နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 29 ရက်

1027 Operations

1027 Operations Burma Civil War

ကောလင်းမြို့ထဲက ပြည်သူအားလုံးနီးပါးကို တော်လှန်ရေးရဲဘော်တွေက ကယ်ထုတ်ထား

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်၊ ခေတ်မျက်လုံး။

စစ်ရေးအခြေအနေကြောင့် ကောလင်းမြို့ထဲက ပြည်သူအားလုံးနီးပါးကို တော်လှန်ရေးရဲဘော်တွေက ကယ်ထုတ်ထားနိုင်ပြီဖြစ်တယ်လို့ Kawlin Revolution (KR-Team)ရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

နိုဝင်ဘာလ (၆)ရက်နေ့မှာ စစ်ကိုင်းတိုင်းရှိ ကောလင်းမြို့ကို NUG က အပြည့်အဝထိန်းချုပ်နိုင်ခဲ့ပြီး စစ်ရေးအခြေအနေအရ ပြည်သူတွေကို မြို့ထဲ ပြန်လည်နေထိုင်ခွင့်မပြုသေးတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူ ၅၀၀၀၀ခန့်ကို မြို့နယ်ပအဖအဖွဲ့နဲ့ ကာကွယ်ရေးတပ်တွေက စောင့်ရှောက်ထားပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်သား ထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

“ တိုက်ပွဲမှာ ဝန်းသို(၁၂၀)တပ်ရင်းကပစ်တဲ့ ဟောင်ဝစ်ဇာ၊ လေကြောင်းတိုက်ခိုက်တာတွေနဲ့ တိုက်ပွဲအတွင်း ပစ်ခတ်တာတွေကြောင့် ပြည်သူထိခိုက်တာတွေရှိပါတယ်။ ခန့်မှန်းပြည်သူ အလောင်း ၁၀လောင်းခန့်လည်း ရှိနေပါတယ်။ အတိအကျမသိရသေးပါဘူး” လို့ KR-Team က ပြောပါတယ်။

တိုက်ပွဲကြောင့် ပျက်စီးဆုံးရှုံးတာတွေလည်းရှိနေကာ ဆက်သွယ်ရေးလမ်းပိတ်ဆို့မှုတွေကြောင့် စားသုံးဆီ၊ စက်သုံးဆီ၊ ဆေးဝါးနဲ့ ခြုံစောင်တွေအပါအဝင် အခြေခံစားသောက်ကုန်တွေ လိုအပ်နေတယ်လို့ ဖော်ပြထားပါတယ်။

သိမ်းပိုက်ရရှိခဲ့တဲ့ ကောလင်းမြို့မှာ ပြည်သူ့တော်လှန်ရေးအလံတော် လွှင့်ထူထားနိုင်ခဲ့သလို ခရိုင်အဆင့်မြို့တမြို့ကို ပထမဆုံးအကြိမ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ဆင်ရေးမှာ ပါဝင်သူတွေကို အထူးကျေးဇူးတင်ကြောင်း NUG ရဲ့ ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၄)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 27 ရက်
  • 20 Views
မတ်လ (၂၇)ရက်။ မနေ့က ည (၆)နာရီခွဲအချိန် နောင်ချိုမြို့ရှိ ကျေးရွာတွေကို စစ်ကောင်စီက ဂျက်ဖိုက်တာ (၂)စီးနဲ့ ဗုံး (၅)လုံး
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ PDF ရဲဘော်တွေကို TNLA ဖမ်းဆီး၊ လက်နက်ခဲယမ်းတွေအပါအဝင် ကျပ်သိန်း(၁၀၀၀)ကျော်နဲ့ StarLink စက်တွေပါသိမ်းယူခဲ့

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 71 Views
မတ်လ (၁၉)ရက်။ မတ်လ (၁၆)ရက်နေ့ နေ့လယ် (၃)နာရီခွဲအချိန်က ကွတ်ခိုင်မြို့ရှိ စားသောက်ဆိုင်တဆိုင်မှာ ဝင်နားနေတဲ့ PDF တွေကို TNLA
1027 Operations မြန်မာသတင်း

နောင်ချိုမှာ စစ်ကောင်စီလေကြောင်းကြောင့် (၉)ဦးသေဆုံးပြီး (၁၇)ဦးဒဏ်ရာရခဲ့

  • 2025 ခုနှစ်၊ မတ်လ 17 ရက်
  • 38 Views
မတ်လ (၁၇)ရက်။ မနေ့က ညနေ (၅)နာရီခွဲအချိန် နောင်ချိုမြို့ရှိ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ထဲ (၉)ဦးသေဆုံးခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နောင်ချိုမြို့ စိန်ရတနာ ပရိယတ္တိစာသင်တိုက်ကို စစ်ကောင်စီက
1027 Operations

နောင်ချိုမြို့ကို စစ်ကောင်စီက ဗုံးကြဲ၊ လူထိခိုက်တာတွေ အများအပြားရှိခဲ့တယ်လို့ TNLA ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 16 ရက်
  • 35 Views
မတ်လ (၁၆)ရက်။ ဒီကနေ့ ညနေ (၅)နာရီခွဲအချိန်က နောင်ချိုမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နောင်ချိုက စာသင်တိုက်ကို စကစက ဂျက်ဖိုက်တာနဲ့ ဗုံး (၄)လုံး
1027 Operations မြန်မာသတင်း

KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေကို လိုအပ်ရင် ကူညီဖို့အသင့်ရှိတယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ မတ်လ 14 ရက်
  • 40 Views
မတ်လ (၁၄)ရက်။ ရှမ်းမြောက်ဒေသမှာ KIA နဲ့ TNLA တို့ရဲ့ မြေပြင်အငြင်းပွားတာတွေနဲ့ပတ်သက်ပြီး လိုအပ်ရင် ကူညီဆောင်ရွက်ဖို့ အသင့်ရှိတယ်လို့ NUG ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ KIA နဲ့ TNLA တို့ဟာ
1027 Operations မြန်မာသတင်း

ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းဖို့ ညီနောင်အဖွဲ့တွေ တိုက်တွန်း

  • 2025 ခုနှစ်၊ မတ်လ 11 ရက်
  • 46 Views
မတ်လ (၁၁)ရက်။ ကိုးကန့်ဒေသ အခုထက် ဖွံ့ဖြိုးတိုးတက်တဲ့အထိ ဆက်လက်ကြိုးပမ်းအားထုတ်ဖို့ TNLA နဲ့ AA တို့က ဒီကနေ့မှာကျရောက်တဲ့ MNDAA တည်ထောင်တဲ့ (၃၆)နှစ်မြောက်အခမ်းအနားကို ပေးပို့တဲ့သဝဏ်လွှာမှာ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။ MNDAA အနေနဲ့ ကိုးကန့်ပြည်သူတွေ၊
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မှာ ရွှေလုပ်ကွက်ကို ဆန့်ကျင်တဲ့ ဒေသခံတွေကို ကိုးကန့်တပ်က သေနတ်နဲ့ပစ်၊ (၅)ဦးသေဆုံးပြီး (၇)ဦးဒဏ်ရာရရှိခဲ့

  • 2025 ခုနှစ်၊ မတ်လ 6 ရက်
  • 35 Views
မတ်လ (၆)ရက်။ မနေ့က နေ့လယ် (၁၂)နာရီခန့်က ကွတ်ခိုင်မြို့ မုံးစီးရွာအုပ်စုရှိ ပြိန်းခမ်းရွာအနီးက ရွှေလုပ်ကွက်ကို ဒေသခံတွေက ကန့်ကွက်ခဲ့ရာ ပစ်ခတ်တာတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေံက သိရပါတယ်။ “ ပြိန်းခမ်းရွာနားက ရွှေလုပ်ကွက်မှာ ရွှေတူးနေတဲ့ တရုတ်တွေကို
1027 Operations မြန်မာသတင်း

တလထဲ TNLA နယ်မြေမှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မတ်လ 2 ရက်
  • 40 Views
‌မတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲ TNLA အုပ်ချုပ်တဲ့ နယ်မြေမှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၃)ဦး သေဆုံးခဲ့တယ်လို့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ TNLA အုပ်ချုပ်တဲ့ နယ်မြေတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်က