ဇွန်လ (၆)ရက်။
ဇွန်လ (၃)ရက်နေ့ နံနက် (၅)နာရီကျော်အချိန်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ စစ်ကော်မရှင်အထိုင်စခန်းကို တိုက်ခိုက်ခဲ့တယ်လို Naypyitaw-PDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ကော်မရှင်တပ်သာ အင်အား (၆၀)ခန့်နဲ့ စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ ဆွာမကြီးရွာမှာ အထိုင်စခန်းချထားကာ တပ်ရင်း(၈၀၅)၊ ထနောင်းစစ်ကြောင်းအပါအဝင် နေပြည်တော်တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာလို ဆိုပါတယ်။
အဲ့ဒီတိုက်ပွဲထဲ စစ်ကော်မရှင်တပ်ရဲ့ ဆွာမကြီးရွာထဲရှိ ကင်းစခန်းတွေအားလုံးကို တော်လှန်ရေးတပ်တွေ အောင်မြင်စွာ သိမ်းပိုက်ခဲ့ပြီး စစ်ကော်မရှင်တပ်သားတွေ အထိနာကာ ဆုတ်ခွာထွက်ပြေးခဲ့တယ်လို ဖော်ပြထားပါတယ်။
နောက်ပြီး တိုက်ပွဲမှာ စစ်ကော်မရှင်ဘက်က အရာရှိအပါအဝင် (၂၀)ဦးခန့် သေဆုံးခဲ့ပြီး ထနောင်းစစ်ကြောင်းက ရဲဘော် (၁)ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်စခန်းကို ရှင်းလင်းခဲ့ရာ G-3 (၁၁)လက်၊ MA-3 (၁)လက်၊ MA-11 (၁)လက်၊ ပစ္စတို (၁)လက်နဲ့ ခဲယမ်းမျိုးစုံ(၁၀၀၀)ကျော်အပါအဝင် အီနာဂါ (၅)ခု၊ နင်းမိုင်း (၂)လုံး၊ ၁၄မိုင်း (၃)လုံး၊ ၆၀မမ ပိုယမ်း (၁၅)တောင့် (၇)ဘောက်၊ MA ဘောက် (၂)ဘောက်၊ စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို သိရပါတယ်။








