နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ မတ်လ 22 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ အရှေ့အလယ်ပိုင်း

တစ်လကြာ ပဋိပက္ခတွင် သေဆုံးခဲ့သည့် အရပ်သား အရေအတွက်ကို ကြည့်လျှင် အစ္စရေး၏ စစ်ရေး စစ်ဆင်ရေးတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ကုလအတွင်းရေးမှူးချုပ်ပြော

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၉) ရက်၊ နယူးယောက်။

အစ္စရေးနှင့် ဟားမတ်စ်တို့ကြား တစ်လကြာ ပဋိပက္ခတွင် သေဆုံးခဲ့သည့် အရပ်သား အရေအတွက်ကိုကြည့်လျှင် အစ္စရေး၏ စစ်ရေး စစ်ဆင်ရေးတွင် တစ်စုံတစ်ရာ မှားယွင်းနေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဂူတာရက်စ်က ပြောကြားလိုက်သည်။

ရိုက်တာနှင့် အင်တာဗျူးတွင် ဂူတာရက်စ်က ပြီးခဲ့သည့်လက ဇူလိုင် ၇ ရက်က အစ္စရေး ၁၄၀၀ ခန့် သေဆုံးခဲ့ရသည့် ဟားမတ်စ်တို့၏ တိုက်ခိုက်မှုနှင့်ပတ်သက်၍ “ ဒီကြောက်စရာကောင်းတဲ့ လုပ်ရပ်ကို လုံးဝလက်မခံနိုင်ဘူး´´ ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။ “ ဒါပေမယ့် ဟားမတ်စ်နဲ့ ပါလက်စတိုင်းတို့အကြား ခွဲခြားဖို့လိုတယ်။” ဟု ဆက်လက်ပြောကြားခဲ့ပါသည်။

ဂူတာရက်စ်က “ ဟားမတ်စ်သည် ၎င်း၏ “ လူသားဒိုင်း” ကို အသုံးပြုတဲ့ စစ်ရေးနည်းပရိယာယ်ဟာ စစ်ရေးဥပဒေကို ချိုးဖောက်နေတယ်” ဟု ဂူတာရက်စ်က ထောက်ပြခဲ့သည်။ သို့ရာတွင် “ အစ္စရေးစစ်တပ်ရဲ့ စစ်ဆင်ရေးမှာ သေဆုံးခဲ့ရတဲ့ အရပ်သား အရေအတွက်ကို ကြည့်ရင် တစ်ခုခုမှားနေတယ်ဆိုတာ ရှင်းပါတယ်” ဟု ၎င်းက ဆက်ပြောခဲ့သည်။

အစ္စရေးသည် ဂါဇာကမ်းမြှောင်သို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများကို ခွင့်ပြုထားသော်လည်း ၎င်း၏စစ်ဆင်ရေးများကို စစ်ဥပဒေနှင့်အညီ အပြည့်အဝဆောင်ရွက်ရမည်ဟုလည်း မှတ်ချက်ပြုထားသည်။

“အစ္စရေးအပေါ် ဆိုးရွားတဲ့ လူသားချင်း စာနာထောက်ထားမှု အခြေအနေတွေမှာ ဂါဇာမှာ နေထိုင်သူတွေရဲ့ နေ့စဉ်ပုံရိပ်တွေကြောင့် မေးခွန်းထုတ်စရာ အတိုင်းအတာ ဖြစ်နေတယ်” ဟု ဂူတာရက်စ်က ပြောကြားခဲ့သည်။ ဟားမတ်စ်တို့ကို “ ဖမ်းဆီးထားတဲ့ ဓားစာခံအားလုံးကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့” လည်း သူက တောင်းဆိုခဲ့ပါသည်။

ဂါဇာတွင် အစ္စရေးနှင့် ဟားမတ်စ်တို့ကြား ပစ်ခတ်တိုက်ခိုက်မှုများ စတင်ချိန်မှစ၍ သေဆုံးသူ ၁၀,၅၁၅ ဦးအနက် လေးပုံသုံးပုံမှာ ကလေးများ၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများဖြစ်သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၈) ရက်နေ့က ထုတ်ပြန်ခဲ့သည်။ သေဆုံးသူအရေအတွက်တွင် ဟားမတ်စ် တိုက်ခိုက်ရေးသမားများ မည်မျှပါဝင်ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေးပေ။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ပြုလုပ်တဲ့ ရိုက်တာသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းခန်းတွင် နိုဝင်ဘာလ (၈) ရက်နေ့က တွေ့ရစဉ်။

Photo: Brendan McDermid/Reuters

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

ကျန်ရှိသော ဓားစာခံများကို အစ္စရေးလက်သို့ မအပ်ပါက ဂါဇာကမ်းမြှောင်၏ အစိတ်အပိုင်းများကို အပြီးအပိုင် သိမ်းပိုက်ရန် အစ္စရေးပြော

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 2 Views
မတ်လ (၂၁) ရက်။ ကျန်ရှိသော ဓားစာခံများကို အစ္စရေးလက်သို့ မအပ်ပါက ဂါဇာကမ်းမြှောင်၏ အစိတ်အပိုင်းများကို အပြီးအပိုင် သိမ်းပိုက်ရန် အစ္စရေးတပ်များကို
နိုင်ငံတကာသတင်း ဥရောပ

ဖမ်းဆီးခံထားရသော အစ္စတန်ဘူလ်မြို့တော်ဝန်အတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုများ ကြီးထွားလာနေခြင်းကို တူရကီအစိုးရ သတိပေး

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 2 Views
မတ်လ (၂၁) ရက်။ တက္ကသိုလ်ကျောင်းများနှင့် အခြားနေရာများတွင် စတင်ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲများတွင် လူ ၅၃ ဦး ဖမ်းဆီးခံခဲ့ရပြီး ရဲအရာရှိ
နိုင်ငံတကာသတင်း အမေရိကန်

ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းရန်အမိန့်ကို ထရန့် လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်သည်။

  • 2025 ခုနှစ်၊ မတ်လ 21 ရက်
  • 3 Views
မတ်လ (၂၁) ရက်။ သမ္မတ ဒေါ်နယ်ထရမ့်သည် ပညာရေးဌာနကို ဖျက်သိမ်းရေးလုပ်ငန်းစဉ်ကို ကြာသပတေးနေ့တွင် စတင်ရန်အတွက် သမတအမိန့်ကို လက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်ပြီး မဲဆွယ်စည်းရုံးရေးကတိကို ဖြည့်ဆည်းပေးမည့် လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ သမ္မတထရန့်၏ အစီအစဉ်မှာ ပညာရေးဝန်ကြီးဌာနကို ဖျက်သိမ်းပြီး
နိုင်ငံတကာသတင်း အမေရိကန်

ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ဖို့ သမ္မတထရမ့်က လက်မှတ်ရေးထိုးမည်ဟု အိမ်ဖြူတော်ပြော

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 7 Views
မတ်လ (၂၀) ရက်။ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ပညာရေးဝန်ကြီးဌာနကို ပိတ်ပစ်ရန် ရေးသားထားသည့်သမ္မတအမိန့်ကို ကြာသပတေးနေ့တွင် လက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောဆိုထားသည်။ လက်မှတ်မရေးထိုးမီ ဒီမိုကရက်တစ်ထောက်ခံသည့် ပြည်နယ်ရှေ့နေချုပ်အုပ်စုက စိန်ခေါ်ခဲ့ပြီး အဆိုပါအမိန့်ကို ထရမ့်က ဖျက်သိမ်းရန်နှင့် ဝန်ကြီးဌာန၏ ဝန်ထမ်းထက်ဝက်နီးပါးကို
နိုင်ငံတကာသတင်း ဟားမတ်စ်-အစ္စရေးစစ်ပွဲ

အစ္စရေးက တိုက်ပွဲပြန်စတော့မည်ဟုပြောပြီးနောက် အသေအပျောက်များသော တိုက်ခိုက်မှုလှိုင်းများကို လုပ်ဆောင်ခဲ့ပြီး ဂါဇာတွင် အပစ်အခတ်ရပ်စဲရေး ပြိုကွဲသွားခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 6 Views
မတ်လ (၂၀) ရက်။ အပစ်အခတ်ရပ်စဲရေးကိုလေကြောင်းတိုက်ခိုက်ခြင်းဖြင့် ဖျက်စီးလိုက်ပြီးနောက် ‘ကျွန်တော်တို့ တိုက်ပွဲပြန်စမယ်’ ဟု နေတန်ယာဟုက အစ္စရေးတို့ကို ကတိပေးလိုက်သည်။ ဂါဇာကမ်းမြောင်ဒေသကို အင်္ဂါနေ့အစောပိုင်းတွင် အစ္စရေးက အသေအပျောက်များသော တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး အပစ်အခတ်ရပ်စဲ‌ရေးကို ပယ်ဖျက်လိုက်ပြီးနောက် အစ္စရေး
နိုင်ငံတကာသတင်း အမေရိကန်

တက်စလာ စတော့ရှယ်ယာတွေ ပြိုလဲကျသွားတာကြောင့် အဲ့ဒီရိုက်ခတ်မှုက အီလွန်မတ်စ်ကို ထိတ်လန့်သွားစေခဲ့သည်။

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 6 Views
မတ်လ (၂၀) ရက်။ အီလွန်မာ့ခ်၏ ဝါရှင်တန်တွင် အာဏာရယူမှုသည် တက်စလာ (Tesla) စတော့တွင် အများအပြား ရင်းနှီးမြှုပ်နှံသူများ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာခဲ့ပါ။ Tesla ရှယ်ယာများသည် ရွေးကောက်ပွဲနေ့ပြီးနောက် ၉၀% ကျော်အထိ အချိန်တိုအတွင်းမြင့်တက်ခဲ့သော်လည်း “
နိုင်ငံတကာသတင်း ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ စစ်သုံ့ပန်း ၁၇၅ ဦးကို အပြန်အလှန် လဲလှယ်ခဲ့

  • 2025 ခုနှစ်၊ မတ်လ 20 ရက်
  • 5 Views
မတ်လ (၂၀) ရက်။ ယူကရိန်းကို ရုရှားကျူးကျော်မှု အဆုံးသတ်ဖို့ ညှိနှိုင်းမှုများ စတင်လုပ်ဆောင်နေချိန် ယူကရိန်းနဲ့ ရုရှားနိုင်ငံတို့ စစ်သုံ့ပန်း ၁၇၅ ဦးကို အပြန်အလှန် လဲလှယ်ခဲ့ကြပါတယ်။ ယူကရိန်းသမ္မတဗလော်ဒီမီယာ ဇလန်းစကီးက မတ်လ ၁၉ ရက်နေ့မှာ
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

အမေရိကန်သမ္မတနဲ့ ယူကရိန်းသမ္မတတို့ ဖုန်းနဲ့စကားပြောအပြီး သမ္မတထရန့်၏လူမှုကွန်ရက်မှ ထုတ်ပြန်ချက်

  • 2025 ခုနှစ်၊ မတ်လ 19 ရက်
  • 11 Views
မတ်လ (၁၉) ရက်။ ယူကရိန်းသမ္မတ ဇလန်းစကီးနဲ့ အလွန်ကောင်းမွန်တဲ့ တယ်လီဖုန်းခေါ်ဆိုမှု ပြုလုပ်ခဲ့ပါတယ်။ ဒီဖုန်းခေါ်ဆိုမှုဟာ တစ်နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ ဆွေးနွေးမှုအများစုကတော့ မနေ့က သမ္မတပူတင်နဲ့ ဖုန်းစကားပြောတဲ့အပေါ်မှာ အခြေခံထားပြီး ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးရဲ့ တောင်းဆိုချက်တွေနဲ့ လိုအပ်ချက်တွေနဲ့အညီ