နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

1027 Operations

1027 Operations

အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ပြည်တော်ဝင် စစ်ဆင်ရေးမှာ ရဲဘော် (၂) ဦး ကျဆုံး

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်၊ ခေတ်မျက်လုံး။

၁၀၂၇ စစ်ဆင်ရေးကို ကြိုဆိုထောက်ခံတဲ့ ပြည်တော်ဝင်စစ်ဆင်ရေးကို ဖော်ဆောင်နေတဲ့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ရဲတပ်ဖွဲ့က ရဲအုပ် မင်းမင်းထွေး (အသက် ၂၅ နှစ်) ဟာ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၁၉) ရက်နေ့က တိုက်ပွဲမှာ ကျဆုံးသွားခဲ့တယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ရဲ့ တာဝန်ခံဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အနောက်မြောက် ကဘော်ဒေသ၊ တမူးမြို့နယ်၊ ပန်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ-ပျူစောထီးတပ်တွေနဲ့ တော်လှန်ရေးမဟာမိတ်တွေအကြား နိုဝင်ဘာလ (၈) ရက်နေ့ကတည်းက အခုအချိန်အထိ တိုက်ပွဲများဖြစ်ပွားနေတယ်လို့ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA ) ရဲ့ တာဝန်ခံဆီက သိရပါတယ်။

နှစ်ဘက်အကျအဆုံးတွေရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေဘက်ကလည်း သေဆုံး၊ ဒဏ်ရာရသူ အများအပြားရှိပြီး NLA ဘက်က ရဲအုပ် မင်းမင်းထွေးနဲ့ အခြားတပ်ဖွဲ့ဝင်တစ်ဦး စုစုပေါင်း နှစ်ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။ အခြားတပ်ဖွဲ့ဝင်တစ်ဦးကတော့ တပ်ကြပ် သန့်ဇင်ဦး (ခ) အရှည်ကြီး (အသက် ၂၉နှစ်) ဖြစ်ပြီး နိုဝင်ဘာလ (၁၀) ရက်နေ့မှာ ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA) ဟာ ၂၀၂၃ ခုနှစ်၊ မတ်လ (၅) ရက်နေ့က တမူး-ကဘော် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ကနေ ပြောင်းလဲဖွဲ့စည်းထားတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။

ပြည်တော်ဝင်စစ်ဆင်ရေးကို NLA နဲ့အတူ တမူးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း(၄) (TSG)၊ Fighter Police CDM နဲ့ ရာဇဂြိုလ်လျှပ်တပြက်တိုက်ခိုက်ရေးအဖွဲ့ (AGF) တို့ ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဓာတ်ပုံအညွှန်း။

ပုံ (၁) ရဲအုပ် မင်းမင်းထွေး (အသက် ၂၅ နှစ်)

ပုံ (၂) တပ်ကြပ် သန့်ဇင်ဦး (ခ) အရှည်ကြီး (အသက် ၂၉နှစ်)

ပုံ (၃) ရဲအုပ် မင်းမင်းထွေး (အသက် ၂၅ နှစ်) ၏အလောင်းကို ရဲဘော်များ သယ်ယူလာစဉ်

ပုံ (၄) တပ်ကြပ် သန့်ဇင်ဦး (ခ) အရှည်ကြီး (အသက် ၂၉နှစ်) ၏ ဈာပန

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

နောင်ချို့မှာ လေကြောင်းတိုက်ခိုက်ခံရတာကြောင့် ဒေသခံ (၁၇)ဦးအထိသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 22 ရက်
  • 13 Views
နိုဝင်ဘာလ (၂၂)ရက်။ နိုဝင်ဘာလ (၁)ရက်နေ့ကနေ (၂၁)ရက်အထိ နောင်ချိုမြို့ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာကြောင့် ဒေသခံ (၁၇)ဦးသေဆုံးပြီး (၂၆)ဦး ဒဏ်ရာရရှိခဲ့တယ်လို့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့က သကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲကာ အရပ်သားတစ်ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 20 ရက်
  • 11 Views
နိုဝင်ဘာလ (၂၀)ရက်။ နိုဝင်ဘယလ (၁၈)ရက်နေ့ ည(၇)နာရီခွဲအချိန်က နောင်ချိုမြို့ ဆမ္မဆယ်ရွာ အင်ဝိုင်းအမှတ်(၃)ရှိ ဆင်းရွှေလီသကြားစက်ရုံကို စစ်ကောင်စီက ဗုံးကြဲခဲ့တယ်လို့ TNLA
1027 Operations မြန်မာသတင်း

MNDAA ခေါင်းဆောင်ကို ဖမ်းဆီးထားတယ်ဆိုတဲ့အပေါ် တရုတ် ငြင်းဆို

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 19 ရက်
  • 13 Views
နိုဝင်ဘာလ (၁၉)ရက်။ ကိုးကန့်တပ်(MNDAA)ခေါင်းဆောင် ဖုန်တာရွှင်ကို အကျယ်ချုပ်ဖမ်းဆီးထားတယ်ဆိုတဲ့ သတင်းတွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဘက်က ဒီကနေ့မှာ ငြင်းဆိုခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ “ MNDAA ခေါင်းဆောင် ဖုန်တာရွှင်က တရုတ်ကိုလာပြီး ဆေးကုသဖို့ အရင်ထဲက လျှောက်ထားတာရှိခဲ့ပါတယ်။ အခုလဲ
1027 Operations မြန်မာသတင်း

ကွတ်ခိုင်မြို့ လေကြောင်းဗုံးကြဲခံရကာ ကလေးငယ်အပါအဝင် (၃)ဦးသေဆုံးပြီး (၁၃)ဦး ဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 18 ရက်
  • 20 Views
နိုဝင်ဘာလ (၁၈)ရက်။ မနေ့က ည (၁၁)နာရီ (၄၇)မိနစ်အချိန်က ကွတ်ခိုင်မြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ မနေ့က ည(၁၁)နာရီ (၄၇)မိနစ်လောက်
1027 Operations မြန်မာသတင်း

နောင်ချိုတိုက်ပွဲထဲ စစ်ကောင်စီဘက်က တပ်ရင်းမှူးနဲ့ ဗိုလ်ကြီးအဆင့်အပါအဝင် တပ်သားတွေသေဆုံးခဲ့

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 17 ရက်
  • 17 Views
နိုဝင်ဘာလ (၁၇)ရက်။ မနေ့က နောင်ချိုမြို့၊ တောင်ခမ်းအမြောက်တပ် (၃၅၄)နဲ့ (၉၀၂)တပ်စခန်းတို့မှာ စစ်ကောင်စီနဲ့ TNLA တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ရဲ့ တပ်မ(၁၁) ခမရ(၂၁၃)တပ်ရင်းမှူး ဗိုလ်မှူးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းဘက်ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ထပ်မံတိုက်ခိုက်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 22 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က ညနေ (၆)နာရီခွဲအချိန်က နောင်ချိုမြို့ရှိ တရားရုံးနဲ့ ရဲစခန်းတို့ကို စစ်ကောင်စီက ပေါင် (၃၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဂျက်ဖိုက်တာနဲ့ တရားရုံးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ထုတ်ပြန်

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 14 ရက်
  • 23 Views
နိုဝင်ဘာလ (၁၄)ရက်။ မနေ့က နံနက် (၉)နာရီခွဲကျော်အချိန်ကစပြီး နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ နံနက် (၉)နာရီ (၄၀)မိနစ်က တောင်ခမ်းရွာ ဘုန်းကြီးကျောင်းနဲ့ နံနက် (၁၁)နာရီအချိန်
1027 Operations မြန်မာသတင်း

သိမ်းပိုက်ထားတဲ့ မြို့တွေကို ဆက်လက်ကာကွယ်သွားဖို့ TNLA ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 13 ရက်
  • 20 Views
နိုဝင်ဘာလ (၁၃)ရက်။ သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို ဆက်လက်ကာကွယ်သွားဖို့ TNLA စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရှိုန်းက အထူးတိုက်ခိုက်ရေး စစ်သင်တန်းဆင်းပွဲမှာ ပြောဆိုခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ သိမ်းပိုက်ထားတဲ့ မြို့နယ် (၁၂)မြို့နယ်ကို ဆက်လက်ကာကွယ်စောင့်ရှောက်ဖို့