စစ်ကိုင်းမြို့ သာစည်ရပ်ကွက်က ရင်သွေးရတနာ ကိုယ်ပိုင်ကျောင်းကို စစ်ကောင်စီက မနေ့ညပိုင်းမှာ ချိတ်ပိတ်လိုက်တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။
ကျောင်းတည်ထောင်သူ အသက် ၆၀ ဝန်းကျင် အမျိုးသမီးကိုဖမ်းဆီးပြီးနောက် မနေ့ညပိုင်းမှာ ကျောင်းကိုပါ ချိတ်ပိတ်သွားတာ ဖြစ်ပါတယ်။
အဲဒီကျောင်းဟာ စစ်ကိုင်းတောင်ခြေအနီးမှာရှိပြီး ကျောင်းသား ၊ကျောင်းသူ ၄၀၀ ကျော် တက်ရောက်နေတဲ့ကျောင်းဖြစ်ပါတယ်။
စစ်ကောင်စီ တယ်လီဂရမ်ချန်နယ်တွေမှာတော့ ကျောင်းတည်ထောင်သူ အမျိုးသမီးဟာ CDM ပြုလုပ်ဖို့ လူမှုကွန်ရက်မှာ လှုံဆော်တာ ၊NUG ရဲ့ အွန်လိုင်းစာသင်ကျောင်းမှာ သင်ကြားမှုပြုလုပ်တယ်ဆိုပြီး ဖော်ပြထားပါတယ်။
ဒါ့အပြင် ကျောင်းတည်ထောင်သူအမျိုးသမီးကိုထောင်ဒဏ်နှစ်ရှည်ချလို့ရတဲ့ အကြမ်းဖက်ပုဒ် ၅၂ (က) နဲ့ တရားစွဲထားတယ်လို့လည်း ရေးသားထားပါတယ်။