နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ စက်တင်ဘာလ 14 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

တစ်လကြာ ပဋိပက္ခတွင် သေဆုံးခဲ့သည့် အရပ်သား အရေအတွက်ကို ကြည့်လျှင် အစ္စရေး၏ စစ်ရေး စစ်ဆင်ရေးတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ နယူးယောက်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တစ်လကြာ ပဋိပက္ခတွင် သေဆုံးခဲ့သည့် အရပ်သား အရေအတွက်ကိုကြည့်လျှင် အစ္စရေး၏ စစ်ရေး စစ်ဆင်ရေးတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားလိုက်သည်။

ရိုက်တာနှင့် အင်တာဗျူးတွင် ဂူတာရက်စ်က ပြီးခဲ့သည့်လက ဇူလိုင် ၇ ရက်က အစ္စရေး ၁၄၀၀ ခန့် သေဆုံးခဲ့ရသည့် ဟားမတ်စ်တို့၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ “ ဒီကြောက်စရာကောင်းတဲ့ လုပ်ရပ်ကို လုံးဝလက်မခံနိုင်ဘူး´´ ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။ “ ဒါပေမယ့် ဟားမတ်စ်နဲ့ ပါလက်စတိုင်းတို့အကြား ခွဲခြားဖို့လိုတယ်။” ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

ဂူတာရက်စ်က “ ဟားမတ်စ်သည် ၎င်း၏ “ လူသားဒိုင်း” ကို အသုံးပြုတဲ့ စစ်ရေးနည်းပရိယာယ်ဟာ စစ်ရေးဥပဒေကို ချိုးဖောက်နေတယ်” ဟု ဂူတာရက်စ်က ထောက်ပြခဲ့သည်။ သို့ရာတွင် “ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးမှာ သေဆုံးခဲ့ရတဲ့ အရပ်သား အရေအတွက်ကို ကြည့်ရင် တစ်ခုခုမှားနေတယ်ဆိုတာ ရှင်းပါတယ်” ဟု ၎င်းက ဆက်ပြောခဲ့သည်။

အစ္စရေးသည် ဂါဇာကမ်းမြှောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို ခွင့်ပြုထားသော်လည်း ၎င်း၏စစ်ဆင်ရေးများကို စစ်ဥပဒေနှင့်အညီ အပြည့်အဝဆောင်ရွက်ရမည်ဟုလည်း မှတ်ချက်ပြုထားသည်။

“အစ္စရေးအပေါ် ဆိုးရွားတဲ့ လူသားချင်း စာနာထောက်ထားမှု အခြေအနေတွေမှာ ဂါဇာမှာ နေထိုင်သူတွေရဲ့ နေ့စဉ်ပုံရိပ်တွေကြောင့် မေးခွန်းထုတ်စရာ အတိုင်းအတာ ဖြစ်နေတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။ ဟားမတ်စ်တို့ကို “ ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့” လည်း သူက တောင်းဆိုခဲ့ပါသည်။

ဂါဇာတွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ စတင်ချိန်မှစ၍ သေဆုံးသူ ၁၀,၅၁၅ ဦးအနက် လေးပုံသုံးပုံမှာ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၈) ရက်နေ့က ထုတ်ပြန်ခဲ့သည်။ သေဆုံးသူအရေအတွက်တွင် ဟားမတ်စ် တိုက်ခိုက်ရေးသမားများ မည်မျှပါဝင်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် နိုဝင်ဘာလ (၈) ရက်နေ့က တွေ့ရစဉ်။

Photo: Brendan McDermid/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း နီပေါ အာရှ

လွှတ်တော်တစ်ခု မီးဟုန်းဟုန်းတောက်၊ ခေါင်းဆောင်တစ်ဦး ပြုတ်ကျ။ နီပေါနိုင်ငံ၏ ဂျင်ဇီ မျိုးဆက် ဆန္ဒပြသူများက မေးသည်။ ဘာတွေဆက်ဖြစ်လာမလဲ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 13 ရက်
  • 50 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက် “နာမည်ကျော်မိဘများ၏သားသမီးများ” နီပိုကလေးများ (Nepo Kids) ၏ ကြွယ်ဝ
နိုင်ငံတကာသတင်း အမေရိကန်

ချာလီကာ့ခ် (Charlie Kirk) ကို လုပ်ကြံသူကို ဖမ်းလိုက်ပြီ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 116 Views
CNN- ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၂ရက် ချာလီကာ့ခ် (Charlie Kirk)ကို လုပ်ကြံသူသည် သူတဦးတည်း သဘောနှင့်လုပ်ဆောင် ခဲ့ခြင်းသာဖြစ်သည်ဟု
နိုင်ငံတကာသတင်း ရုရှား အမေရိကန်

GOP(ရီပတ်ပလီကင်ပါတီ) က ထရန့် ကို ပူတင် က လှည့်စားနေတယ်လို့ ပို၍ပြောလာကြ

  • 2025 ခုနှစ်၊ စက်တင်ဘာလ 12 ရက်
  • 131 Views
သမ္မတ ဒေါ်နယ်လ် ထရမ့်ရဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကိုစည်းရုံးပြီးငြိမ်းချမ်းရေးရအောင် ကြိုးပမ်းမှုတွေက ထင်ထားတဲ့အတိုင်း အဆင်မပြေဘူးဆိုတာ တွေ့လာရပါတယ်။ ပြီးခဲ့တဲ့လက အလက်စကားမှာ တွေ့ဆုံပြီးနောက်ပိုင်း၊ ပူတင်က ထရမ့် ကြိုးစားခဲ့တဲ့ ယူကရိန်းနဲ့ တိုက်ရိုက် ငြိမ်းချမ်းရေးဆွေးနွေးဖို့ကို စိတ်ဝင်စားမှု
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

သီးသန့် CNN နှင့်အင်တာဗျူးတွင် ကာတာဝန်ကြီးချုပ်က နက်တန်ယာဟုသည် အစ္စရေး ဓားစာခံများအတွက် “မျှော်လင့်ချက်မှန်သမျှကို သတ်ပစ်လိုက်သည်” ဟု ပြောကြားခဲ့

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 129 Views
CNN -၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက် ကာတာဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့တွင် CNN နှင့် သီးသန့်အင်တာဗျူးတစ်ခု၌ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နက်တန်ယာဟုအား ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး ဒိုဟာ၌ ဟားမတ်စ်ခေါင်းဆောင်များကို လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းသည် “အရိုင်းအစိုင်း
နိုင်ငံတကာသတင်း ဥရောပ

ဘန့်စီ (Banksy) ၏ တရားသူကြီးက ဆန္ဒပြသူကို ရိုက်နှက်နေသည့် နံရံပန်းချီအား လန်ဒန်တရားရုံးမှ ဖျက်ပစ်

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 134 Views
လန်ဒန်၊ AP — တရားသူကြီးတစ်ဦးက ဆန္ဒပြသူတစ်ဦးကို ရိုက်နှက်နေသည့် ဘန့်စီ ၏ နံရံဆေးရေးပန်းချီကို တရားရုံးနံရံတစ်ခုပေါ်တွင် ရေးဆွဲခဲ့ရာ ၎င်းသည် ဖယ်ရှားခံရမည့် အခြေအနေဖြစ်လာခဲ့သည်။ ပဟေဠိဆန်သည့် အနုပညာရှင် ဘန့်စီ ၏ အခြားသော အငြင်းပွားဖွယ်ရာ
နိုင်ငံတကာသတင်း အမေရိကန်

ချားလ်စ် ကိခ် ပစ်ခတ်မှု မည်သို့ဖြစ်ပွားခဲ့သနည်း

  • 2025 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 129 Views
BBC-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၁ရက်။ သြဂုတ်လ၆ ရက်နေ့ ညနေပိုင်း ၁၇နာရီ ၄၁မိနစ်  တွင်က ယူတားပြည်နယ်ရှိ ယူတာတက္ကသိုလ်၌ ကျင်းပပြုလုပ်သည့် အခမ်းအနားတစ်ခုတွင် ထင်ပေါ်ကျော်ကြားသော ရီပတ်ဘလစ်ကန် တက်ကြွလှုပ်ရှားသူ ချားလ်စ် ကိခ် ပစ်သတ်ခံရသည်။ ချားလ်စ်
နိုင်ငံတကာသတင်း မြန်မာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

ကာတာနိုင်ငံတွင်းမှာ အစ္စရေးက ဟားမတ်စ်အဖွဲ့ ခေါင်းဆောင်မှုအပေါ် မကြုံစဖူး တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 146 Views
CNN-၂၀၂၅ခုနှစ်၊ စက်တင်ဘာလ ၁၀ရက် အစ္စရေးဟာ”အစည်းအဝေးကိုမီးတိုက်ခြင်း”ဟု အမည်ပေးထားသော စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် အင်္ဂါနေ့က ကာတာနိုင်ငံမြို့တော်ရှိ အပစ်အခတ်ရပ်စဲရေးကို ညှိနှိုင်းနေသော ဟားမက်စ်ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားပြီး တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ၊ အရေးကြီးသော အမေရိကန်မဟာမိတ်နိုင်ငံနှင့် ဂါဇာအပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲ များတွင်
နိုင်ငံတကာသတင်း မြန်မာသတင်း အမေရိကန်

အမေရိကန်နိုင်ငံမှမြန်မာနိုင်ငံရှိ စောချစ်သူဦးဆောင်သည့် ကရင်အမျိုးသား တပ်မတော် (KNA)ကိုအ‌ရေးယူလိုက်ပြီ။

  • 2025 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 145 Views
အရှေ့တောင်အာရှရှိ အွန်လိုင်းလိမ်လည်မှုစင်တာများအပေါ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ခြင်း။ သတင်းထုတ်ပြန်ချက် နိုင်ငံခြားရေးဝန်ကြီး မာကိုရိုဘီယို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၈ရက် အရှေ့တောင်အာရှရှိ ရာဇဝတ်မှုကျူးလွန်သူများသည် အမေရိကန်နိုင်ငံသားများ၏ အင်တာနက် အသုံးပြုမှုအားနည်းချက်များကို အခွင့်ကောင်းယူကာ အလွဲသုံးစားလုပ်မှု ပိုများ လာသည်။