ဇွန်လ (၆)ရက်။
ဇွန်လ (၁)ရက်နေ့ ည (၇)နာရီ (၄၀)မိနစ်အချိန်က နတ်မောက်မြို ကမ်ပြားလမ်းပိုင်းကို တော်လှန်ရေးတပ်တွေက ရှောင်တခင်စစ်ဆေးခဲ့တယ်လို Aung San’s Land Natmauk ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
အဲ့ဒီလိုစစ်ဆေးချိန် ကားတစီးပေါ်မှာ စစ်ကောင်စီရဲ့ ဗိုလ်မှူး၊ ဗိုလ်ကြီးနဲ့ တပ်ကြပ်ကြီးစာရေးတိုကို ဖမ်းဆီးရမိခဲ့တယ်လို ဆိုပါတယ်။
ဖမ်းမိခဲ့သူတွေဟာ ရန်ကုန်၊ လှည်းကူးမြိုနယ်ရှိ ရဲမွန် (၂၁၅)တပ်ရင်းက ဗိုလ်မှူး အောင်ဖြိုးဝေ၊ မုန်းမြိုရှိ ခမရ(၅၉၉)တပ်ရင်းက ဗိုလ်ကြီး ပြည့်စုံအောင်နဲ့ တပ်ကြပ်ကြီးစာရေး မျိုးဦးတိုဖြစ်တယ်လို ဖော်ပြထားပါတယ်။
သူတိုလိုက်ပါလာတဲ့ကားဟာ တော်လှန်ရေးတပ်ဖွဲဝင်တွေအနီး ရောက်ရှိချိန် ဗိုလ်မှူးဆိုသူက သေနတ်အတိုကို အိတ်ထဲက ဆွဲထုတ်ခဲ့သလို တပ်ကြပ်ကြီးက လက်ပစ်ဗုံးကိုင်ဆောင်ထားကာ ဝိုင်းဝန်းပိတ်ဆိုပြီး ပစ်ဖိုအသင့်ချိန်ထားတာကြောင့် လက်ရအရှင်ဖမ်းမိခဲ့တာလို ရေးသားထားပါတယ်။
အဲ့ဒီနောက် သူတိုစီးနင်းလာတဲ့ ကားရဲ့နောက်ခန်းကို စစ်ဆေးခဲ့ရာ ကပစထုတ် ပစ္စတိုအဟောင်း (၁၉)လက်ကိုပါ သိမ်းဆည်းနိုင်ခဲ့တယ်လို ထုတ်ပြန်ထားပါတယ်။
အဲ့ဒီစစ်ဆင်ရေးကို Aung San’s Land Natmauk ရဲ့ မဟာမိတ်ဖြစ်တဲ့ ငါးပြေမပြောက်ကျားတပ်ဖွဲနဲ့အတူ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို သိရပါတယ်။










