နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 7 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အမေရိကန်

အင်တာဗျူးအသစ်တစ်ခုတွင် မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ် က စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အက်ပ်စတိန်း အကြောင်း ပြန်ပြောင်းပြောဆိုရင်း “ရင်ထဲကလာတဲ့ တုံ့ပြန်မှုမျိုး” ဖြစ်ပေါ်ခဲ့ရကြောင်း ဆို

CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ (၁၃)ရက်

မိုက်ခရိုဆော့ဖ် (Microsoft) ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ် (Bill Gates) ၏ ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) နှင့် ယခင်က ပတ်သက်ခဲ့မှုများအပေါ် ဘီလ်ဂိတ်စ်နှင့် မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ် (Melinda French Gates) တို့ ပြန်လည်ရင်ဆိုင်နေကြရသည်။ ယခုသီတင်းပတ်အတွင်း ဘီလ်ဂိတ်စ်က ၎င်းတို့၏ ယခင်က အပြန်အလှန် ဆက်သွယ်မှုများ နှင့် ပတ်သက်၍ လွှတ်တော်တွင် ထွက်ဆိုခဲ့ပြီး၊ သူ၏ဇနီးဟောင်းဖြစ်သူကလည်း ကွယ်လွန် သွားပြီဖြစ်သော လိင်ပိုင်းဆိုင်ရာ ပြစ်မှုထင်ရှားစီရင်ခြင်းခံရသူအပေါ် သူမ၏ “ရင်ထဲက လာတဲ့ တုံ့ပြန်မှုမျိုး” (visceral reaction) ရှိခဲ့ပုံကို အသစ်တဖန် ဖွင့်ဟပြောဆိုခဲ့သည်။

စနေနေ့က ထုတ်ဝေခဲ့သော ဂါးဒီးယန်း (Guardian) သတင်းစာနှင့် အင်တာဗျူးတွင် ၂၀၂၁ ခုနှစ်က ဘီလ်ဂိတ်စ်နှင့် ကွာရှင်းခဲ့သည့် အလှူရှင် မယ်လင်ဒါ ဖရန့်ချ် ဂိတ်စ် က သူမအနေဖြင့် အက်ပ်စတိန်းနှင့် တစ်ကြိမ်တွေ့ဆုံပြီးနောက် အိမ်မက်ဆိုးများ မကြာခဏ မက်ခဲ့ရကြောင်းနှင့် သတင်းထောက်အား ထိုလူအပေါ် သူမ၏ အမြင်များကို ပြောပြနေစဉ် အလွန်စိတ်အနှောင့် အယှက်ဖြစ်ရသဖြင့် အင်တာဗျူးကိုပင် ရပ်ပစ်လုနီးပါး ဖြစ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

“မကောင်းဆိုးဝါးမှန်း သိသာလွန်းတဲ့ လူတစ်ယောက်ရဲ့ အနားမှာ ရှင်တို့ ဘဝမှာ တစ်ခါ လောက် ပဲဖြစ်ဖြစ် နေဖူးပါသလား” ဟု ဖရန့်ချ် ဂိတ်စ် က အက်ပ်စတိန်းအပေါ် သူမ၏ ပထမဆုံး အမြင်ကို ဂါးဒီးယန်းသို့ ပြန်ပြောင်းပြောပြခဲ့သည်။ ထိုအချိန်က သူမ၏ နှလုံး ခုန်သံများ “မြန်နေခဲ့သည်” ဟု အင်တာဗျူးသူအား ပြောကြားခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

“လူတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့ရဲ့ ခံစားချက်တွေကို နားထောင်ဖို့ လိုပါတယ်” ဟု သူမက ဂါးဒီးယန်းသို့ ထပ်လောင်းပြောကြားခဲ့သည်။ “ကျွန်မ တော်ပါပြီ။ နောက်ထပ် မေးခွန်းတွေကို မဖြေနိုင်တော့ပါဘူး။”

အက်ပ်စတိန်းအား “စက်ဆုပ်ရွံရှာဖွယ်ကောင်းတဲ့ လူသားတစ်ယောက်၊ ဆိုးသွမ်းတဲ့လူ” ဟု ခေါ်ဆိုခဲ့ပြီး အင်တာဗျူးအတွင်း တစ်နေရာတွင် “ဒါဟာ ကျွန်မအတွက် ခက်ခဲတဲ့ အကြောင်း အရာတစ်ခုပါ” ဟု ဝန်ခံခဲ့သော ဖရန့်ချ် ဂိတ်စ် က မိမိအား မေးမြန်းနေသည့် မေးခွန်းများ အပေါ် “ရင်ထဲကလာတဲ့ တုံ့ပြန်မှုမျိုး” ဖြစ်ပေါ်နေကြောင်း အင်တာဗျူးသူအား ပြောကြားခဲ့ သည်ဟု ဂါးဒီးယန်း၏ အစီရင်ခံစာအရ သိရသည်။

အက်ပ်စတိန်းသည် မိမိ၏ ဖောက်ပြန်မှု အချက်အလက်များကို အသုံးချ၍ ချဉ်းကပ်ရန် ကြိုးပမ်းခဲ့ကြောင်း ဘီလ်ဂိတ်စ် လွှတ်တော်တွင် ထွက်ဆို

အက်ပ်စတိန်း၏ သားကောင်များ အားလုံးအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးနိုင်ရန် ပိုမိုပွင့်လင်းမြင်သာမှု ရှိဖို့ လိုအပ်ကြောင်း တောင်းဆိုရင်း သူမက “တရားစီရင်ရေးစနစ်က သူ့အလုပ်သူ မလုပ်ခဲ့ဘူး။ သူ့အလုပ်သူ မလုပ်ခဲ့ဘူး။ ဒါပဲ” ဟု အလေးအနက် ပြောကြား ခဲ့သည်။

ယင်းအင်တာဗျူး ထွက်ပေါ်မလာမီ ရက်ပိုင်းအလိုကတင် သူမ၏ ခင်ပွန်းဟောင်းသည် အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီ ရှေ့မှောက်၌ တံခါးပိတ်အခြေအနေဖြင့် နာရီပေါင်းများစွာ ထွက်ဆိုခဲ့ရသည်။ ယခုနှစ်အစောပိုင်းက အက်ပ်စတိန်း၏ မှတ်တမ်းဖိုင်များ ထွက်ပေါ်လာပြီးနောက် ကွယ်လွန်သူ လိင်ရာဇဝတ်ကောင်နှင့် ဘီလ်ဂိတ်စ်၏ ပတ်သက်မှုများ အပေါ် မေးခွန်းထုတ်စရာများ ရှိလာခဲ့သောကြောင့် ဖြစ်သည်။ အဆိုပါ စာရွက်စာတမ်းများ တွင် အတည်မပြုနိုင်သေးသော ပြင်းထန်သည့် စွပ်စွဲချက်များအပြင်၊ ဂိတ်စ်နှင့် အက်ပ်စတိန်း တို့ အကြား ယခင်က သိထားသည်ထက် ပိုမိုအသေးစိတ်ကျသော ပရဟိတလုပ်ငန်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့ကြောင်း ဖော်ပြနေသည်။

ဤအင်တာဗျူးသည် ကော်မတီရှေ့မှောက်တွင် အထင်ရှားဆုံးသော ထွက်ဆိုချက်များအနက် တစ်ခုဖြစ်လာခဲ့ပြီး၊ ဖရန့်ချ် ဂိတ်စ် က ယခင်က အက်ပ်စတိန်းနှင့် ပတ်သက်သည့် မည်သည့် မေးခွန်းမဆို သူမ၏ ခင်ပွန်းဟောင်းနှင့် အခြားသူများသာ ဖြေကြားရမည့် ကိစ္စဖြစ်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက်တွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ဂိတ်စ်သည် ၂၀၁၁ ခုနှစ်တွင် အက်ပ်စတိန်းနှင့် စတင်မိတ်ဆက်ခြင်းခံခဲ့ရပြီး၊ ကွယ်လွန်သူ အက်ပ်စတိန်းက ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ဒေါ်လာဘီလီယံ ပေါင်းများစွာ ရှာဖွေပေးနိုင်ကြောင်း ကတိပြုခဲ့သည်ဟု ထွက်ဆိုခဲ့သည်။ သူသည် အက်ပ်စတိန်း၏ ရာဇဝတ်မှုများကို မသိရှိခဲ့ကြောင်းနှင့် အက်ပ်စတိန်းသည် သူ၏ကိုယ်ရေး ကိုယ်တာ ဘဝအချက်အလက်များ — အိမ်ထောင်ရေးတွင် သစ္စာမရှိခဲ့သည့် အချက် အပါအဝင်တို့ ကို အသုံးပြု၍ ၎င်းတို့၏ ဆက်သွယ်မှု ပြတ်တောက်သွားပြီးနောက်တွင်လည်း ပြန်လည်ပတ်သက်လာစေရန် ဖိအားပေးရန် ကြိုးပမ်းခဲ့ကြောင်း ဥပဒေပြုအမတ်များကို ပြောကြားခဲ့သည်ဟု CNN က ဖော်ပြခဲ့သည်။

“အက်ပ်စတိန်းဟာ ကျွန်တော်ရဲ့ အိမ်ထောင်ရေးမှာ သစ္စာမရှိခဲ့ဘူးဆိုတဲ့ အချက်အပါအဝင် ကိုယ်ရေးကိုယ်တာ ဘဝရဲ့ ထိလွယ်ရှလွယ်တဲ့ အချက်အလက်တွေကို သိရှိသွားမှန်း ကျွန်တော် သိခဲ့ရပါတယ်။ ဒီအိမ်ထောင်ရေး ဖောက်ပြန်မှုတွေဟာ အက်ပ်စတိန်းနဲ့ ကျွန်တော့်ရဲ့ ဆက်ဆံရေးနဲ့ ဘာမှမဆိုင်ပါဘူး၊ ဒါပေမဲ့ ဒါတွေဟာ ကျွန်တော့်မိသားစုအတွက် နာကျင်စရာ ဖြစ်ခဲ့ရပါတယ်” ဟု ဂိတ်စ်က ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ ကြိုတင်ပြင်ဆင်ထားသော ထွက်ဆိုချက်တွင် ထည့်သွင်းပြောကြားခဲ့သည်။

ဂိတ်စ်က အက်ပ်စတိန်းနှင့် သူ၏ ဆက်ဆံရေးကို “အကန့်အသတ်ရှိသော” ဆက်ဆံရေးအဖြစ် ဖော်ပြခဲ့ပြီး ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလတွင် လုံးဝအဆုံးသတ်သွားခဲ့ကြောင်း ထွက်ဆိုခဲ့သည်။

သို့သော်လည်း အက်ပ်စတိန်းနှင့် တွေ့ဆုံခဲ့ခြင်းသည် ၎င်း၏ဘဝတွင် “ဆုံးဖြတ်ချက် မှားယွင်း ခဲ့တဲ့ ကြီးလေးတဲ့ အမှားတစ်ခု” ဖြစ်ကြောင်း ဥပဒေပြုအမတ်များကို ပြောကြား ခဲ့သည်။

“အခု ဖိုင်တွေထဲမှာ ထွက်ပေါ်လာတာကို အများပြည်သူ မြင်တွေ့ရတဲ့အတိုင်း၊ အက်ပ်စတိန်း ဟာ ကျွန်တော့်ရဲ့ ဖောက်ပြန်မှုတွေ အပေါ်မှာ နောက်ထပ် လိမ်ညာမှုများစွာကို ထပ်ဆင့်ပြီး ကျွန်တော့်ကို သူနဲ့ ပြန်လည်ပတ်သက်လာအောင် ဖိအားပေးဖို့ လုပ်ဆောင်ခဲ့တာပါ။ ဒီကြိုးပမ်းမှုမှာ သူ မအောင်မြင်ခဲ့ပါဘူး၊ ဒါပေမဲ့ ဒါဟာ သူ သူ့ရဲ့အစီအစဉ်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်တော်နဲ့ ပတ်သက်ခဲ့တာတွေကို ဘယ်လိုမျိုး အသုံးချဖို့ ကြိုးစားခဲ့သလဲဆိုတာ ပြသနေပါတယ်။ ကျွန်တော် အစကတည်းက အက်ပ်စတိန်းနဲ့ လုံးဝ မတွေ့ခဲ့သင့်ပါဘူး” ဟု ဂိတ်စ်က ၎င်း၏ ကြိုတင်ပြင်ဆင်ထားသော ထွက်ဆိုချက်တွင် ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့က ဝါရှင်တန်ပြည်နယ်၊ ကာ့ကလန်ရှိ Pivotal Ventures ရုံးခန်းတွင် အင်တာဗျူးတစ်ခုဖြေဆိုနေစဉ် Bill and Melinda Gates ဖောင်ဒေးရှင်း၏ ပူးတွဲဥက္ကဋ္ဌ မယ်လင်ဒါ ဂိတ်စ် အား တွေ့ရစဉ်။ Chona Kasinger/Bloomberg/Getty Images/File(ဓါတ်ပုံ)

ဝါရှင်တန်ဒီစီရှိ လွှတ်တော်အဆောက်အအုံတွင် ဇွန်လ ၁၀ ရက်နေ့က အောက်လွှတ်တော် ကြီးကြပ်ရေးကော်မတီနှင့် တံခါးပိတ်အင်တာဗျူးဖြေဆိုရန် မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင် သူ ဘီလ်ဂိတ်စ် (အလယ်) ရောက်ရှိလာစဉ်။ Kent Nishimura/AFP/Getty Images(ဓါတ်ပုံ)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 46 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 49 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 51 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 50 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 45 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 49 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 62 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 57 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက