ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ လက်ပံကျေးရွာ၊ ကမ်းနားအနီး လယ်ကန်သင်းရိုးမှာ အမျိုးသားတစ်ဦး နင်းမိုင်းထိပြီး ခြေထောက်ပြတ်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မိုင်းထိသူဟာ လက်ပံကျေးရွာနေ ဦးလှထွန်း ၄၈ နှစ်ဖြစ်ပြီး မနေ့ညနေ ၃ နာရီလောက်က စစ်တောင်းမြစ်အတွင်း ငါးပိုက်တားပြီး ရွာကိုပြန်လာစဥ် မိုင်းထိခဲ့တာလို့ ဆိုပါတယ်။
လက်ပံရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ပျူတွေပေါင်းပြီး ရွာအနီးဝန်းကျင်နေရာတွေမှာ နင်းမိုင်းတွေထောင်ထားတယ်လို့ သိရပါတယ်။
စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက် မနက်ပိုင်းမှာ လက်ပံရွာက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို ဒရုန်းအပါအဝင် လက်နက်ကြီးတွေနဲ့ ဒေသကာကွယ်ရေးတပ်တွေက ပစ်ခတ်ခဲ့ရာ ၁ ဦးသေ ၂ ဦးဒဏ်ရာရတယ်လို့ သိရပါတယ်။