နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းထောက်ခံတဲ့ လူအများအပြားပါတဲ့ ဆန္ဒပြပွဲကြီးကြောင့် နယူးယောက်မြို့ ဘရွတ်ကလင်းတံတားကို ရဲတပ်ဖွဲ့က ယာယီပိတ်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ နယူးယောက်။

နယူးယောက်တွင် အောက်တိုဘာ ၂၈ ရက်က ပါလက်စတိုင်း ထောက်ခံတဲ့ ဆန္ဒပြပွဲတစ်ခုအတွင်း လူအများအပြားဟာ ဘရွတ်ကလင်းတံတားကို ဖြတ်ကျော်ကာ လမ်းလျှောက်ချီတက်ပြီး ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပါတယ်။

ပါလက်စတိုင်း လိုလားတဲ့ ဆန္ဒပြသူအုပ်စုကြီးဟာ အဲ့ဒီလမ်းကြောင်းအတိုင်း ဦးတည်သွားပြီးနောက် နယူးယောက်ရှိ ဘရွတ်ကလင်းတံတား၏ လမ်းသွားလမ်းလာများအားလုံးကို ရဲတပ်ဖွဲ့က စနေနေ့တွင် ယာယီပိတ်လိုက်ပါတယ်။

ဒေသန္တရအစိုးရ၏ NotifyNYC ဝန်ဆောင်မှုရဲ့ သတိပေးချက်တစ်ခုအရ အဲ့ဒီတံတားဟာ မန်ဟက်တန်နဲ့ ရပ်ကွက်နှင့် ဆက်သွယ်ထားတဲ့ လမ်းကြောင်းနှစ်ခုလုံးကို ပိတ်ထားတယ်လို့ သိရပါတယ်။

ချီတက်ပွဲကို ညနေ ၃ နာရီမှာ ဘရွတ်ကလင်းပြတိုက်မှာ စတင်ခဲ့ပါတယ်။ ညနေ ၄ နာရီမှာ ဘာကလေစင်တာ (Barclays Center) ကွင်းရှေ့တွင် ဆက်လက်ကျင်းပခဲ့ပါတယ်။

ဆန္ဒပြပွဲတွင် ငါတို့ရှင်သန်နေတဲ့ဘဝအတွင်း (Within Our Lifetime) ရဲ့ ပို့စ်တစ်ခုအရ Brooklyn Bridge တွင် အဆုံးသတ်ခဲ့ပါတယ်။ “ဘရွတ်ကလင်းပြတိုက်မှာ ကျွန်တော်တို့ကို ပူးပေါင်းပါ ဒါမှမဟုတ် ချီတက်ပြီး တစ်နေ့တာလုံး ကျွန်ုပ်တို့နဲ့ အတူတကွရှိနေပါ” ဟု ပါလက်စတိုင်းဦးဆောင်တဲ့ အသိုင်းအဝိုင်းအဖွဲ့အစည်းမှ ပို့စ်တစ်ခုတွင် ဖော်ပြထားပါတယ်။ “ သူတို့က ငါတို့ကို နှုတ်ပိတ်ဖို့ ကြိုးစားလေ၊ ငါတို့ကို ဖိနှိပ်လေ၊ ငါတို့ကို လမ်းပေါ်ထွက်အောင် တွန်းထုတ်လေ၊ ငါတို့ရဲ့ အရေအတွက် များလေလေ၊ ငါတို့ အသံပိုကျယ်လောင်လာလေဖြစ်လာမှာပဲ” လို့ သူကဆိုပါတယ်။

နယူးယောက်မြို့ ရဲဌာနက ဒီဆန္ဒပြပွဲဟာ အကြမ်းဖက်မှု မရှိဘဲ အခုအချိန်မှာ ဆန္ဒပြသူတွေနဲ့ ဘယ်လိုရုန်းရင်းဆန်ခတ်မှု ဖြစ်ရပ်မျိုးမျှ မရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

လူဦးရေအထူထပ်ဆုံး အမေရိကန် နယူးယောက်မြို့မှာ အခုသီတင်းပတ်ကုန်မှာ ပြုလုပ်ခဲ့တဲ့ လူထုစည်းဝေးပွဲဟာ လန်ဒန်မှာ ပါလက်စတိုင်းအတွက် ချီတက်ပွဲ အပါအဝင် တစ်ကမ္ဘာလုံးတွင် မြင်တွေ့ခဲ့ရတဲ့ ချီတက်ပွဲတစ်ခုဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ပွဲအကူးအပြောင်းတွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်မဟွန်း (Linda McMahon) ကို ပညာရေးဝန်ကြီးအဖြစ် ထရန့်ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 8 Views
နိုဝင်ဘာလ (၂၀) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ပညာရေးဌာန၏ နောက်လာမည့်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ၎င်း၏ရွေးကောက်ပွဲအကူးအပြောင်းတွင် တွဲဖက်ဥက္ကဋ္ဌ လင်ဒါမက်မဟွန်း (Linda
နိုင်ငံတကာသတင်း အမေရိကန်

ထရမ့်ခန့်အပ်မယ့် နိုင်ငံခြားရေးဝန်ကြီး လက်တီနိုမျိုးဆက် မာကိုရူဘီယို (Marco Rubio)

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 12 Views
——————————————– ဒေါ်နယ်ထရန့်သည် အမေရိကန် အထက်လွှတ်တော်အမတ် မာကိုရူဘီယိုကို နိုင်ငံခြားရေးဝန်ကြီးအဖြစ် ခန့်အပ်ရန် မျှော်လင့်ထားကြောင်း သတင်းရင်းမြစ်များက ပြောကြားထားပြီး ဖလော်ရီဒါပြည်နယ်ဖွား ရှေ့နေနိုင်ငံရေးသမားသည်
နိုင်ငံတကာသတင်း အမေရိကန်

ရောဘတ်အက်ဖ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ထရမ့် ရွေးချယ်အဆိုပြု

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 13 Views
နိုဝင်ဘာလ (၁၅) ရက်။ ရွေးကောက်ခံသမ္မတ ထရမ့်သည် ရောဘတ်အက်ဖ်ကနေဒီဂျူနီယာကို ကျန်းမာရေးဝန်ကြီးအဖြစ် ရွေးချယ်ရန် အဆိုပြုလိုက်ပြီဖြစ်သည်။ လာမည့်ထရမ့်အစိုးရတွင် ဝေဖန်ဆန့်ကျင်ခံရမည့် ရွေးချယ်မှုဖြစ်ပြီး ထရမ့်သည် မေးခွန်းထုတ်စရာပုဂ္ဂိုလ်ကို ထပ်မံရွေးချယ်လိုက်ပြန်ပြီ ဖြစ်သည်။ပတ်သက်၍ တုံ့ပြန်မှုကို လှုံ့ဆော်နိုင်သည့် နောက်ထပ် ဝန်ထမ်းအပြောင်းအလဲ
နိုင်ငံတကာသတင်း အမေရိကန်

ပိ့ဟက်ဂ်ဆက် သည် အမေရိကန်စစ်တပ်ကို ပြန်လည်ပြုပြင်ပြောင်းလဲသွားရန် အစီအစဉ်ရှိပြီး “ဗိုလ်ချုပ် တစ်တန်လောက်ကို ထုတ်ပစ်ရမယ်” ဟု ဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 15 ရက်
  • 14 Views
နိုဝင်ဘာလ (၁၅) ရက်။ ထရန့်သည် ဟက်ဂ်ဆက်ကို ကာကွယ်ရေးဝန်ကြီးအဖြစ် သူ၏အစိုးရ အမည်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း အင်္ဂါနေ့တွင် ကြေညာခဲ့သည်။ နာရီပေါင်းများစွာ ပေါ့တ်ကာစ်နှင့် ရုပ်မြင်သံကြား အင်တာဗျူးများတွင် တပ်မတော်မှ စစ်မှုထမ်းဟောင်းနှင့် Fox News အစီအစဉ်တင်ဆက်သူ
နိုင်ငံတကာသတင်း အမေရိကန်

ရီပတ်ဘလီကန်တွေ သမ္မတရွေးကောက်ပွဲနဲ့ အထက်လွှတ်တော်မှာ အနိုင်ရပြီးနောက် အောက်လွှတ်တော်မှာလည်း ရီပတ်ဘလီကန်အများစု အနိုင်ရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 21 Views
နိုဝင်ဘာလ (၁၄) ရက်။ ရီပတ်ဘလစ်ကန်ပါတီသည် အမေရိကန် သမ္မတရွေးကောက်ပွဲနှင့် တွဲဖက်ကျင်းပသည့် အထက်လွှတ်တော်နှင့် အောက်လွှတ်တော် ရွေးကောက်ပွဲများတွင် အများစု အနိုင်ရသွား ပြီဖြစ်သည်။ ရလဒ်အနေဖြင့် ရီပတ်ဘလီကန်ပါတီသည် ရွေးကောက်ခံသမ္မတ ထရန့်လက်ထက်တွင် သီးသန့်အာဏာရရှိမည်ဖြစ်ပြီး လက်ယာယိမ်းများ လွှမ်းမိုးသည့်ခေတ်သစ်ကို
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်သည် Fox သတင်းတင်ဆက်သူနှင့် စစ်ပြန် ပိ့ဟက်ဂ်ဆက် (Pete Hegseth) ကို ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ရန် ရွေးချယ်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 23 Views
နိုဝင်ဘာလ (၁၄) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်သည် ၎င်း၏ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်း ဆောင်ရန် Fox News သတင်းဌာန၏ စီစဥ်တင်ဆက်သူနှင့် စစ်မှုထမ်းဟောင်းတဦးဖြစ်သူ ပိ့ဟက်ဂ်ဆက်ကို ရွေးချယ်ခဲ့သည်။ ပိ့ဟက်ဂ်ဆက်ကို ရွေးချယ်မှုသည် ထရန့်၏အဖွဲ့၀င်များမှ ဖြစ်နိုင်ခြေရှိသော
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 26 Views
ဒေါ်နယ်ထရန့်နဲ့ ပူတင်တို့ ဖုန်းပြောဆိုမှုအပေါ် ကရင်မလင်ဘက်က ငြင်းချက်ထုတ်ပြန် +++++++++++ အမေရိကန်ရွေးကောက်ခံသမ္မတဒေါ်နယ်ထရန့်ဟာ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ ရုရှားသမ္မတပူတင်နဲ့ ဖုန်းပြောဆို ဆွေးနွေးမှုတချို့လုပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို ကရင်မလင်ဘက်က ငြင်းဆိုလိုက်ပါတယ်။ ဝါရှင်တန်ပို့စ်သတင်းစာက အမည်မဖော်ပြတဲ့ သတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေါ်နယ်ထရန့်နဲ့
နိုင်ငံတကာသတင်း အမေရိကန်

ထရန့်က အငြင်းပွားဖွယ်အမိန့်ကို ထုတ်ပြန်ပါက မည်သို့တုံ့ပြန်ရမည်ကို ပင်တဂွန်အရာရှိများက ဆွေးနွေးနေ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်
  • 65 Views
နိုဝင်ဘာလ (၁၀) ရက်၊ CNN။ အကယ်၍ ဒေါ်နယ်ထရန့်က ပြည်တွင်းတွင် လက်ရှိတာဝန်ထမ်းဆောင်ရန် အဆင်သင့်တပ်များကို ချထားရန် အမိန့်ပေးခဲ့ပြီး နိုင်ငံရေးနှင့်ပတ်သက်သည့် ဝန်ထမ်းအမြောက်အများကို ထုတ်ပယ်ပစ်ပါက ကာကွယ်ရေးဝန်ကြီးဌာအနေနှင့် မည်သို့တုံပြန်သင့်သည်ကို ပင်တဂွန်တွင် ကာကွယ်ရေးအရာရှိများက ယေဘူယျအားဖြင့် ဆွေး‌နွေးခဲ့ကြကြောင်း