နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) စစ်ရေးသတင်း

စစ်ကောင်စီ တိုက်လေယာဉ် အပျက်အစီးတွေ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်မှာ တွေ့ရှိ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်၊ ခေတ်မျက်လုံး။

မနေ့က နိုဝင်ဘာလ (၁၂) ရက်နေ့က စစ်ကောင်စီအမျိုးအမည်မသိ တိုက်လေယာဉ်တစ်စီးကို KNDF-B01 နဲ့ KA တို့က ပွိုင့်ဖိုက်များနဲ့ တန်ပြန် ပစ်ခတ်နိုင်ခဲ့ပြီး လေယာဉ်အတောင်ပံနဲ့ ကိုယ်ထည်ပိုင်းအား ကျည်ဆံထိမှန်ခဲ့ပြီး စစ်မြေပြင်နဲ့ အဝေးတနေရာမှာ ပျက်ကျသွားခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။

အဲ့ဒီ ပျက်ကျသွားတဲ့ တိုက်လေယာဉ် အပျက်အစီး အပိုင်းအစတွေကို ဒီနေ့ နိုဝင်ဘာ (၁၂) ရက်နေ့မှာ ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်၊ ကမာဒီပိုလီနဲ့ မရောပိုလီရွာကြား တောင်ယာတဲအနီးမှာ တွေ့ရှိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒီနေ့ နိုဝင်ဘာ(၁၂)ရက်မှာပဲ စစ်လေယာဥ်သုံး ဆက်စပ်ပစ္စည်းတွေဟာ လေထီးတစ်စုံ၊ ကယ်ဆယ်ရေး လေထိုးလှေတစ်စင်း၊ စကားပြောစက်ကြီး တစ်လုံး၊ လက်ကိုင်စကားပြောစက်တစ်ခု၊ လေယာဉ်မှူးထိုင်ခုံ တစ်ပိုင်း၊ အသက်ရှုအောက်ဆီဂျင်စက်တစ်စုံ၊ Helmet တစ်လုံး၊ ဆေးဝါးနဲ့ ဓာတ်စာတွေ နေပြည်တော်တိုင်းစစ်ဌာန PDF တပ်ရင်းတွေက သိမ်းဆည်း ရမိတယ်လို့ PDF စစ်ရုံးချုပ်က ထုတ်ပြန်ထားပါတယ်။

လေယာဉ်တစ်စီး မနေ့က ပျက်ကျခဲ့တာကို စစ်ကောင်စီက ဝန်ခံထားပြီး တိုက်လေယာဉ် မဟုတ်ဘဲ အပေါ့စား လေ့ကျင့်ရေးလေယာဉ်ဖြစ်ပြီး စက်ချို့ယွင်းပြီး ပျက်ကျတာလို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောဆိုထားပါတယ်။

အာဏာသိမ်း စစ်အုပ်စုဟာ မြေပြင်တိုက်ပွဲတွေမှာ အထိနာ အသေများတိုင်း တိုက်လေယာဉ်တွေ၊ ရဟတ်ယာဉ်တွေ သုံးကာ အရပ်သား ပြည်သူ နေရာတွေကိုပါ မရှောင် ထင်တိုင်းကျဲ ဗုံးကျဲ ပစ်ခတ် သတ်ဖြတ် နေတာ ဖြစ်ပါတယ်။

မနေ့က ကရင်နီပြည်မှာ တိုက်လေယာဉ်တစ်စီး ပစ်ချနိုင်ခဲ့မှုဟာ နွေဦးတော်လှန်ရေး ကာလအတွင်း ပထမဆုံးအဖြစ် စစ်အုပ်စု တိုက်လေယာဉ်တစ်စီးကို ပစ်ချနိုင်တာလည်း ဖြစ်ပါတယ်။

KNDF-B01 နဲ့ KA က ပစ်ချခဲ့တဲ့ စစ်ကောင်စီတိုက်လေယာဉ် အပျက်အစီးများကို တွေ့ရစဉ်။

Photo။ NUG

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်း ဒုတိယအကြိမ် ဗုံးကြဲခံရ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 20 Views
နိုဝင်ဘာလ (၁၈)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီခွဲအချိန်က ဖယ်ခုံမြို့၊ လအိကျေးရွာရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချခဲ့တယ်လို့ KNDF
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဝန်းရံပိတ်ဆို့ခံထားရတဲ့ ဖားဆောင်းမြို့ကို စစ်ကောင်စီက လေကြောင်းကနေတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 18 Views
နိုဝင်ဘာလ (၁၇)ရက်။ အခုနှစ်ရက်တာထဲ ဖားဆောင်းမြို့ကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ (၄)ကြိမ် တိုက်ခိုက်ခဲ့တယ်လို့ ဖားဆောင်း PDF ရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား (၂၀၀)ကျော်ကို မတရားဖမ်းဆီးထား

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 19 Views
နိုဝင်ဘာလ (၁၄)ရက်။ နိုဝင်ဘာလ (၁၁)ရက်နေ့က ရှမ်းတောင်ပိုင်း ဖယ်ခုံမြို့မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား (၂၀၀)ကျော်ကို မတရားဖမ်းဆီးထားတယ်လို့ KNDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဖယ်ခုံမြို့ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

(၃)နှစ်ကျော်ကာလထဲ ကရင်နီပြည်မှာ အရပ်သား (၇၀၀)နီးပါးသေဆုံးခဲ့

  • 2024 ခုနှစ်၊ အောက်တိုဘာလ 3 ရက်
  • 43 Views
အောက်တိုဘာလ (၃)ရက်။ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ (၁)ရက်ကစပြီး အခုနှစ် စက်တင်ဘာလအထိ ကရင်နီပြည်မှာ အရပ်သား (၆၈၃)ဦး သေဆုံးခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ (၃)နှစ်ကျော်ကာလ ကရင်နီပြည်မှာ သေဆုံးခဲ့သူ (၆၈၃)ဦးထဲ အရပ်သားသတ်ဖြတ်ခံရသူ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဆေးသင်တန်းသား (၁၈)ဦး သေဆုံးခဲ့တာဟာ ကြိုတင်မပြင်ဆင်တာနဲ့ ပေါ့လျော့ပြီး ဆုံးဖြတ်ချက်မှားယွင်းတာကြောင့်လို့ KNDF ထုတ်ပြန်

  • 2024 ခုနှစ်၊ အောက်တိုဘာလ 1 ရက်
  • 57 Views
အောက်တိုဘာလ (၁)ရက်။ ဆေးသင်တန်းသား (၁၈)ဦး သေဆုံးခဲ့ရတာဟာ သင်တန်းကျောင်းအုပ်နဲ့ ဆရာတွေက ကြိုတင်ပြင်ဆင်တာမရှိသလို ပေါ့လျော့တာနဲ့ ဆုံးဖြတ်ချက်မှားယွင်းတာကြောင့်လို့ KNDF ရဲ့ ဒီကနေ့မှာ အစီရင်ခံစာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၁၁)ရက်နေ့ ည (၈)နာရီခွဲအချိန်က
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရသူတစ်ဦး လက်နက်ခဲယမ်းနဲ့အတူ PDF ထံ အလင်း၀င်ခိုလှုံ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 30 ရက်
  • 43 Views
စက်တင်ဘာလ (၃၀)ရက်။ မနေ့က စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်သားစုဆောင်းခံရတဲ့ တပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ Loikaw Local PDF ထံ အလင်း၀င်လာခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ Loikaw Local PDF ထံ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်ကောင်စီရဲ့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ နိုင်ငံရေးအမြတ်ထုတ်တာလို့ Karenni-IEC ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 28 ရက်
  • 128 Views
စက်တင်ဘာလ (၂၈)ရက်။ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ကမ်းလှမ်းတာဟာ နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုဖြစ်စေမယ့် နိုင်ငံရေးအမြတ်ထုတ်တာလို့ Karenni-IEC ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်တာကို လူထုပေါင်းစုံက တက်ညီလက်ညီ ဆန့်ကျင်ကြတာကြောင့်
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်း-ကယားနယ်စပ်စစ်ဆင်ရေးထဲ စစ်ကောင်စီတပ်ဖွဲ့၀င် (၃၀)ကျော်သေဆုံးပြီး (၃)ဦးဖမ်းမိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 74 Views
စက်တင်ဘာလ (၁၄)ရက်။ စက်တင်ဘာလ (၅)ရကနေ့ကစပြီး (၃)ရက်တာ ရှမ်း-ကယားနယ်စပ် စစ်ဆင်ရေးထဲ စစ်ကောင်စီစိုးမိုးထားတဲ့ တပ်၊ ရဲစခန်းနဲ့ စခန်းကုန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ Loikaw Local PDF ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ဆင်ရေးတိုက်ပွဲထဲ