နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 2 ရက်

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ

ကိုရီးယားဘာသာရေးအသင်းကြီးကို ဖျက်သိမ်းရေးအတွက် တရားရုံးအမိန့် လျှောက်ထားဖို့ ဆုံးဖြတ်ချက်ကို ဂျပန်ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာဝန်ကြီးဌာနက တရားရုံးအမိန့် လျှောက်ထား

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေး မိသားစုအဖွဲ့ချုပ်၊ အရင်က ပေါင်းစည်းရေး အသင်းတော် Unification Church လို့ သိကြတဲ့ ကိုရီးယားဘာသာရေးအသင်းကြီးကို ဖျက်သိမ်းရေးအတွက် တရားရုံးအမိန့် လျှောက်ထားဖို့ ဆုံးဖြတ်ချက်ကို မနေ့က အောက်တိုဘာလ (၁၂) ရက်နေ့မှာ ဂျပန်ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။


အဲဒီဝန်ကြီးဌာနက အာဏာပိုင်တွေဟာ ဒီဘာသာရေးအသင်းကြီးရဲ့ အသင်းဆိုင်ရာစီမံခန့်ခွဲမှု၊ အသင်းဝင်တွေဆီက အဆမတန် အလှူငွေ ကောက်ခံမှုတွေကို စောင့်ကြည့်လာခဲ့ပါတယ်။ သူတို့ဟာ ဒီအသင်းကြီးနဲ့ အသင်းဝင်ဟောင်းတွေကို စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ဂျပန်အစိုးရက ဖျက်သိမ်းဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်လိုက်တာပါ။

တရားရုံးက အဖွဲ့အစည်း ဖျက်သိမ်းရေးအမိန့်နဲ့ပတ်သက်ပြီး စီရင်ချက် မချခင် ဝန်ကြီးဌာနနဲ့ အရင် Unification Church ဘာသာရေးအသင်းကြီးရဲ့ နှစ်ဘက်စလုံးက ပြောဆိုမှုတွေကို ကြားနာမှာဖြစ်ပါတယ်။

ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့မယ်ဆိုရင် ဒီဘာသာရေးအသင်းကြီးဟာ ဘာသာရေးအသင်းအဖွဲ့ သတ်မှတ်ချက်ကို ဆုံးရှုံးမှာဖြစ်ပြီး အခွန်နဲ့ပတ်သက်တဲ့ အကျိုးခံစားခွင့်တွေ ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအသင်းကြီးဟာ ဂျပန်တနိုင်ငံလုံးမှာ အိမ်ရာခြံမြေတွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ ဒီပိုင်ဆိုင်မှုတွေကို ဘယ်လိုလုပ်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပေမယ့် နစ်နာသူတွေအတွက် လျော်ကြေးပေးဖို့ ဒီပိုင်ဆိုင်မှုတွေကို ဂျပန်အစိုးရအနေနဲ့ အမြန်ဆုံး ထိန်းသိမ်းထားဖို့ လိုအပ်မယ်လို့ ရှေ့နေအဖွဲ့က သတိပေးထားပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ယာမာဂါမိ တက်ဆုယလို့ အမည်ရှိတဲ့ သာမန်အရပ်သားတစ်ဦးဖြစ်တဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ရာကနေ ဂျပန်နိုင်ငံမှာရှိတဲ့ ကိုရီးယား ဘာသာရေးအသင်းအဖွဲ့ကြီးတခုဖြစ်တဲ့ ပေါင်းစည်းခြင်း အသင်းတော် (Unification Church) ရဲ့ အရှုပ်တော်ပုံကြီးက ပေါ်ထွက်လာပါတော့တယ်။ နောက်ပိုင်းမှာတော့ ပေါင်းစည်းခြင်း အသင်းတော် (Unification Church) ကနေ “ Family Federation for World Peace and Unification” ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေး မိသားစုအဖွဲ့ချုပ် လို့ အမည်ပြောင်းလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ယာမာဂါမိ တက်ဆုယကတော့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အမှုကို ရင်ဆိုင်နေရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဂျပန် တရုတ် နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဂျပန်ဝန်ကြီးချုပ်က တိုင်ဝမ်အရေး မှတ်ချက်ပေးမှုနှင့် တရုတ်နိုင်ငံ၏ ဒေါသတုံ့ပြန်မှုသတင်းနှင့် ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 56 Views
+++++++++++++++++++++ ဂျပန်ဝန်ကြီးချုပ်၏ မှတ်ချက်များ ++++++++++++++++++ သဘောထားတင်းမာသော ဂျပန်ဝန်ကြီးချုပ် ဆာနာအေ တာကာအိချိ (Sanae Takaichi) က ထိုင်ဝမ်အရေးပေါ်အခြေအနေနှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ အာရှ

အမေရိကန် နိုင်ငံရေးမှ စိတ်ဝင်စားဖွယ်ရာ သတင်းသစ်များ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 102 Views
၂၀၂၅ခုနှစ် အောက်တိုဘာလ ၂၈ရက် အမေရိကန် နိုင်ငံရေးတွင် ယခုအခါ နိုင်ငံတကာ ဖြစ်ပေါ်တိုးတက်မှုများ နှင့် ပြည်တွင်း နိုင်ငံရေး တိုက်ပွဲများကို
နိုင်ငံတကာသတင်း မလေးရှား အရှေ့တောင်အာရှ

ထရမ့် ကို ‘ငြိမ်းချမ်းရေး သဘောတူညီချက်’ သဘာပတိအဖြစ် ဆောင်ရွက်ပေးခဲ့သော မလေးရှားခေါင်းဆောင် အန်ဝါ အီဘရာဟင်မ် (Anwar Ibrahim) ဆိုသည်မှာ မည်သူနည်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 28 ရက်
  • 51 Views
BBC- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ၂၈ရက် “ ကျွန်တော် ထောင်ထဲ ရောက်ခဲ့ပေမဲ့၊ ခင်ဗျားလည်း ထောင်ကျလုနီးပါးလောက်ရှိခဲ့ပြီပဲ” ဟု ကင်မရာများ လှိမ့်နေစဉ်တွင် မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်မ် က အမေရိကန် သမ္မတ ဒေါ်နယ်လ် ထရမ့်ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့တောင်အာရှ အာရှ

ထရန့်ပ်၏ အာရှခရီးစဉ်- နိုင်ငံများ၊ တွေ့ဆုံမှုများနှင့် အစီအစဉ်

  • 2025 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 96 Views
၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၆ရက် သမ္မတ ထရန့်ပ်သည် ယခုသီတင်းပတ်အတွင်း ကုန်သွယ်ရေးဆွေးနွေးပွဲများအပေါ် အဓိကထား၍ နိုင်ငံတကာအတွက် ငြိမ်းချမ်းရေးသဘောတူညီမှု ရယူပေးသူအဖြစ် မိမိ၏ အခန်းကဏ္ဍကို ပြသရန် တစ်ပတ်ကြာ အာရှခရီးစဉ် ကို စတင်နေပြီဖြစ်သည်။ ဤခရီးစဉ်တွင် နိုင်ငံသုံးနိုင်ငံ
ကမ္ဘောဒီးယား နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ခေတ်မျက်လုံးအထူးသတင်း

  • 2025 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 55 Views
ဘီလျံပေါင်းများစွာတန်သော နိုင်ငံတကာ လိမ်လည်မှုကွန်ရက်ကို စီမံခန့်ခွဲသူဟု စွပ်စွဲခံရသော လူငယ် သူဌေးကြီးနှင့် ပတ်သက်သည့် အရေးကြီးအချက်များ CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၆ရက် စွပ်စွဲခံရသူမှာ မည်သူနည်း။ စွပ်စွဲခံရသူမှာ အသက် ၃၇ နှစ်အရွယ် ချန်
နိုင်ငံတကာသတင်း မလေးရှား အမေရိကန် အရှေ့တောင်အာရှ

အာရှတွင် တစ်ပတ်ကြာမြင့်မည့် အရေးပါသော သံတမန်ရေးခရီးအတွက် ထရန့်ပ် ရောက်ရှိလာ

  • 2025 ခုနှစ်၊ အောက်တိုဘာလ 26 ရက်
  • 67 Views
CNN- ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၂၆ရက် အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရန့်ပ်သည် မလေးရှားနိုင်ငံသို့ စနေနေ့နှောင်းပိုင်း (ဒေသစံတော်ချိန်အားဖြင့် တနင်္ဂနွေနေ့ နံနက်ပိုင်း) က ရောက်ရှိလာရာတွင် ဂုဏ်သရေရှိ ပုဂ္ဂိုလ်များ၊ အကသမားများနှင့် အလံများဝှေ့ယမ်းသူများက ကြိုဆိုခဲ့ကြပါသည်။ ထရန့်ပ်သည်
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ရိုဒရီဂို ဒူတာတေးကို လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် ICC စွဲချက်တင်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 224 Views
BBC- ၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၂၂ရက် ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC) က လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများဖြင့် စွဲချက်တင်လိုက်သည်။ အသက် ၈၀ အရွယ်ရှိ ဒူတာတေးသည် သူ၏
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘုရင့်နန်းတော်၏ အတည်ပြုချက်ရပြီးနောက် ထိုင်းသူဌေးကြီး အနုတင် ချန်ဗီရာကူလ် ဝန်ကြီးချုပ်အဖြစ် ရာထူးယူ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 7 ရက်
  • 488 Views
CNA-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၇ရက် ထိုင်းဝန်ကြီးချုပ်သစ်က “ရိုးသားမှုနှင့် ကိုယ်ကျင့်တရားကောင်းမွန်မှု အပြည့်ဖြင့်” လုပ်ဆောင်သွားမည်ဟု ကတိပြုလိုက်သည်။ ဘန်ကောက်- ရှေးရိုးစွဲဝါဒီထိုင်းသူဌေးကြီး အနုတင် ချန်ဗီရာကူလ်သည် တနင်္ဂနွေနေ့ (စက်တင်ဘာ ၇ ရက်) တွင် ဝန်ကြီးချုပ်အဖြစ် ရာထူးတက်လာပြီး