နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇန်နဝါရီလ 7 ရက်

Myanmar Politics

Myanmar Politics မြန်မာသတင်း

စစ်ရေးပစ်မှတ်များကို ဖျက်သိမ်းတော့မည်မဟုတ်ကြောင်း ပွဲများမှာ ပျော်ပါးနေတဲ့ရေပေါ်ဆီများကို U.S.O မြို့ပြ​ပြောက်ကျားအဖွဲ့က သတိပေး

ရန်ကုန်မြို့ မြို့ပြအထူးစစ်ဆင်ရေးတွေ လုပ် ဆောင်သွားမယ်လို့ကြေညာခဲ့တဲ့ Urban Special Operation U.S.O မြို့ပြ​ပြောက်ကျားအဖွဲ့က စစ်ရေးကို အရှိန်မြှင့်လုပ်ဆောင်သွားမှာဖြစ်ပြီး စစ်ရေးပစ် မှတ်တွေကို ဖျက်သိမ်းတော့မှာမဟုတ်ကြောင်း ပွဲ‌တွေမှာ ပျော်ပါးနေတဲ့ရေပေါ်ဆီ‌တွေကို သတိပေးလိုက်ပါတယ်။


စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပြတွေကို ပုံမှန်အခြေအနေမျိုးရအောင် စစ်ကောင်စီက ဖန်တီးနေပြီး နိုက်ကလပ်၊ ဘားတွေနဲ့အတူ အခုတစ်ဖန် လူငယ်တွေ ကြိုက်နှစ်သက်တဲ့ EDM လို့ ခေါ်တဲ့ အီလက်ထရောနစ်ဂီတ ကပွဲတွေကို ကျင်းပခွင့်ပြုနေတာဖြစ်ပါတယ်။


“ ဒုက္ခဆင်းရဲမျိုးစုံ၊ ဝမ်းနည်းမှုမျိုးစုံ ကြုံတွေ့နေရချိန်တစ်ဖက်မှာ ရေပေါ်ဆီမိသားစု အသိုင်းအဝိုင်း‌ တွေမှာ နေ့စဉ် သောက်စား ပျော်ပါး ပျော်ပွဲရွှင်ပွဲများပြုလုပ်နေတာက လွန်စွာရုပ်ဆိုးအကျည်းတန်ပြီးစစ်ဆင်ရေး ပစ်မှတ်မှာပါဝင်နေပါက လုံးဝ ရှောင်ကွင်း ဖျက်သိမ်းသွားမှာမဟုတ်ကြောင်းနဲ့ တာဝန်ယူမှာမဟုတ်ကြောင်း ရေပေါ်ဆီ အသိုင်း အဝိုင်းနဲ့ အမိမြေနဲ့ မထိုက်တန်တဲ့လူတန်းစားတွေ ကို နှိုးဆော်ထားတယ်” လို့ U.S.O ကသတိပေးထားတာဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းမှာ စစ်ဖြစ်ပွားနေချိန် ပြည်သူသိန်းနဲ့ချီ စစ်ဘေးရှောင်နေရချိန်မှာ ရန်ကုန်မြို့ကြီးမှာတော့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ အချိန်အခါမဟုတ်သေး‌ ကြောင်းကိုလည်း နိုင်ငံ‌ရေးအသိုင်းအဝိုင်းထောက် ပြကြပါတယ်။

U.S.O ဟာ ရန်ကုန်မြို့၌ မြို့ပြအထူးစစ်ဆင်ရေး‌ တွေ လုပ်ဆောင်သွားမှာလို့ စက်တင်ဘာ ၁၅ ရက်မှာ ကြေညာခဲ့ပြီး တစ်လအတွင်း စစ်ဆင်ရေး လေးခု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

ဝက်လက်နယ်ထဲ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် (၂)လသားအရွယ်အပါအဝင် (၃)ဦးသေဆုံး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 15 Views
ဇန်နဝါရီလ (၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီခွဲကျော်အချိန်က ဝက်လက်နယ်တောင်ခြမ်း ပေါက်ကန်ဘူတာရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေထံက သိရပါတယ်။
မြန်မာသတင်း

ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ပြော

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 16 Views
ဇန်နဝါရီလ (၆)ရက်။ ဧရာဝတီမြစ်ကြီး ထာဝရစီးဆင်းနိုင်ဖို့ တော်လှန်ရေးမဟာမိတ်တွေနဲ့ ပူးပေါင်းကာ အစွမ်းကုန်ဆောင်ရွက်သွားမယ်လို့ NUG ဝန်ကြီးချုပ်ရုံး ပြောခွင့်ရ ဦးနေဘုန်းလတ်က ဒီကနေ့
မြန်မာသတင်း

ခင်ဦးနယ်မှာ စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်း ဗုံးကြဲခံရပြီး (၅)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 17 Views
ဇန်နဝါရီလ (၆)ရက်။ မနေ့က ည (၈)နာရီခွဲခန့်က ခင်ဦးနယ်အရှေ့ခြမ်း ကုန်းကြီးရွာရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ ခင်ဦးနယ်အရှေ့ခြမ်း လမ်းဆုံအရှေ့ဘက်က ကုန်းကြီးရွာစာသင်ကျောင်းကို လေကြောင်းကနေ ဗုံးလာကြဲသွားတာ။ အဲ့ဒီစာသင်ကျောင်းမှာက မန္တလေး
မြန်မာသတင်း

ဝန်းသိုမြို့နေပြည်သူတွေ အခုရက်ပိုင်းထဲ မြို့ထဲကနေ ထွက်ခွာပေးကြဖို့ WPDF ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 6 ရက်
  • 16 Views
ဇန်နဝါရီလ (၆)ရက်။ ဝန်းသိုမြို့ရှိ စစ်တပ်ကို ထိုးစစ်ဆင် တိုက်ခိုက်မှာဖြစ်တာကြောင့် မြို့နေပြည်သူတွေ ထွက်ခွာပေးကြဖို့ ဝန်းသို-PDF က မနေ့က ထုတ်ပြန်အသိပေးထားတယ်လို့ သိရပါတယ်။ ဝန်းသိုမြို့ထဲ နေထိုင်နေတဲ့ ပြည်သူတွေကို ကောလင်းခရိုင်အမှတ်(၄)တပ်ရင်း-WPDF က ဇန်နဝါရီလ (၉)ရက်နေ့
မြန်မာသတင်း

မူးမြို့မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရသူ (၃)ဦး KNLA ထံ အလင်းဝင်

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 35 Views
ဇန်နဝါရီလ (၅)ရက်။ ဇန်နဝါရီလ (၂)ရက်နေ့က မူးမြို့နယ်မှာ စစ်တပ်ရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစေခိုင်းခံရတဲ့ တပ်သား (၃)ဦး လက်နက်ချ အလင်းဝင်လာတယ်လို့ KNU ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတပ်သား (၃)ဦးဟာ စစ်တပ်ရဲ့
မြန်မာသတင်း

NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 29 Views
ဇန်နဝါရီလ (၅)ရက်။ ဒီဇင်ဘာလ (၂၈)ရက်နေ့က လွတ်မြောက်နယ်မြေ တနေရာမှာ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ားချက်အရ သိရပါတယ်။ NUG နဲ့ မန္တလေးဒေသ ကြားကာလအုပ်ချုပ်ရေးကောင်စီတို့ဟာ လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း(Division of
မြန်မာသတင်း

ဆားလင်းကြီးမြို့ရှိ တိုက်နယ်ဆေးရုံကို စစ်တပ် လေကြောင်းဗုံးကြဲ၊ CDM ဆရာဝန်တဦးအပါအဝင် (၃)ဦးသေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 29 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က နေ့လယ် (၂)နာရီခန့်က ဆားလင်းကြီးမြို့အနောက်ခြမ်းရှိ တိုက်နယ်ဆေးရုံကို စစ်တပ်က ဂိုင်ရိုကော်ပတာနဲ့ လေကြောင်းဗုံးကြဲခဲ့တယ်လို့ နွေဦးရောင်နီ သတင်းမှန်ပြန်ကြားရေးထံက သိရပါတယ်။ “ နမခဘက်ကတက်လာတဲ့ ဂိုင်ရိုကော်ပတာ (၃)စီးနဲ့ ဆားလင်းကြီးအနောက်ခြမ်း မတောင့်တတိုက်နယ်ဆေးရုံကို ဗုံး(၃)ကြိမ်ကြဲသွားတာ။
မြန်မာသတင်း

ဟားခါးမှာ စစ်တပ်ရဲ့ လေကြောင်းဗုံးကြဲတာကြောင့် မိသားစုဝင် (၄)ဦး ထိခိုက်သေဆုံးခဲ့

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 5 ရက်
  • 21 Views
ဇန်နဝါရီလ (၅)ရက်။ မနေ့က ည (၁၂)နာရီကျော်အချိန်က ဟားခါးမြို့ရှိ ကျေးရွာအချို့ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသထဲသတင်းတွေထံက သိရပါတယ်။ “ မနေ့က ည (၁၂)နာရီကျော်လောက် Halta ရွာနဲ့ Haiphai ရွာကို