်ပံ့ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အသိအမှတ်ပြုကွပ်ကဲမှုအပြီးဖြစ်တဲ့ ယင်းမာပင်ခရိုင် တပ်ရင်း (၄) ရင်းထဲက အမှတ်(၆)တပ်ရင်းကို မောင်းပြန် (၉၃) လက်နဲ့ ဗုံးပစ်လောင်ချာ (၇) လက်တို့ကို တပ်ဆင်ပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုထားပါတယ်။

ယင်းမာပင်ခရိုင်တပ်ရင်း (၃)၊ (၄)၊ (၅)နဲ့ (၆) တို့ဟာ PDF တပ်ရင်းတွေအဖြစ် ဆက်လက်ခံယူပြီး Chain of Command နဲ့ Code of Conduct (COC) နှစ်ရပ်ကို လေးစားလိုက်နာသွားမယ့်အတွက် ဆက်လက်အသိအမှတ်ပြု ထောက်ပံ့ပြီး ကွပ်ကဲမှု ရယူဆောင်ရွက်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

အာဏာရှင်စနစ်ဆိုးကို တိုက်ထုတ်ဖို့ အရေးကြီးတဲ့အချိန် ရောက်ပြီဖြစ်တာကြောင့် ပူးပေါင်းပါဝင်အားဖြည့်ဖို့ MDY-PDF ဖိတ်ခေါ်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 6 Views
ဇွန်လ (၇)ရက်။ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်နေတဲ့ အာဏာရှင်စနစ်ဆိုးကို မီးကုန်ယမ်းကုန် တက်ကုန်ဖွင့်ပြီး တိုက်ထုတ်ကြဖို့ အရေးကြီးဆုံး အချိန်ရောက်ရှိလာပြီဖြစ်တယ်လို့ MDY-PDF ရဲ့
မြန်မာသတင်း

ဖားကန့်မှာ ယမ်းဂိုဒေါင်နေရာ စစ်ကောင်စီ ဒရုန်းနဲ့ လက်နက်ကြီးပစ်ချ၊ ကလေးတွေအပါအဝင် (၉)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 13 Views
ဇွန်လ (၇)ရက်။ မနေ့က ည (၉)နာရီအချိန် ဖားကန့်မြို့ လုံးခင်းအုပ်စု ငြိမ်းချမ်းသာယာရပ်ကွက်ရှိ ယမ်းဂိုဒေါင်နေရာကို စစ်ကောင်စီက ဒရုန်းနဲ့ လက်နက်ကြီးပစ်ချခဲ့တယ်လို့
မြန်မာသတင်း

ဖယ်ခုံမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် နေအိမ်ထဲ စာလုပ်နေတဲ့ ကျောင်းသားတစ်ဦး ထိမှန်သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 8 Views
ဇွန်လ (၇)ရက်။ ဖယ်ခုံမြို့ အရှေ့ဘက်ကမ်းရှိ ကျေးရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့တယ်လို့ ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံအရှေ့ဘက်ကမ်းက ကျေးရွာကို ဝရမ်းပြေး အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့
မြန်မာသတင်း

အိုးဘိုထောင်ထဲ ငလျင်ကြောင့် သေဆုံးခဲ့ရတဲ့ နိုင်/ကျဉ်းစာရင်းကို PPNM ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 5 Views
ဇွန်လ (၇)ရက်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲမှာ သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား (၄၉)ဦးရဲ့စာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM)က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ စစ်ကိုင်းငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်ထဲ အဆောက်အအုံပြိုကျကာ သေဆုံးခဲ့သူ စုစုပေါင်း (၇ဝ)ကျော်ရှိခဲ့ပြီး အဲ့ဒီထဲမှာ နိုင်ငံရေးအကျဉ်းသား၊
နိုင်ငံတကာသတင်း မြန်မာသတင်း

ILO ရဲ့ ဆုံးဖြတ်ချက် နိုင်ငံရေးအရ ဖိအားပေးတာလို့ စစ်ကောင်စီတုံ့ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 7 ရက်
  • 5 Views
ဇွန်လ (၇)ရက်။ ILO ရဲ့ Article 33 နဲ့ အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ နိုင်ငံရေးအရ ဖိအားပေးတာဖြစ်ပြီး စိတ်ပျက်ရတယ်ဆိုကာ စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်ဟာ သမာသမတ်ကျ မျှတမှုမရှိဘဲ နိုင်ငံရေးဆိုင်ရာ
မြန်မာသတင်း

ဆောမြို့နယ်ထဲ စစ်ကောင်စီ လေကြောင်းကြောင့် ပြည်သူ (၃)ဦးသေဆုံးပြီး (၆)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 22 Views
ဇွန်လ (၆)ရက်။ မနေ့က နေ့လယ် (၂)နာရီဝန်းကျင်က ဆောမြို့နယ် ညောင်ကန်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မနေ့က နေ့လယ် (၁)နာရီ (၅၈)မိနစ်လောက်မှာ မိတ္ထီလာရှမ်းတဲလေတပ်ကနေ Mig-29
မြန်မာသတင်း

ILO ညီလာခံကနေ စစ်အုပ်စုကို အရေးယူဖို့ ဆုံးဖြတ်ချက်ဟာ မြန်မာပြည်သူလူထုရဲ့အောင်ပွဲလို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 21 Views
စစ်အုပ်စုကို အရေးယူဖို့ အဆိုတင်သွင်းတဲ့အခါ ရုရှား၊ ဘီလာရုစ်၊ လာအိုနဲ့ တရုတ်တို့က ကန့်ကွက်ခဲ့ကြ ဇွန်လ (၆)ရက်။ (၁၁၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာညီလာခံ(133th ILC)မှာ ILO က စစ်အုပ်စုကို ILO Constitution, Article
မြန်မာသတင်း

ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် သေဆုံးတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီ ဖမ်းဆီးခဲ့တဲ့သူတွေထဲ (၆)နှစ်အရွယ် မိန်းကလေးငယ်တဦးပါဝင်

  • 2025 ခုနှစ်၊ ဇွန်လ 6 ရက်
  • 14 Views
ဇွန်လ (၆)ရက်။ ရန်ကုန်မှာ ဗိုလ်မှူးချုပ်ဟောင်း ချိုထွန်းအောင် ပစ်ခတ်ခံရကာ သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေဆိုကာ (၁၆)ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဖြစ်စဉ်မှာ ကျူးလွန်ခဲ့တယ်ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့တဲ့သူတွေထဲ အသက် (၆)နှစ်အရွယ်