၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၅) ရက်၊ ခေတ်မျက်လုံး။
မဟာမိတ်တပ်ဖွဲ့ ဝင်တွေနဲ့ လက်တွဲပြီးစစ်အာဏာ ရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး အတူတကွတိုက်ပွဲဝင်သွားမယ်လို့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက အောက်တိုဘာ (၂၂) ရက်မှာ မဟာမိတ်အဖွဲ့တွေကို ပေးပို့တဲ့ ဂုဏ်ပြုမှတ်တမ်းတင်စာမှာ ထည့်သွင်းပြောဆိုထားပါတယ်။
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် လိုင်ဇာအနီးရှိ လိုင်လွမ်အောင်ဂျာ စစ်ကောင်စီ တပ်စခန်း (၃) ခုကို သိမ်းယူခဲ့ပြီး နောက်တစ်ရက်မဟာမိတ်အဖွဲ့ဝင်တွေထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။
ကချင်လွတ်လပ်ရေး တပ်မတော် (KIA) စစ်ဦးစီးချုပ်က ရက္ခိုင့်တပ်တော် (AA) ၊ ပြည်သူ့ကာကွယ် ရေး တပ်မတော် (PDF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (မြောက်ပိုင်း) (ABSDF-NB)၊ ချင်းအမျိုးသား တပ်မတော် (CNA) နဲ့ ကူကီးအမျိုးသားတပ်မတော် (မြန်မာပြည်) (KNA-Burma) တို့ထံ KIA စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ခေါင်လွမ်းက ဂုဏ်ပြု မှတ်တမ်းတင်စာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။