နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 17 ရက်

အရှေ့အလယ်ပိုင်း

အရှေ့အလယ်ပိုင်း

ဂါဇာတွင် လေကြောင်းတိုက်ခိုက်မှုအတွင်း အယ်လ်ဂျာဇီးရားက ဂါဇာရှိဗျူရိုအကြီးအကဲ၏ မိသားစုများ သေဆုံး

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၆) ရက်၊ ဂါဇာ။

ကာတာဂြိုလ်တုရုပ်သံလိုင်း အယ်လ်ဂျာဇီးရားက ပါလက်စတိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဂါဇာရှိ ဗျူရိုအကြီးအကဲ ဝါအင်အယ်လ်ဒါဒူ (Wael al-Dahdou) ၏ မိသားစုသည် အောက်တိုဘာလ (၂၅) ရက်နေ့တွင် အစ္စရေး၏လေကြောင်းတိုက်ခိုက်မှုတစ်ခုအတွင်း သေဆုံးသွားကြောင်း ကြေညာခဲ့သည်။

ဗုံးပေါက်ကွဲမှုကြောင့် မိသားစုများ ခိုလှုံရာ ဂါဇာအလယ်ပိုင်းရှိ အဆောက်အအုံ တစ်ခုလုံး ပေါက်ကွဲပျက်စီးသွားခဲ့သည်။

သေဆုံးသွားသူများမှာ အယ်လ်ဒါဒူ၏ ဇနီး၊ သား၊ သမီးနှင့် မြေးများ ဖြစ်သည်။ CNN သည် အဆောက်အအုံ ပေါက်ကွဲမှု ဖြစ်ပွားရသည့် အကြောင်းရင်းကို သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။ အယ်လ်ဂျာဇီးရားသည် ပေါက်ကွဲမှုသည် အစ္စရေးလေကြောင်းတိုက်ခိုက်မှုနှင့် တိုက်ရိုက်ဆက်စပ်နေသည့် အထောက်အထား ဖော်ပြောခဲ့ခြင်း မရှိခဲ့ပေ။

အယ်လ်ဂျာဇီးရာ ဂါဇာရှိ ဗျူရိုအကြီးအကဲ ဝါအင်အယ်လ်ဒါဒူ (Wael al-Dahdou) (အလယ်) ကို (၂၅) ရက်နေ့က တွေ့ရစဉ်။
CNN

မှတ်ချက်ပေးရန် CNN သည် အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) သို့ ဆက်သွယ်ခဲ့သော်လည်း တုံ့ပြန်မှု မရရှိသေးပေ။

ဗီဒီယိုထဲတွင် အယ်လ်ဒါဒူသည် အဝတ်ဖြူနှင့်ပတ်ထားသည့် သားဖြစ်သူ၏ ခန္ဓာကိုယ်ဘေးမှာ ရပ်နေရင်း ငိုနေသည်ကို မြင်တွေ့ခဲ့ရပါသည်။ သူ့မြေးလေးကို ကိုင်ပြီး ဆေးရုံကို ဖြတ်လျှောက်သွားနေတာကိုလည်း တွေ့နေရပါတယ်။

Al-Dahdou ၏ သားနှင့်သမီးသည် အသက် ၁၅ နှစ်နှင့် ၇ နှစ် အသီးသီးရှိကြသည်ဟု အယ်လ်ဂျာဇီးရားသတင်းတွင် ဖော်ပြထားသည်။

အစ္စရေးစစ်တပ်သည် လူဦးရေထူထပ်သော ဂါဇာကမ်းမြှောင်ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသည်။ လူပေါင်း ၆၄၀၀ ကျော်သေဆုံးပြီး ၁၇၀၀၀ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေး ဝန်ကြီးဌာနမှ ကိန်းဂဏန်းများကို ထုတ်ပြန်ခဲ့ပြီး ဟားမတ်စ် ထိန်းချုပ်ထားသော ဂါဇာကမ်းမြှောင်ရှိ ကျန်းမာရေး အာဏာပိုင်များက အချက်အလက်များကို ပြုစုခဲ့သည်။

ကမ္ဘာတဝှမ်းရှိ သတင်းသမားများ၏ အခွင့်အရေးများကို အကာအကွယ်ပေးသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် CPJ က ဂါဇာ ပဋိပက္ခအတွင်း ယနေ့ အချိန်ထိ အနည်းဆုံး သတင်းထောက် ၂၄ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ ၎င်းတို့အနက် ၂၀ ဦးမှာ ပါလက်စတိုင်း၊ ၃ ဦးမှာ အစ္စရေးဖြစ်ပြီး တစ်ဦးမှာ လက်ဘနွန်ဖြစ်သည်။

Source: CNN, အယ်လ်ဂျာဇီးရာ

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း အီရန်

၂၀၂၃ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နာဂက်စ် မိုဟာမက်ဒီကို အီရန်တွင် ဖမ်းဆီး၊ ထောက်ခံသူများက ပြောကြား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 14 ရက်
  • 47 Views
BBC- ၂၀၂၅ခုနှစ်ဒီဇင်ဘာလ ၁၃ရက် အီရန်လုံခြုံရေးတပ်ဖွဲ့ဝင်များက နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင်နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားသူ နာဂက်စ် မိုဟာမက်ဒီ ကို “ အကြမ်းဖက်စွာ
နိုင်ငံတကာသတင်း ပါလက်စတိုင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဖက်ကမ်း (Gaza-West Bank)

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 28 ရက်
  • 68 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ၊၂၈ရက် အနောက်ဖက်ကမ်း၊ ဂျန်နင်မြို့တွင် လက်နက်ချသူနှစ်ဦးကို ပစ်သတ်မှုနှင့်ပတ်သက်၍ အစ္စရေးစစ်ဘက် စုံစမ်းစစ်ဆေးမည် အစ္စရေးအာဏာပိုင်များသည် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်းဒေသ၌ လက်နက်ချအညံ့ခံသည့်
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာနှင့် အနောက်ဘက်ကမ်းဒေသ နောက်ဆုံးရ သတင်းများ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 26 ရက်
  • 79 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၆ရက် လက်ရှိအချိန်သည် အမေရိကန်ကြားဝင်စေ့စပ်မှုဖြင့် အစ္စရေးနှင့် ဟားမတ်စ်တို့အကြား ချုပ်ဆိုထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ ပထမအဆင့် ပြီးဆုံးလုနီးပါး အခြေအနေတွင် ရှိနေပြီး၊ လတ်တလော အဓိက ဖြစ်ပေါ်တိုးတက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ ၁။
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

နေတန်ယာဟုက မြင့်တက်လာသော အစွန်းရောက် အကြမ်းဖက်မှုဖြစ်လာမှုများအတွက် အစည်းအဝေး ခေါ်ယူနေချိန်တွင် အနောက်ဖက်ကမ်းရှိ ကားဂိုဒေါင်ဟောင်းကို အစ္စရေးအခြေချနေထိုင်သူများက မီးရှို့တိုက်ခိုက်ဖျက်ဆီးခဲ့

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 21 ရက်
  • 89 Views
၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၂၁ရက် ဂျေရုဆလင် —အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုသည် အစ္စရေးအခြေချနေထိုင်သူများ၏ အကြမ်းဖက် လုပ်ဆောင်မှုများအပေါ် လုံခြုံရေးအစည်းအဝေးတစ်ခု ကျင်းပနေချိန်တွင် သိမ်းပိုက်ထားသော အနောက်ဖက်ကမ်း(West Bank) ဒေသ၌ အစ္စရေးအခြေချနေထိုင်သူများသည် ပါလက်စတိုင်းသားများ၏ ကားများကို မီးရှို့ဖျက်ဆီးခဲ့သည်။
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးအခြေချနေထိုင်သူ ဒါဇင်များစွာက အနောက်ဘက်ကမ်းတွင် မီးရှို့တိုက်ခိုက်မှု စတင်ပြုလုပ်၊ ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ မြင့်တက်လာ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 12 ရက်
  • 92 Views
CNN- ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၃ရက် သိမ်းပိုက်ထားသော အနောက်ဘက်ကမ်း (West Bank) ရှိ စိုက်ပျိုးရေးနယ်မြေတစ်ခု၌ အစ္စရေးအခြေချနေထိုင်သူ ဒါဇင်များစွာသည် အင်္ဂါနေ့ညနေပိုင်းတွင် မီးရှို့တိုက်ခိုက်မှု တစ်ခုကို စတင်ပြုလုပ်ခဲ့ကြောင်း ထိုဒေသရှိ ပါလက်စတိုင်း တက်ကြွလှုပ်ရှားသူများက
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

ဂါဇာမှ မိုတက်ဇ်အာဇိုင်ဇာ (Motaz Azaiza) ၏ ဓာတ်ပုံများသည် စစ်ပွဲ၏ ကြေကွဲဖွယ်ရာများကို ပြသခဲ့သည်။ ယခု အမေရိကန်တွင် ရှေ့သို့သွားမည့်လမ်းကို ရှာဖွေနေသည်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 118 Views
၂၀၂၅ ခုနှစ်၊ နိုဝင်လာလ (၁၀) ရက် မိုတက်ဇ်အာဇိုင်ဇာသည် စစ်ပွဲ၏ ထိတ်လန့်ဖွယ်ရာများကို မျက်မြင်တွေ့ရှိခဲ့ရသူဖြစ်သည်။ ယခုအခါ သူသည် လူသားမျိုးနွယ်အပေါ် ၎င်း၏ ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရန် ကြိုးစားနေသည်။ ရက်ပေါင်း ၁၀၇ ရက်တာကာလပတ်လုံး သူသည်
ဆီရီးယား နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

ဂျီဟတ်ဝါဒီအကြမ်းဖက်သမားဘဝမှ သမ္မတဖြစ်လာသူ ဆီးရီးယားခေါင်းဆောင်၏ အိမ်ဖြူတော်ခရီးစဉ်တွင် ထူးခြားသောအသွင်ကူးပြောင်းမှုဖြင့်အထွတ်အထိပ်သို့ ရောက်ရှိ

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 117 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ ၁၀ရက် လျင်မြန်သော အာဏာသိမ်းယူမှု ပြုလုပ်ပြီး တစ်နှစ်မပြည့်မီ ကာလအတွင်း၊ ဆီးရီးယား သမ္မတသည် ဂျီဟတ်ဝါဒီဘဝမှ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံ့ခေါင်းဆောင်တစ်ဦး ဖြစ်လာသည့် ၎င်း၏ အသွင်ကူးပြောင်းမှုကို အိမ်ဖြူတော်သို့ သမိုင်းဝင်ခရီးစဉ်ဖြင့် အဆုံးသတ်လိုက်သည်။
တူရကီ နိုင်ငံတကာသတင်း အစ္စရေး အရှေ့အလယ်ပိုင်း

တူရကီနိုင်ငံက နေတင်ယာဟုနှင့် အခြားအစ္စရေးအရာရှိများကို ‘လူမျိုးတုံးသတ်ဖြတ်မှု’ ဖြင့် ဖမ်းဝရမ်းထုတ်

  • 2025 ခုနှစ်၊ နိုဝင်ဘာလ 9 ရက်
  • 105 Views
CNN- ၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၈)ရက် တူရကီနိုင်ငံသည် သောကြာနေ့တွင် အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတင်ယာဟု (Benjamin Netanyahu) နှင့် အခြားသော အစ္စရေးအရာရှိ ဒါဇင်ပေါင်းများစွာကို “လူမျိုးတုံးသတ်ဖြတ်မှု” စွဲချက်ဖြင့် ဖမ်းဝရမ်းများ ထုတ်ပြန်ခဲ့သည်။ အစ္စတန်ဘူလ်