နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

အမေရိကန်

အမေရိကန် အရှေ့အလယ်ပိုင်း

ပါလက်စတိုင်းထောက်ခံတဲ့ လူအများအပြားပါတဲ့ ဆန္ဒပြပွဲကြီးကြောင့် နယူးယောက်မြို့ ဘရွတ်ကလင်းတံတားကို ရဲတပ်ဖွဲ့က ယာယီပိတ်

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၉) ရက်၊ နယူးယောက်။

နယူးယောက်တွင် အောက်တိုဘာ ၂၈ ရက်က ပါလက်စတိုင်း ထောက်ခံတဲ့ ဆန္ဒပြပွဲတစ်ခုအတွင်း လူအများအပြားဟာ ဘရွတ်ကလင်းတံတားကို ဖြတ်ကျော်ကာ လမ်းလျှောက်ချီတက်ပြီး ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပါတယ်။

ပါလက်စတိုင်း လိုလားတဲ့ ဆန္ဒပြသူအုပ်စုကြီးဟာ အဲ့ဒီလမ်းကြောင်းအတိုင်း ဦးတည်သွားပြီးနောက် နယူးယောက်ရှိ ဘရွတ်ကလင်းတံတား၏ လမ်းသွားလမ်းလာများအားလုံးကို ရဲတပ်ဖွဲ့က စနေနေ့တွင် ယာယီပိတ်လိုက်ပါတယ်။

ဒေသန္တရအစိုးရ၏ NotifyNYC ဝန်ဆောင်မှုရဲ့ သတိပေးချက်တစ်ခုအရ အဲ့ဒီတံတားဟာ မန်ဟက်တန်နဲ့ ရပ်ကွက်နှင့် ဆက်သွယ်ထားတဲ့ လမ်းကြောင်းနှစ်ခုလုံးကို ပိတ်ထားတယ်လို့ သိရပါတယ်။

ချီတက်ပွဲကို ညနေ ၃ နာရီမှာ ဘရွတ်ကလင်းပြတိုက်မှာ စတင်ခဲ့ပါတယ်။ ညနေ ၄ နာရီမှာ ဘာကလေစင်တာ (Barclays Center) ကွင်းရှေ့တွင် ဆက်လက်ကျင်းပခဲ့ပါတယ်။

ဆန္ဒပြပွဲတွင် ငါတို့ရှင်သန်နေတဲ့ဘဝအတွင်း (Within Our Lifetime) ရဲ့ ပို့စ်တစ်ခုအရ Brooklyn Bridge တွင် အဆုံးသတ်ခဲ့ပါတယ်။ “ဘရွတ်ကလင်းပြတိုက်မှာ ကျွန်တော်တို့ကို ပူးပေါင်းပါ ဒါမှမဟုတ် ချီတက်ပြီး တစ်နေ့တာလုံး ကျွန်ုပ်တို့နဲ့ အတူတကွရှိနေပါ” ဟု ပါလက်စတိုင်းဦးဆောင်တဲ့ အသိုင်းအဝိုင်းအဖွဲ့အစည်းမှ ပို့စ်တစ်ခုတွင် ဖော်ပြထားပါတယ်။ “သူတို့က ငါတို့ကို နှုတ်ပိတ်ဖို့ ကြိုးစားလေ၊ ငါတို့ကို ဖိနှိပ်လေ၊ ငါတို့ကို လမ်းပေါ်ထွက်အောင် တွန်းထုတ်လေ၊ ငါတို့ရဲ့ အရေအတွက် များလေလေ၊ ငါတို့ အသံပိုကျယ်လောင်လာလေဖြစ်လာမှာပဲ” လို့ သူကဆိုပါတယ်။

နယူးယောက်မြို့ ရဲဌာနက ဒီဆန္ဒပြပွဲဟာ အကြမ်းဖက်မှု မရှိဘဲ အခုအချိန်မှာ ဆန္ဒပြသူတွေနဲ့ ဘယ်လိုရုန်းရင်းဆန်ခတ်မှု ဖြစ်ရပ်မျိုးမျှ မရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

လူဦးရေအထူထပ်ဆုံး အမေရိကန် နယူးယောက်မြို့မှာ အခုသီတင်းပတ်ကုန်မှာ ပြုလုပ်ခဲ့တဲ့ လူထုစည်းဝေးပွဲဟာ လန်ဒန်မှာ ပါလက်စတိုင်းအတွက် ချီတက်ပွဲ အပါအဝင် တစ်ကမ္ဘာလုံးတွင် မြင်တွေ့ခဲ့ရတဲ့ ချီတက်ပွဲတစ်ခုဖြစ်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက
နိုင်ငံတကာသတင်း အမေရိကန် အီရန်

ထရမ့်၏ အီရန်သဘောတူညီချက်အပေါ် သြဇာကြီးမားသည့် ရီပတ်ဘလစ်ကန်များထံမှ တော်ရုံတွေ့ရခဲသော ပြစ်တင်ဝေဖန်မှုများ ထွက်ပေါ်လာ

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 65 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပါတီတွင်း ကန့်ကွက်မှုများ ထွက်ပေါ်လာခြင်း။ သမ္မတ ဒေါ်နယ်ထရမ့်၏ အီရန်နိုင်ငံနှင့် ရရှိခဲ့သော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (နားလည်မှုစာချွန်လွှာ) အသေးစိတ် ထွက်ပေါ်လာပြီးနောက်၊ ဝါရင့်နှင့်
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

သီးသန့်သတင်း- ပစ်ချခံရသည့် အမေရိကန် လေသူရဲက အီရန်ဒရုန်းများ ‘ဂျယ်လီငါး’ ပုံသဏ္ဌာန်ဖြင့် အုပ်စုဖွဲ့ပျံသန်းလာသည်ကို မြင်တွေ့ခဲ့ရကြောင်း ပြောကြား

  • 2026 ခုနှစ်၊ ဇွန်လ 25 ရက်
  • 78 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ပြီးခဲ့သည့် ဧပြီလအတွင်းက အီရန်ကောင်းကင်ယံ၌ ပစ်ချခံရပြီးနောက် အထူးတပ်ဖွဲ့များ၏ ကယ်ဆယ်ခြင်းကို ခံခဲ့ရသည့် အမေရိကန် တိုက်လေယာဉ်မှူးတစ်ဦးသည် လေယာဉ်ပေါ်မှ ခုန်ထွက်ခြင်းမပြုမီ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခုကို