နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 16 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

လိုင်ဇာရှိ မုန်လိုင်ခတ် စစ်ရှောင်စခန်းကို စစ်ကောင်စီတပ်က လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်အပါအဝင် စစ်ရှောင်ပြည်သူ ၃၀ ကျော်သေဆုံး

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA) ဌာနချုပ် လိုင်ဇာမြို့က မုန်လိုင်ခက် စစ်ဘေးဒုက္ခသည် စခန်း ကို အောက်တိုဘာ ၉ ရက်နေ့ ည ၁၁ နာရီကျော်မှာ စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတွေ အပါအဝင် စစ်ဘေးဒုက္ခသည် ၃၀ ကျော် သေဆုံးခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။


လေကြောင်း တိုက်ခိုက်မှုတွေ အကြိမ်ကြိမ် ပြုလုပ်လျက်ရှိရာ အခုအခါ စစ်ရှောင်တွေနေထိုင်ရာ အရပ်သားတွေကို စစ်ကောင်စီတပ်က ဦးတည်တိုက်ခိုက်လာတာဖြစ်ပြီး သေဆုံးသွားသူတွေထဲမှာ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေ ပါဝင်နေကာ ထိခိုက်ဒဏ်ရာရသူ ၅၀ ကျော်အထိ ရှိနေပြီလို့ ဆိုပါတယ်။

“ ဘာဗုံးအမျိုးအစားလည်းမသိ။ စစ်ဘေးရှောင်စခန်းနားမှာကျတာ။ ညဘက်ကြီး ဖြစ်တာဆိုတော့ ကလေးငယ် တွေလည်းသေဆုံးတယ်။ နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုတွေလည်း ရှိတယ်” လို့ ဒေသတွင်းသတင်းရင်း မြစ်က ပြောပါတယ်။
မနေ့ညက အတော်ပြင်းအားများတယ်။ ကျတဲ့နေရာက တွင်းပိုင်းကြီးဖြစ်သွားပြီး အဝေးကြီးနေရာတွေထိ ပြန့်ပေါက်ကွဲသွားတာ။ ကျမတို့နဲ့ ဝေးတာတောင် မြေကြီးတွေ တုန်ခါသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါပြင် သေဆုံးတဲ့သူတွေကိုလည်း အခုထိရှာဖွေမှုတွေ ဆက်လုပ်နေသလို ဒဏ်ရာရသူတွေကို လိုင်ဇာမြို့ပေါ်မှာ ရှိတဲ့ ဆေးရုံကိုပို့ဆောင်ပြီး ကုသနေကကာ သေဆုံး၊ ဒဏ်ရာရသူစာရင်း အတိအကျကိုမသိရဘူးလို့ ဆိုပါတယ်။

အဲဒီရွာဟာ လိုင်ဇာမြို့နဲ့ နှစ်မိုင်သာကွာဝေးပြီး ဒေသတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်ဒုက္ခသည် အများ အပြား ခိုလှုံနေတဲ့ရွာဖြစ်သလို လိုင်ဇာမှ တရုတ်နိုင်ငံဘက်သို့ အသွား လမ်းပေါ်မှာ တည်ရှိနေ တာဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ အခုလအောက်တိုဘာလကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ် အနန့်ပါ ဒေသက အရပ်သားပြည်သူများစွာနေထိုင်တဲ့နေရာကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကာ ပြည်သူအများ အပြား သေဆုံးဒဏ်ရာ ရခဲ့တာတွေ ရှိခဲ့ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၃)ရက်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြည်လုံးကျွတ် လူထုလှုပ်ရှားမှုပြုလုပ်ဖို့ နှိုးဆော်ထားတယ်လို့ People Movement Platform ရဲ့
မြန်မာသတင်း

တနှစ်ထဲ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား (၆၀၀၀၀)ကျော်ကို စုဆောင်းရရှိခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
ဇွန်လ (၁၃)ရက်။ ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ်ထဲ အကြမ်းဖက်စစ်တပ်က စစ်မှုထမ်းတပ်သား (၆၀၀၀၀)ကျော်ကို စုဆောင်းရရှိခဲ့တယ်လို့ MDSI ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ
မြန်မာသတင်း

ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စုံစမ်းစစ်ဆေးနေတယ်လို့ MOD ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၃)ရက်။ ရဲဘော်မုန်တိုင်းနဲ့ ရဲဘော်နိုင်ကြီးတို့ကို စည်းမျဉ်းစည်းကမ်းတွေအတိုင်း စုံစမ်းစစ်ဆေးနေတယ်လို့ MOD ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရဲဘော်မုန်တိုင်းဟာ ကာမပိုင်အမျိုးသမီးတဦးနဲ့ ဖောက်ပြန်တာအပါအဝင် တပ်ထဲ စည်းလုံးမှုပျက်ပြားလာတာကြောင့် တပ်ဖွဲ့စည်းတာကို ပြင်ဆင်ပြီး အပြစ်ပေးအရေးယူခဲ့တယ်လို့ ဆိုပါတယ်။
မြန်မာသတင်း

မင်းအောင်လှိုင် တရုတ်နိုင်ငံ သွားမယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 8 Views
ဇွန်လ (၁၂)ရက်။ လာမယ့်ရက်သတ္တပတ်ထဲ သမ္မတုမင်းအောင်လှိုင် တရုတ်နိုင်ငံကို သွားရောက်ဖို့ရှိနေတယ်လို့ တရုတ်သံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်းအောင်လှိုင်ဟာ ဇွန်လ (၁၅)ရက်နေ့ကနေ (၁၉)ရက်နေ့အထိ တရုတ်နိုင်ငံကို သွားရောက်မှာဖြစ်တယ်လို့ ဆိုပါတယ်။ သမ္မတုမင်းအောင်လှိုင်အနေနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ
တရုတ် မြန်မာသတင်း

ISP-Myanmar ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေ ဖမ်းဆီးခဲ့

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၂)ရက်။ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာလေ့လာရေးအဖွဲ့ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ကို တရုတ်အာဏာပိုင်တွေက ဖမ်းဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ISP-MYANMAR ဦးဆောင်သူ ဦးမင်းဇင်ဟာ အခုလပထမအပတ်က တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရဲ့မြို့တော်ဖြစ်တဲ့ ကူမင်းမြို့မှာ ရှိနေချိန် ဖမ်းဆီးခံရတာလို့
မြန်မာသတင်း

စစ်တပ်ရဲ့ အင်အားဖြည့်တာတွေကို ကြိုတင်ပြင်ဆင်ပိတ်ဆို့တားဆီးဖို့ မြိုင်ပကဖ အကြောင်းကြား

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၂)ရက်။ မြိုင်နယ်ထဲရှိ စစ်တပ်ရဲ့ အထိုင်ရဲစခန်း၊ ပျူရွာနဲ့ စစ်ဆေးရေးဂိတ်တွေမှာ စားနပ်ရိက္ခာနဲ့ ခဲယမ်းတွေ လျော့နည်းနေတယ်လို့ မြိုင်မြို့နယ်ပကဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီအတွက် စစ်တပ်ရဲ့ အထိုင်တပ်မတွေက လက်အောက်ခံနေရာတွေကို ရိက္ခာ၊ ဆေးဝါး၊
မြန်မာသတင်း

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကိုပေးအပ်တဲ့အပေါ် JFM ရှုတ်ချ

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 7 Views
ဇွန်လ (၁၂)ရက်။ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မီဒီယာထုတ်လွှင့်ခွင့် Mytel ကို ပေးအပ်တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ် Justice for Myanmar(JFM)က ဒီကနေ့မှာ ရှုတ်ချထားတယ်လို့ သိရပါတယ်။ Mytel ဟာ စစ်အုပ်စုအတွက် အကျိုးအမြတ်များစွာ ရရှိတဲ့
မြန်မာသတင်း

ထန်တလန်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ် လေကြောင်းဗုံးကြဲခဲ့တယ်လို့ဆို

  • 2026 ခုနှစ်၊ ဇွန်လ 16 ရက်
  • 11 Views
ဇွန်လ (၁၁)ရက်။ ဒီကနေ့ နံနက် (၈)နာရီခွဲအချိန်က ထန်တလန်မြို့နယ်ရှိ CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့တယ်လို့ စစ်လော်ဘီချန်နယ်တွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ ဇိုဖေးဒေသအခြေစိုက် CDF-Zophie ဌာနချုပ်ကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ ကျန်းမာရေးဌာနရဲ့ အတွင်းရေးမှူးဖြစ်သူ