နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ အောက်တိုဘာလ 23 ရက်

အရှေ့တောင်အာရှ

အရှေ့တောင်အာရှ

ကိုရီးယားဘာသာရေးအသင်းကြီးကို ဖျက်သိမ်းရေးအတွက် တရားရုံးအမိန့် လျှောက်ထားဖို့ ဆုံးဖြတ်ချက်ကို ဂျပန်ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာဝန်ကြီးဌာနက တရားရုံးအမိန့် လျှောက်ထား

ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေး မိသားစုအဖွဲ့ချုပ်၊ အရင်က ပေါင်းစည်းရေး အသင်းတော် Unification Church လို့ သိကြတဲ့ ကိုရီးယားဘာသာရေးအသင်းကြီးကို ဖျက်သိမ်းရေးအတွက် တရားရုံးအမိန့် လျှောက်ထားဖို့ ဆုံးဖြတ်ချက်ကို မနေ့က အောက်တိုဘာလ (၁၂) ရက်နေ့မှာ ဂျပန်ပညာရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာဝန်ကြီးဌာနက ကြေညာလိုက်ပါတယ်။


အဲဒီဝန်ကြီးဌာနက အာဏာပိုင်တွေဟာ ဒီဘာသာရေးအသင်းကြီးရဲ့ အသင်းဆိုင်ရာစီမံခန့်ခွဲမှု၊ အသင်းဝင်တွေဆီက အဆမတန် အလှူငွေ ကောက်ခံမှုတွေကို စောင့်ကြည့်လာခဲ့ပါတယ်။ သူတို့ဟာ ဒီအသင်းကြီးနဲ့ အသင်းဝင်ဟောင်းတွေကို စုံစမ်းမေးမြန်းမှုတွေ လုပ်ဆောင်ခဲ့ပြီး ဂျပန်အစိုးရက ဖျက်သိမ်းဖို့ လိုအပ်တယ်လို့ ဆုံးဖြတ်လိုက်တာပါ။

တရားရုံးက အဖွဲ့အစည်း ဖျက်သိမ်းရေးအမိန့်နဲ့ပတ်သက်ပြီး စီရင်ချက် မချခင် ဝန်ကြီးဌာနနဲ့ အရင် Unification Church ဘာသာရေးအသင်းကြီးရဲ့ နှစ်ဘက်စလုံးက ပြောဆိုမှုတွေကို ကြားနာမှာဖြစ်ပါတယ်။

ဖျက်သိမ်းဖို့ အမိန့်ထုတ်ပြန်ခဲ့မယ်ဆိုရင် ဒီဘာသာရေးအသင်းကြီးဟာ ဘာသာရေးအသင်းအဖွဲ့ သတ်မှတ်ချက်ကို ဆုံးရှုံးမှာဖြစ်ပြီး အခွန်နဲ့ပတ်သက်တဲ့ အကျိုးခံစားခွင့်တွေ ရနိုင်တော့မှာ မဟုတ်ပါဘူး။ ဒီအသင်းကြီးဟာ ဂျပန်တနိုင်ငံလုံးမှာ အိမ်ရာခြံမြေတွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ ဒီပိုင်ဆိုင်မှုတွေကို ဘယ်လိုလုပ်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရပေမယ့် နစ်နာသူတွေအတွက် လျော်ကြေးပေးဖို့ ဒီပိုင်ဆိုင်မှုတွေကို ဂျပန်အစိုးရအနေနဲ့ အမြန်ဆုံး ထိန်းသိမ်းထားဖို့ လိုအပ်မယ်လို့ ရှေ့နေအဖွဲ့က သတိပေးထားပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို ယာမာဂါမိ တက်ဆုယလို့ အမည်ရှိတဲ့ သာမန်အရပ်သားတစ်ဦးဖြစ်တဲ့ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်လိုက်ရာကနေ ဂျပန်နိုင်ငံမှာရှိတဲ့ ကိုရီးယား ဘာသာရေးအသင်းအဖွဲ့ကြီးတခုဖြစ်တဲ့ ပေါင်းစည်းခြင်း အသင်းတော် (Unification Church) ရဲ့ အရှုပ်တော်ပုံကြီးက ပေါ်ထွက်လာပါတော့တယ်။ နောက်ပိုင်းမှာတော့ ပေါင်းစည်းခြင်း အသင်းတော် (Unification Church) ကနေ “ Family Federation for World Peace and Unification” ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် ပေါင်းစည်းရေး မိသားစုအဖွဲ့ချုပ် လို့ အမည်ပြောင်းလိုက်ပါတယ်။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ ယာမာဂါမိ တက်ဆုယကတော့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့အမှုကို ရင်ဆိုင်နေရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

ဆောင်းပါးများ အရှေ့တောင်အာရှ အာရှ

တရုတ်၊ အာစီယံနဲ့ မြန်မာ့နိုင်ငံရေး?

  • 2024 ခုနှစ်၊ အောက်တိုဘာလ 20 ရက်
  • 71 Views
စစ်အာဏာသိမ်းခြင်းနဲ့အတူ ပြည်တွင်းအုံကြွဆန္ဒပြမှုကြီး ဆက်တိုက်ဖြစ်ပေါ်လာခဲ့ပြီး စစ်တပ်က အကြမ်းဖက်ဖိနှိပ်မှုတွေ၊ ရက်စက်စွာ လက်နက်မဲ့ ဆန္ဒပြသူများကို ပစ်ခတ်သတ်ဖြတ်မှုတွေ၊ လုပ်ပေမဲ့ ဆန့်ကျင်မှုတွေ ရပ်မသွားဘဲ
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဟားမတ်စ်ခေါင်းဆောင် ယာဟယာဆင်ဝါရဲ့ နောက်ဆုံးအချိန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 18 ရက်
  • 20 Views
ယာဟယာဆင်ဝါကို အစ္စရေးတို့က အခုလို သတ်ဖြတ်နိုင်ခဲ့တာဟာ ထောက်လှမ်းရေး သတင်းအချက်အလက်တွေရလို့ အသေအချာ စစ်ဆင်ရေးလုပ်ပြီး သတ်ဖြတ်နိုင်ခဲ့တာ မဟုတ်ဘဲ ဂါဇာတောင်ပိုင်းက ရာဖာမှာ
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ဘတ် ၂ သန်း လိမ်လည်မှုဖြင့် ထိုင်းနာမည်ကြီး အမျိုးသမီးစားဖိုမှူးကို ထိုင်းရဲ ဖမ်းဆီး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 28 Views
အောက်တိုဘာလ (၉) ရက်။ ထိုင်းနာမည်ကြီးခေါက်ဆွဲဆိုင်ပိုင်ရှင် နာမည်ကြီး အမျိုးသမီး စားဖိုမှူးတစ်ဦးသည် ဘတ်ငွေ ၂ သန်းခန့်တန်ဖိုးရှိသည့် ရွှေနှင့် စိန်လက်ဝတ်ရတနာတွေကို လိမ်လည်ရောင်းချမှုနှင့် အဖမ်းခံခဲ့ရပါသည်။ သံသယရှိသူသည် အသက် ၅၄ နှစ်အရွယ် ယုဝါဒီ ချိုင်းစီရီပန်နစ်ချ်
နိုင်ငံတကာသတင်း မြန်မာသတင်း အရှေ့တောင်အာရှ

လာအိုမှာကျင်းပတဲ့ အာဆီယံအစည်းအဝေးတွေကို စစ်ကောင်စီကိုယ်စားလှယ် တက်ရောက်ခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 9 ရက်
  • 27 Views
အောက်တိုဘာလ (၉)ရက်။ မနေ့က လာအိုနိုင်ငံ၊ ဗီယင်ကျန်းမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးနဲ့ ဆက်စပ်အစည်းအဝေးတွေကို ကိုယ်စားလှယ်စေလွှတ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အာဆီယံအစည်းအဝေးတွေကို စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ဆွေးနွေးခဲ့တာလို့
မြန်မာသတင်း အရှေ့တောင်အာရှ

အင်ဒိုနီးရှားက မြန်မာအရေးဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တယ်လို့ RCSS ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 8 ရက်
  • 29 Views
အောက်တိုဘာလ (၈)ရက်။ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ မြန်မာအရေးဆွေးနွေးပွဲကို ပါဝင်တက်ရောက်ခဲ့တယ်လို့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဂျာကာတာမြို့မှာ မြန်မာအရေးဆွေးနွေးပွဲကို အောက်တိုဘာလ (၃)ရက်နေ့ကစပြီး (၅)ရက်နေ့အထိ (၃)ရက်ကြာ ကျင်းပပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

ထိုင်းနိုင်ငံမှာ ဘတ်စ်ကား မီးလောင်မှုကြောင့် ကျောင်းသား ၂၀၊ ဆရာမ ၃ ဦး သေဆုံး

  • 2024 ခုနှစ်၊ အောက်တိုဘာလ 2 ရက်
  • 39 Views
ကျောင်းလေ့လာရေးခရီးသည် ကြေကွဲဖွယ်အဆုံးသတ်ခဲ့ပြီး ၁၉ ဦးကို ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့ရ အောက်တိုဘာလ (၁) ရက်။ အောက်တိုဘာလ (၁) ရက် အင်္ဂါနေ့တွင် Pathum Thani ၏ Rangsit ဧရိယာရှိ အဝေးပြေးလမ်းမကြီးပေါ်တွင် Uthai
နိုင်ငံတကာသတင်း အရှေ့တောင်အာရှ

တရုတ်သူလျှိုအဖြစ် ကောလာဟလများ ပျံ့နှံ့နေချိန်တွင် ဖိလစ်ပိုင်နိုင်ငံမှ ထွက်ပြေးသွားသော မြို့တော်ဝန်အား ဖမ်းဆီးလိုက်ကြောင်း သိရသည်။

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 75 Views
စက်တင်ဘာလ (၅) ရက်။ တရုတ်ရာဇဝတ်ဂိုဏ်းများနှင့် ဆက်နွှယ်သည်ဟု စွပ်စွဲခံထားရသော ဖိလစ်ပိုင်တွင် အရှက်ရစေခဲ့သည့် မြို့တော်ဝန်တစ်ဦးသည် အင်ဒိုနီးရှားသို့ ထွက်ပြေးသွားပြီးနောက် ရက်သတ္တပတ်အတော်ကြာတွင် ဖမ်းဆီးမိလိုက်ကြောင်း ဖိလစ်ပိုင် အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ကြေညာခဲ့ပြီး ၎င်းအား တရားစွဲဆိုရန် ကတိပြုခဲ့သည်။
မြန်မာသတင်း အရှေ့တောင်အာရှ

လာအိုမှာကျင်းပတဲ့ အာဆီယံကာချုပ်တွေအစည်းအဝေး စစ်ကောင်စီကိုယ်စားလှယ် ပါ၀င်တက်ရောက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 66 Views
စက်တင်ဘာလ (၆)ရက်။ မနေ့က အာဆီယံအလှည့်ကျဥက္ကဋ္ဌ လာအိုနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံကာချုပ်တွေအစည်းအဝေးကို စစ်ကောင်စီကိုယ်စားလှယ် ပါ၀င်တက်ရောက်ခဲ့တယ်လို့ ဒီကနေ့ထုတ် စစ်ကောင်စီအာဘော်သတင်းစာရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ (၂၁)ကြိမ်မြောက် အာဆီယံတပ်မတော်ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်စား စစ်ကောင်စီရဲ့ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး