နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဇွန်လ 10 ရက်

1027 Operations

1027 Operations

စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကလေးတစ်ဦးအပါအဝင် (၂)ဦးသေဆုံးကာ (၇)ဦးဒဏ်ရာရရှိခဲ့

နိုဝင်ဘာလ (၂၀)ရက်။

စစ်ကောင်စီက နမ့်ဆန်မြို့၊ မြို့သစ်ရွာကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးတစ်ဦးအပါအဝင် (၂)ဦးသေဆုံးကာ (၇)ဦးဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

နမ့်ဆန်မြို့၊ မြို့သစ်ကျေးရွာအနီးတစ်ဝိုက်ကို စစ်ကောင်စီက နိုဝင်ဘာလ (၁၉)ရက်နေ့ ည(၁၀)နာရီဝန်းကျင်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပေါင်(၅၀၀)ဗုံးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မြို့သစ်ကျေးရွာက တာဆန်းနော် နေအိမ်ပေါ်ကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးတစ်ဦးအပါအဝင် အိမ်ရှင်တားဆန်းနော်တို့နှစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ လူနေအိမ် (၂)လုံး မီးလောင်ပြီး (၂၃)လုံး ပျက်စီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တအာင်းဒေသမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေထဲ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြုကာ အရပ်သားတွေနဲ့ ဒေသခံလူနေအိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာတွေရှိတယ်လို့ TNLA က ပြောပါတယ်။

အခုလို ပစ်မှတ်ထားတိုက်ခိုက်တာတွေကြောင့် အရပ်သား (၄၀)ဦးသေဆုံးကာ (၅၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations ၁၁၁၃ ရခိုင်စစ်ပွဲ

ငလျင်ကြောင့် အပစ်ရပ်ကာလကို တစ်လထပ်တိုးတယ်လို့ ညီနောင်(၃)ဖွဲ့ ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇွန်လ 3 ရက်
  • 21 Views
‌ဇွန်လ (၃)ရက်။ ငလျင်နောက်ဆက်တွဲလုပ်ငန်းတွေ ဆောင်ရွက်နိုင်ဖို့ တဖက်သတ် အပစ်ရပ်ကာလကို အခုဇွန်လကုန်အထိ ထပ်မံတိုးမြှင့်လိုက်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်းတာလို့ TNLA ပြော

  • 2025 ခုနှစ်၊ မေလ 23 ရက်
  • 66 Views
မေလ (၂၃)ရက်။ နောင်ချိုမြို့ ချိုခမ်းဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို လုံခြုံရေးအရ ရွှေ့ပြောင်းခိုင်တာလို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
1027 Operations မြန်မာသတင်း

KIO ဥက္ကဋ္ဌဟောင်း ကွယ်လွန်သွားတဲ့အပေါ် TNLA ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့

  • 2025 ခုနှစ်၊ မေလ 16 ရက်
  • 74 Views
မေလ (၁၆)ရက်။ KIO ဥက္ကဋ္ဌဟောင်း Lanyaw Zawng Hra ကွယ်လွန်သွားတဲ့အပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာကို TNLA က ဒီကနေ့မှာ ပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မနေ့က အသက် (၈၇)နှစ်အရွယ် KIO ဥက္ကဋ္ဌဟောင်း
1027 Operations မြန်မာသတင်း

နောင်ချိုမှာ မင်္ဂလာဆောင်ကျင်းပနေတဲ့နေရာကို စစ်ကောင်စီ ဗုံးကြဲ၊ ကလေးငယ်အပါအဝင် (၅)ဦးသေဆုံးခဲ့

  • 2025 ခုနှစ်၊ မေလ 9 ရက်
  • 84 Views
မေလ (၉)ရက်။ မနေ့က နောင်ချိုမြို့နယ်မှာ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ မင်္ဂလာဆောင်ကျင်းပနေတဲ့ သရက်ချိုရွာကို စစ်ကောင်စီရဲ့ အမတ(၉၀၂)က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့အတွက်
1027 Operations မြန်မာသတင်း

ကျောက်မဲမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 5 ရက်
  • 68 Views
မေလ (၅)ရက်။ ဒီကနေ့ နံနက် (၁၁)နာရီ (၂၀)မိနစ်အချိန်က ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကျောက်မဲမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး
1027 Operations မြန်မာသတင်း

စစ်ကောင်စီက တပ်တွေအားလုံး ပြန်ဆုတ်ခိုင်းတဲ့အပေါ် TNLA ငြင်း

  • 2025 ခုနှစ်၊ မေလ 2 ရက်
  • 131 Views
မေလ (၂)ရက်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စီစဉ်တာနဲ့ စစ်ကောင်စီနဲ့ TNLA ကိုယ်စားလှယ်တွေဟာ ဧပြီလ (၂၈)ရက်နဲ့ (၂၉)ရက်နေ့တို့က ကူမင်းမြို့မှာ ထပ်မံတွေ့ဆုံခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တွေ့ဆုံပွဲထဲ စစ်ကောင်စီဘက်က နောင်ချို၊ ကျောက်မဲ၊ သီပေါ်၊
1027 Operations မြန်မာသတင်း

မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် (၂၅၀)ဗုံး (၂)လုံး ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ မေလ 1 ရက်
  • 90 Views
မေလ (၁)ရက်။ မနေ့က ည (၈)နာရီခွဲအချိန်က မိုးကုတ်မြို့အနောက်ပိုင်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မိုးကုတ်အနောက်ခြမ်း သစ်စိမ့်ကုန်းနဲ့ ကျောက်ပုတ်ရွာကြားကို စစ်ကောင်စီက
1027 Operations မြန်မာသတင်း

တောင်ခမ်းဒေသတိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ ကြဲချတိုက်ခိုက်

  • 2025 ခုနှစ်၊ ဧပြီလ 30 ရက်
  • 71 Views
ဧပြီလ (၃၀)ရက်။ မနေ့က နောင်ချိုမြို့ တောင်ခမ်းကျေးရွာရှိ (၉၀၂)တပ်စခန်းအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲထဲ စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ တောင်ခမ်းရွာ (၉၀၂)တပ်စခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားနေချိန်