နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ မတ်လ 4 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

“ မင်းတို့ဟာ သိမ်းပိုက်ထားတဲ့ အင်အားစုတစ်ခုဆိုရင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာ မဟုတ်ဘူး” လို့ ဂျော်ဒန်ဘုရင်မ က အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြောလိုက်ပါတယ်။

ဂျော်ဒန်ဘုရင်မ ရာနီနာအယ်အဗ္ဗဒူလာ (Rania al Abdullah) က အစ္စရေး-ဟားမတ်စ် ပဋိပက္ခကို တုံ့ပြန်တဲ့အနေနဲ့ လူမှုမီဒီယာစာမျက်နှာ အင်စတာဂရမ်မှာမှာ “မင်းတို့ဟာ သိမ်းပိုက်ထားတဲ့ အင်အားစုဖြစ်ရင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာ မဟုတ်ဘူး” လို့ ရေးသားခဲ့ပါတယ်။


ဒါပေမယ့် ဗုဒ္ဓဟူးနေ့က ပါလက်စတိုင်းနွယ်ဖွား ဂျော်ဒန်ဘုရင်မ ရာနီနာက သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ပို့စ်ဟာ ၂၄ နာရီအကြာမှာ ဖြုတ်ချခံလိုက်ရပါတယ်။ ဒါပေမဲ့ ဂျော်ဒန်အစိုးရပိုင်မီဒီယာ AlMamlaka TV က အဲ့ဒီပို့စ်ကို ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

ပါလက်စတိုင်း သတင်းထောက် Motaz Azaiza က အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး ပျက်သုဉ်းသွားသည့် ဂါဇာအခြေအနေကို ပြသထားတဲ့ဗီဒီယိုဖိုင်မှာ ဘုရင်မရဲ့ အင်စတာဂရမ်မှာရေးထားတဲ့စာသားကို ထည့်သွင်းထားခဲ့ပြီး ပူးတွဲနှိုင်းယှဉ်ပြသထားခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအပြီး ပါလက်စတိုင်းကလေးများ ဒဏ်ရာရရှိပုံကို ပြသထားသည့် “ Eye on Palestine” ဝက်ဘ်ဆိုက်က ဗီဒီယိုကိုလည်း ဘုရင်မက မျှဝေခဲ့ပါတယ်။

အတိတ်ကအကြောင်းအရာ

၂၀၀၅ ခုနှစ်မှာ အစ္စရေးဟာ ဂါဇာကမ်းမြောင်ကနေ သူတို့ရဲ့တပ်တွေကို ဆုတ်ခွာခဲ့ပေမယ့် နယ်မြေအတွင်း ပိတ်ဆို့ထားမှုတွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ကုန်း၊ မြေ၊ လေနဲ့ ပင်လယ်တို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။


ဂါဇာကမ်းမြောင်ဒေသအတွင်းမှာ နေထိုင်နေတဲ့ ပါလက်စတိုင်းတွေရဲ့ သွားလာမှုနဲ့ ကုန်စည်စီးဆင်းမှု၊ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်တွေကို တင်းကျပ်စွာ တားမြစ်ထားပါတယ်။ အဲ့ဒီအတွက် ဒေသခံပါလက်စတိုင်းတွေဟာ ဂါဇာထဲမှာ နှစ်ပေါင်းများစွာ အစ္စရေးတို့ရဲ့ ပိတ်ဆို့ထားထားခြင်း ခံခဲ့ရပါတယ်။


လက်ရှိပဋိပက္ခ

ဂါဇာမှာ အစ္စရေးတို့ရဲ့ ဆက်လက်တိုက်ခိုက်မှုများဟာ ရာနဲ့ချီတဲ့ပစ်မှတ်တွေနဲ့ လူနေရပ်ကွက်တွေကို ထိမှန်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပါတယ်။ အစ္စရေးပိုင်နက်ထဲကို ဟားမတ်စ် အဖွဲ့ဝင်တွေက ခိုင်ခံ့တဲ့နယ်ခြားစည်းရိုးကို ဖြတ်ကျော်ပြီး စနေနေ့က တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ခဲ့ပါတယ်။ ဟားမတ်စ်သေနတ်သမားတွေဟာ အစ္စရေးစစ်သားတွေနဲ့ အရပ်သား စုစုပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံများကိုလည်း ဖမ်းဆီးခဲ့သည်။


ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် (Mahmoud Abbas) နဲ့ ဂျော်ဒန်ဘုရင် ဟူစိန် (Jordanian King Abdullah II) တို့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့ပြီး မကြာသေးမီက ဖြစ်ရပ်များနှင့် ဂါဇာမှာ တင်းမာမှုတွေ ရပ်တန့်သွားစေရန်အတွက် ဂျော်ဒန်တော်ဝင် ဟာရှီမိုက် (Hashemite) တရားရုံးက ဗုဒ္ဓဟူးနေ့မှာ လူမှုမီဒီယာပေါ်ကို တင်ခဲ့ပါတယ်။

ဒေသတွင်းတင်းမာမှု ရပ်တန့်ရန်၊ ပါလက်စတိုင်းများကို ကာကွယ်ရန် ဂျော်ဒန်ကြိုးပမ်း

နိုင်ငံတကာက အရေးပေါ် အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်ပေးဖို့ ဂျော်ဒန်အနေနဲ့ အပြင်းအထန် ကြိုးပမ်းနေတယ်” လို့ ဂျော်ဒန်ဘုရင် ဟူစိန်က ပြောကြားခဲ့ပါတယ်။ “ပါလက်စတိုင်းနယ်မြေအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုနဲ့ ရန်လိုမှုတွေက အန္တရာယ်များတဲ့ တိုးမြင့်လာမှုနဲ့ ရန်စမှုတွေက နှစ်နိုင်ငံအစိုးရအဖြစ် အသိအမှတ်ပြုမှုနဲ့ ဖြေရှင်းချက်အပေါ် အခြေခံပြီး တရားမျှတပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုပါတယ်။ ဒီလိုမှ မလုပ်ရင် ငြိမ်းချမ်းရေးမရဘဲ ကျွန်တော်တို့ ဒေသဟာ ဘယ်တော့မှ မလုံခြုံသလို တည်ငြိမ်မှာ မဟုတ်ဘူးဆိုတာကို အတည်ပြုပြောကြားလိုပါတယ်။


“နှစ်နိုင်ငံဖြေရှင်းချက်ဆိုတာကတော့ အစ္စရေးဘေးမှာ ပါလက်စတိုင်းနိုင်ငံထူထောင်ရန် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။”


အခုသီတင်းပတ်အတွင်း ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံတဲ့ဆန္ဒပြပွဲတစ်ခုမှာ လူထောင်ပေါင်းများ ဂျော်ဒန်နိုင်ငံ အာမန် (Amman) မြို့ရဲ့ လမ်းတွေပေါ်ကို ထွက်ခဲ့ကြပါတယ်။


ဓာတ်ပုံအညွှန်း။ ၁။ ဂျော်ဒန်ဘုရင်မ ရာနီနာအယ်အဗ္ဗဒူလာ /၂။ ဂျော်ဒန်ဘုရင်နဲ့ ဘုရင်မ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးက လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ထပ်မံရွှေ့ပြောင်းရန် အမိန့်ပေး

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 19 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အစ္စရေးသည် ဟစ်ဇဘိုလာအဖွဲ့အပေါ် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေစဉ် လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာပေါင်း ဒါဇင်နှင့်ချီကို ဘေးလွတ်ရာသို့
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အစ္စရေးက တီဟီရန်ကို တိုက်ခိုက်နေချိန်တွင် အီရန်နှင့် ဆွေးနွေးရန် “ နောက်ကျလွန်းပြီ” ဟု ထရမ့်ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 20 Views
အမေရိကန်သည် အရှေ့အလယ်ပိုင်းရှိ သံရုံးနှစ်ခုကို ပိတ်လိုက်ပြီး ဒေသတွင်း သံတမန်ရေးရာ တည်ရှိမှုများကို လျှော့ချလျက်ရှိသည်။ CNN – ၂၀၂၆ ခုနှစ်၊
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အထက်လွှတ်တော်လူများစုခေါင်းဆောင် ဂျွန်သွန်း က အစိုးရအုပ်ချုပ်ရေးအဖွဲ့၏ တိုက်ခိုက်မှုဆိုင်ရာ ဥပဒေကြောင်းအရ အကြောင်းပြချက်ကို နားထောင်ရန် မျှော်လင့်ထားပြီး လွှတ်တော်၏ သဘောတူညီချက် မလိုအပ်ကြောင်း ပြောကြား

  • 2026 ခုနှစ်၊ မတ်လ 3 ရက်
  • 24 Views
CNN -Morgan Rimmer နှင့် Ted Barrett ရေးသားသည်။ ၂၀၂၆ခုနှစ်၊ မတ်လ ၃ရက် အထက်လွှတ်တော် လူများစုခေါင်းဆောင် ဂျွန်သွန်း (John Thune) က ယနေ့မွန်းလွဲပိုင်းတွင် လွှတ်တော်ခေါင်းဆောင်များနှင့် တွေ့ဆုံစဉ် အီရန်အပေါ်
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အမေရိကန်၏ အီရန်စစ်ရေး – ၄၈ နာရီအကြာ- စစ်ဗျူဟာမြောက် အောင်မြင်မှုနှင့် အနာဂတ် အတွက် မရေရာသောဗျူဟာ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 28 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အရှေ့အလယ်ပိုင်းတွင် ယခုဖြစ်ပွားနေသည့် အကျပ်အတည်းမျိုးအတွင်း သမ္မတတစ်ဦးသည် ထောက်လှမ်းရေးနှင့် စစ်ဘက်ဆိုင်ရာ အရင်းအမြစ်များမှ ပြုစုထားသော အသားတင် အကဲဖြတ်ချက် (Net Assessment) ကို
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ်အချို့ ပျက်ကျ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 32 Views
CNN – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် တိုက်လေယာဉ်များ ပျက်ကျခြင်း။ တနင်္လာနေ့တွင် အမေရိကန်စစ်ဘက်ဆိုင်ရာ လေယာဉ် “အချို့” ပျက်ကျခဲ့ပြီး “လေယာဉ်အမှုထမ်းအားလုံး အသက်ရှင်လွတ်မြောက်ခဲ့သည်” ဟု ကူဝိတ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ CNN
တရုတ် နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်အပေါ် ထရန့်၏ တိုက်ခိုက်မှုတွင် တရုတ်နိုင်ငံသည် အကြီးမားဆုံး အရှုံးပေါ်မည့်သူ ဖြစ်လာနိုင်

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 30 Views
CNN- ၂၀၂၆ခုနှစ်၊မတ်လ၂ရက် နှစ်လမပြည့်မီသော အချိန်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ပေကျင်း၏ အရင်းနှီးဆုံး မဟာမိတ်နှစ်နိုင်ငံကို အရေးယူဆောင်ရွက်ခဲ့ပြီး ယင်းဖြစ်စဉ်တွင် တရုတ်၏ ရေနံထောက်ပံ့မှုကိုပါ ခြိမ်းခြောက်လျက်ရှိသည်။ဗင်နီဇွဲလားသမ္မတ နီကိုးလပ်စ် မာဒူရိုကို ဇန်နဝါရီလတွင် အမေရိကန်က ဖမ်းဆီးခဲ့သည်။ ယခုအခါ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

ပင်လယ်ကွေ့ဒေသရှိ အမေရိကန်၏ မဟာမိတ်များ အီရန်၏ တိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံစားနေရ

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 34 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက် အဘူဒါဘီမြို့၏ ကြည်လင်နေသော ကောင်းကင်ယံတွင် သဲရောင်ခြယ် ဗီလာအိမ်များနှင့် ရေလောင်းထားသော ဥယျာဉ်များ၏ အထက်တွင် အဖြူရောင် အခိုးအငွေ့တန်းများ ရှည်လျားစွာ ဖြစ်ပေါ်နေသည်။ ၎င်းတို့သည်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သမ္မတ ထရန့် ဝါရှင်တန်သို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ပြီး အီရန်နိုင်ငံနှင့် ပတ်သက်သည့် နောက်ဆုံးရသတင်းများကို ဖော်ပြပေးလိုက်ပါသည်။

  • 2026 ခုနှစ်၊ မတ်လ 2 ရက်
  • 28 Views
CNN- ၂၀၂၆ခုနှစ်၊ မတ်လ (၂)ရက်နေ့ အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် သမ္မတ ဒေါ်နယ်ထရန့်သည် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ အီရန်နှင့် ပတ်သက်၍ သတင်းထောက်များ၏ အော်ဟစ်မေးမြန်းမှုများကိုမူ ၎င်းက