နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 6 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

“ မင်းတို့ဟာ သိမ်းပိုက်ထားတဲ့ အင်အားစုတစ်ခုဆိုရင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာ မဟုတ်ဘူး” လို့ ဂျော်ဒန်ဘုရင်မ က အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခနဲ့ ပတ်သက်ပြီး ပြောလိုက်ပါတယ်။

ဂျော်ဒန်ဘုရင်မ ရာနီနာအယ်အဗ္ဗဒူလာ (Rania al Abdullah) က အစ္စရေး-ဟားမတ်စ် ပဋိပက္ခကို တုံ့ပြန်တဲ့အနေနဲ့ လူမှုမီဒီယာစာမျက်နှာ အင်စတာဂရမ်မှာမှာ “မင်းတို့ဟာ သိမ်းပိုက်ထားတဲ့ အင်အားစုဖြစ်ရင် ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်တာ မဟုတ်ဘူး” လို့ ရေးသားခဲ့ပါတယ်။


ဒါပေမယ့် ဗုဒ္ဓဟူးနေ့က ပါလက်စတိုင်းနွယ်ဖွား ဂျော်ဒန်ဘုရင်မ ရာနီနာက သူ့ရဲ့ အင်စတာဂရမ်မှာ တင်ထားတဲ့ပို့စ်ဟာ ၂၄ နာရီအကြာမှာ ဖြုတ်ချခံလိုက်ရပါတယ်။ ဒါပေမဲ့ ဂျော်ဒန်အစိုးရပိုင်မီဒီယာ AlMamlaka TV က အဲ့ဒီပို့စ်ကို ပြန်လည်ထုတ်ဝေခဲ့ပါတယ်။

ပါလက်စတိုင်း သတင်းထောက် Motaz Azaiza က အစ္စရေးရဲ့ ဗုံးကြဲတိုက်ခိုက်မှုအပြီး ပျက်သုဉ်းသွားသည့် ဂါဇာအခြေအနေကို ပြသထားတဲ့ဗီဒီယိုဖိုင်မှာ ဘုရင်မရဲ့ အင်စတာဂရမ်မှာရေးထားတဲ့စာသားကို ထည့်သွင်းထားခဲ့ပြီး ပူးတွဲနှိုင်းယှဉ်ပြသထားခဲ့ပါတယ်။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုအပြီး ပါလက်စတိုင်းကလေးများ ဒဏ်ရာရရှိပုံကို ပြသထားသည့် “ Eye on Palestine” ဝက်ဘ်ဆိုက်က ဗီဒီယိုကိုလည်း ဘုရင်မက မျှဝေခဲ့ပါတယ်။

အတိတ်ကအကြောင်းအရာ

၂၀၀၅ ခုနှစ်မှာ အစ္စရေးဟာ ဂါဇာကမ်းမြောင်ကနေ သူတို့ရဲ့တပ်တွေကို ဆုတ်ခွာခဲ့ပေမယ့် နယ်မြေအတွင်း ပိတ်ဆို့ထားမှုတွေကို ထိရောက်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး ကုန်း၊ မြေ၊ လေနဲ့ ပင်လယ်တို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။


ဂါဇာကမ်းမြောင်ဒေသအတွင်းမှာ နေထိုင်နေတဲ့ ပါလက်စတိုင်းတွေရဲ့ သွားလာမှုနဲ့ ကုန်စည်စီးဆင်းမှု၊ စီးပွားရေးလုပ်ကိုင်ဆောင်ရွက်တွေကို တင်းကျပ်စွာ တားမြစ်ထားပါတယ်။ အဲ့ဒီအတွက် ဒေသခံပါလက်စတိုင်းတွေဟာ ဂါဇာထဲမှာ နှစ်ပေါင်းများစွာ အစ္စရေးတို့ရဲ့ ပိတ်ဆို့ထားထားခြင်း ခံခဲ့ရပါတယ်။


လက်ရှိပဋိပက္ခ

ဂါဇာမှာ အစ္စရေးတို့ရဲ့ ဆက်လက်တိုက်ခိုက်မှုများဟာ ရာနဲ့ချီတဲ့ပစ်မှတ်တွေနဲ့ လူနေရပ်ကွက်တွေကို ထိမှန်ခဲ့ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ပိုမိုနက်ရှိုင်းစေပါတယ်။ အစ္စရေးပိုင်နက်ထဲကို ဟားမတ်စ် အဖွဲ့ဝင်တွေက ခိုင်ခံ့တဲ့နယ်ခြားစည်းရိုးကို ဖြတ်ကျော်ပြီး စနေနေ့က တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို လုပ်ခဲ့ပါတယ်။ ဟားမတ်စ်သေနတ်သမားတွေဟာ အစ္စရေးစစ်သားတွေနဲ့ အရပ်သား စုစုပေါင်း ၁၂၀၀ ကျော်ကို သတ်ဖြတ်ခဲ့ပြီး ဓားစာခံများကိုလည်း ဖမ်းဆီးခဲ့သည်။


ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် (Mahmoud Abbas) နဲ့ ဂျော်ဒန်ဘုရင် ဟူစိန် (Jordanian King Abdullah II) တို့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့ပြီး မကြာသေးမီက ဖြစ်ရပ်များနှင့် ဂါဇာမှာ တင်းမာမှုတွေ ရပ်တန့်သွားစေရန်အတွက် ဂျော်ဒန်တော်ဝင် ဟာရှီမိုက် (Hashemite) တရားရုံးက ဗုဒ္ဓဟူးနေ့မှာ လူမှုမီဒီယာပေါ်ကို တင်ခဲ့ပါတယ်။

ဒေသတွင်းတင်းမာမှု ရပ်တန့်ရန်၊ ပါလက်စတိုင်းများကို ကာကွယ်ရန် ဂျော်ဒန်ကြိုးပမ်း

နိုင်ငံတကာက အရေးပေါ် အရေးယူဆောင်ရွက်မှုတွေကို ပြုလုပ်ပေးဖို့ ဂျော်ဒန်အနေနဲ့ အပြင်းအထန် ကြိုးပမ်းနေတယ်” လို့ ဂျော်ဒန်ဘုရင် ဟူစိန်က ပြောကြားခဲ့ပါတယ်။ “ပါလက်စတိုင်းနယ်မြေအတွင်း လက်ရှိဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုနဲ့ ရန်လိုမှုတွေက အန္တရာယ်များတဲ့ တိုးမြင့်လာမှုနဲ့ ရန်စမှုတွေက နှစ်နိုင်ငံအစိုးရအဖြစ် အသိအမှတ်ပြုမှုနဲ့ ဖြေရှင်းချက်အပေါ် အခြေခံပြီး တရားမျှတပြီး ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ လိုပါတယ်။ ဒီလိုမှ မလုပ်ရင် ငြိမ်းချမ်းရေးမရဘဲ ကျွန်တော်တို့ ဒေသဟာ ဘယ်တော့မှ မလုံခြုံသလို တည်ငြိမ်မှာ မဟုတ်ဘူးဆိုတာကို အတည်ပြုပြောကြားလိုပါတယ်။


“နှစ်နိုင်ငံဖြေရှင်းချက်ဆိုတာကတော့ အစ္စရေးဘေးမှာ ပါလက်စတိုင်းနိုင်ငံထူထောင်ရန် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်တဲ့ အစီအစဉ်ဖြစ်ပါတယ်။”


အခုသီတင်းပတ်အတွင်း ဂါဇာကမ်းမြောင်ဒေသက ပါလက်စတိုင်းပြည်သူတွေကို ထောက်ခံတဲ့ဆန္ဒပြပွဲတစ်ခုမှာ လူထောင်ပေါင်းများ ဂျော်ဒန်နိုင်ငံ အာမန် (Amman) မြို့ရဲ့ လမ်းတွေပေါ်ကို ထွက်ခဲ့ကြပါတယ်။


ဓာတ်ပုံအညွှန်း။ ၁။ ဂျော်ဒန်ဘုရင်မ ရာနီနာအယ်အဗ္ဗဒူလာ /၂။ ဂျော်ဒန်ဘုရင်နဲ့ ဘုရင်မ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

စားနပ်ရိက္ခာအကူအညီရယူရန် ကြိုးစားနေသော ဂါဇာအရပ်သားများအား တိုက်ခိုက်သည့်လုပ်ရပ်မှာ “အလွန်ဒေါသဖြစ်ဖွယ်ကောင်းသည်” ဟု ကုလသမဂ္ဂပြော

  • 2025 ခုနှစ်၊ ဇွန်လ 4 ရက်
  • 18 Views
ဇွန်လ (၄) ရက်။ စားနပ်ရိက္ခာအကူအညီရယူဖို့ ကြိုးစားနေတဲ့ ဂါဇာအရပ်သားတွေအပေါ် သေစေနိုင်တဲ့ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့တဲ့ အစ္စရေးရဲ့လုပ်ရပ်ဟာ “အလွန် ဒေါသဖြစ်ဖွယ်ကောင်း”
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

ဟားမတ်စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အမေရိကန်၏အဆိုပြုချက်အသစ်ကို အစ္စရေးက လက်ခံလိုက်သည်ဟု အစ္စရေးပြော

  • 2025 ခုနှစ်၊ မေလ 30 ရက်
  • 30 Views
မေလ (၂၉) ရက်။ အမေရိကန်သံတမန် စတိ့ဗ် ဝတ်ကော့ဗ် (Steve Witkoff) ထံမှ ဟားမတ်စ်အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်အသစ်ကို
နိုင်ငံတကာသတင်း လက်ဘနွမ် အရှေ့အလယ်ပိုင်း

‘မနက်ဖြန်မဟုတ်ဘဲ မနေ့ကဘဲ အစ္စရေးကို ထွက်သွားစေချင်တယ်’ လက်ဘနွန် ခေါင်းဆောင်က အစ္စရေးတပ်တွေကို ရုပ်သိမ်းဖို့ ဖိအားပေးဖို့ အမေရိကန်ကို တိုက်တွန်း

  • 2025 ခုနှစ်၊ မေလ 29 ရက်
  • 31 Views
မေလ (၂၈) ရက်။ လက်ဘနွန်တောင်ပိုင်း၏ အစိတ်အပိုင်းနေရာများတွင် အစ္စရေးစစ်တပ်က သိမ်းပိုက် ထားမှုသည် ဆယ်စုနှစ်များစွာကြာ ပဋိပက္ခမှ ရုန်းထွက်နေသည့် နိုင်ငံအတွက် အချုပ်အခြာ အာဏာ ပြန်လည်ရယူရန် ဘေရွတ်၏ ကြိုးပမ်းမှုကို ထိခိုက်စေကြောင်း ဝန်ကြီးချုပ်က CNN
ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း ဥရောပ

ဂါဇာကမ်းမြောင်အခြေအနေအပေါ် အစ္စရေးကို ဂျာမန်အဓိပတိ ဝေဖန်

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 30 Views
“ အရပ်သားတွေရဲ့ ကံကြမ္မာနဲ့ သူတို့ရဲ့ ဆိုးရွားလှတဲ့ဒုက္ခတွေကြောင့် ကျွန်တော်တို့ ဝမ်းနည်းကြေကွဲရပါတယ်” ဟု ဂျာမန်အဓိပတိ ဖရက်ဒရစ်ချ် မာ့ဇ်က ဖင်လန်သို့ သွားရောက်လည်ပတ်စဉ် ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ မြေပြင်စစ်ဆင်ရေးနှင့်ပတ်သက်၍ ၂၇ ရက်နေ့က ပြောကြားခဲ့သည်။ ဂျာမနီသည်
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ရက်သတ္တပတ်များစွာ ငတ်မွတ်နေပြီးနောက် ဂါဇာတွင် အမေရိကန်၏ အကူအညီများ ဖြန့်ဝေမှု ပထမနေ့တွင် ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့သည်။

  • 2025 ခုနှစ်၊ မေလ 28 ရက်
  • 31 Views
မေလ (၂၈) ရက်။ မေလ (၂၇) ရက် အင်္ဂါနေ့တွင် အငြင်းပွားဖွယ် အမေရိကန် ကျောထောက်နောက်ခံပြုအဖွဲမှ ဂါဇာတွင် ထောက်ပံ့မှုပေးသည့်နေရာ၌ အစားအသောက်များကို ရယူကြရန် ထောင်နှင့်ချီသော ပါလက်စတိုင်းသားများ ရောက်ရှိလာမှုကြောင့် ပရမ်းပတာ ဖြစ်ပွားခဲ့ပြီး အစ္စရေးစစ်သားများက
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ဂါဇာမှာ ကြီးမားတဲ့ မြေပြင်ကျူးကျော်ထိုးစစ် ပြုလုပ်ခဲ့ကြောင်း အစ္စရေး ကြေညာ

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 60 Views
မေလ (၁၈) ရက်။ အစ္စရေးစစ်တပ်သည် ပါလက်စတိုင်းထိန်းချုပ်ထားသော ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ကြီးမားသောမြေပြင်ကျူးကျော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ၁၈ ရက်နေ့တွင် ကြေညာခဲ့သည်။ ရိုက်တာနှင့် အခြားသတင်းအေဂျင်စီများ၏ အဆိုအရ အစ္စရေးနှင့် အစ္စလမ္မစ်အဖွဲ့ ဟားမတ်စ်တို့သည် ကာတာနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေး
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း

အီရန်အပေါ် ရန်လိုတဲ့ထရန့်ဟာ “ အဆင့်နိမ့်လွန်းတယ်” လို့ အီရန်ခေါင်းဆောင်ပြော

  • 2025 ခုနှစ်၊ မေလ 18 ရက်
  • 65 Views
မေလ (၁၇) ရက်။ အရှေ့အလယ်ပိုင်းခရီးစဉ်အတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အီရန်အပေါ် ရန်လိုတဲ့ မှတ်ချက်စကားကို သူ့အနေနဲ့ တုံ့ပြန်ရန်မထိုက်တန်ဘူးလို့ ၁၇ ရက်နေ့က အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီ ခါမေနီက မိန့်ခွန်းပြောရာမှာ ထည့်သွင်းပြောကြားခဲ့တယ်လို့ အီရန်မီဒီယာတွေရဲ့
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အမေရိကန် အရှေ့အလယ်ပိုင်း

နယူးယောက်တက္ကသိုလ်တွင် ဂါဇာ၌ ဖြစ်ပွားနေသော စစ်ပွဲများကို ရှုတ်ချကြောင်း မိန့်ခွန်းပြောအပြီးတွင် ဘွဲ့ရပြီးကျောင်းသားကို ဘွဲ့လက်မှတ်ဆိုင်းငံ့

  • 2025 ခုနှစ်၊ မေလ 17 ရက်
  • 50 Views
မေလ (၁၇) ရက်။ ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသော“လူမျိုးတုံးသတ်ဖြတ်မှု” ကို ရှုတ်ချကြောင်း မိန့်ခွန်းပြောဆိုခဲ့သည့် တက္ကသိုလ်ကျောင်းသားတစ်ဦး၏ ဒီပဘွဲ့လက်မှတ်ကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း နယူးယောက်တက္ကသိုလ်မှ ကြေညာခဲ့သည်။ အဆိုပါ ကျောင်းသားသည် တက္ကသိုလ်စည်းမျဉ်းများကို လိုက်နာရန် ၎င်း၏ကနဦးကတိကို ချိုးဖောက်ခဲ့ကြောင်း တက္ကသိုလ်က