ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ဗိုလ်ချုပ်နှစ်ဦးကိုစစ်ကောင်စီအဖွဲ့ဝင်အဖြစ်မှ ဖယ်ရှားလိုက်ကာ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီဟု အမည်ပေးထား တဲ့ ကောင်စီအသစ်ကိုထပ်မံဖွဲစည်းလိုက်တယ်လို့စစ်ကောင်စီက စက်တင်ဘာလ (၂၅) ရက်ညပိုင် းထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ပြင်ဆင်ဖွဲ့စည်းထားတဲ့ စစ်ကောင်စီအဖွဲ့မှာ စစ်တပ်ရဲ့ နံပတ် ၃ နေရာမှ ညှိကွပ် ဗိုလ်ချုပ်ကြီးမောင်မောင်အေးနဲ့ စစ်ထောက်ချုပ်ဟောင်း၊ မင်းအောင်လှိုင်အကြံပေး ဒုတိယဗိုလ်ချုပ်ကြီးညိုစောတို့ အသစ်ပါဝင်လာပြီး ကျန်နေရာတွေမှာ အပြောင်း အလဲမရှိတာကို တွေ့ရပါတယ်။
ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်ကို စစ်ကောင်စီထဲကထုတ်ပြီး မူလစစ်ဘက်နေရာတွေကို ပြန်ပို့လိုက်သလို ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း အကြောင်းကိုတော့ မဖော်ပြထားတာကို စစ်ကောင်စီရဲ့ ဒီကနေ့ ညပိုင်းထုတ်ပြန်တဲ့ ကြေညာချက်အရ သိရပါတယ်။
“မင်းအောင်လှိုင်က သူ့သြဇာညောင်းမယ့်သူ၊ သူ့ အပေါ်သစ္စာခံမယ့်သူကိုပဲ နေရာပေးတာ။ ကျန်တဲ့သူတွေက ခြေပေါ်အောင် မကစားနိုင်ဘူးလို့ သူက ထင်နေတာ။ တကယ်လဲပစ်ဖို့ လိုအပ်နေတာ သူဆိုတာမသိဘူး” လို့ အမည်မဖော်လိုတဲ့စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကလည်းပြောပါတယ်။
လက်ရှိ စစ်ကောင်စီမှာ ယခင် ၁၉၆၂ အာဏာသိမ်း တော်လှန်ရေးကောင်စီ၊ ၁၉၈၈ အာဏာသိမ်း နဝတ တို့ကဲ့သို့ ကာကွယ်ရေးဦးစီးချုပ်၊ ဒုကာကွယ်ရေးဦး စီးချုပ် ကြည်း၊ ရေ၊ လေ၊ တိုင်းမှူးတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ ပုံစံမဟုတ်ဘဲ မင်းအောင်လှိုင် စိတ်ကြိုက် စစ်ဗိုလ်ချုပ်အချို့၊ အရပ်သားရုပ်ပြအချို့သာမက စိတ် ကြိုက်လူတွေနဲ့ ဖွဲ့စည်းခဲ့သော်လည်း အချိန်နှစ်နှစ်ခွဲသာ ကုန်လွန်ခဲ့ပြီး အုပ်ချုပ်ရေးဖွဲ့စည်းပုံသာအပြောင်း အလဲများခဲ့တယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားပါတယ်။
ဒါပြင်နှစ်နှစ်ခွဲ အချိန်ကာလမှာ မင်းအောင်လှိုင်ဟာ သူနဲ့ မတိမ်းမယိမ်းလုပ်ဖော်ကိုင်ဘက် လူယုံတွေကိုအကြောင်းပြဖြုတ်ချပြီး သူဩဇာနာခံမယ့်သူနဲ့ အနှစ် ၂၀ ခန့် ငယ်သူတွေကိုနေရာပေးချင်လို့လည်းဖြစ်မယ်လို့သုံးသပ်မှုတွေရှိနေပါတယ်။