နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 10 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အစ္စရေးနှင့် ဟားမတ်စ်တို့သည် ဓားစာခံ ၅၀ ဦးကို လွှတ်ပေးရန်နှင့် ဂါဇာတွင် (၄) ရက်ကြာ တိုက်ပွဲများ ခေတ္တရပ်ရန် သဘောတူညီမှု ရရှိ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ကာတာ။

ကာတာတွင် ရက်သတ္တပတ်ကြာ အနီးကပ်စောင့်ကြည့်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် သဘောတူညီချက်သည် အမေရိကန်နှင့် အီဂျစ်တို့နှင့်အတူ နှစ်ဘက်ကြားပွဲစားအဖြစ် ကာတာနိုင်ငံက ဆောင်ရွက်ပေးခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်တို့သည် ဂါဇာတွင် ပြန်ပေးဆွဲ ချုပ်နှောင်ခံထားရသော အမျိုးသမီးနှင့် ကလေး အယောက် ၅၀ ကို ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြပြီး တိုက်ခိုက်မှုများကို လေးရက်ကြာ ခေတ္တရပ်ထားရန်နှင့် ဂါဇာသို့ ရာနှင့်ချီသော အကူအညီများ ပို့ဆောင်ပေးမည့် အလားအလာရှိသော သဘောတူညီချက်တစ်ခုဖြစ်သည်။ 

ထို့အပြင် အစ္စရေးတို့ ဖမ်းဆီးထားသည့် ပါလက်စတိုင်း အမျိုးသမီးများနှင့် ကလေး အယောက် ၃၀၀ ကိုလည်း လွှတ်ပေးမည်ဖြစ်သည်။ ယင်း အယောက် ၃၀၀ မှာ အစ္စရေးစစ်သားများကို မထီမဲ့မြင် ပြုခြင်း၊ အစ္စရေးစစ်သားများကို ခဲနှင့်ပေါက်ခြင်း စသည်တို့ကြောင့် ဖမ်းဆီးခံနေရသူများ ဖြစ်သည်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အကြမ်းဖက်တိုက်ခိုက်မှုတွင် ဖမ်းဆီးခံခဲ့ရသော ဓားစာခံ ၂၄၀ ခန့်၏ ကံကြမ္မာသည် အစ္စရေးတွင် ရင်ပူစရာဖြစ်လာခဲ့ပြီး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအပေါ် နိုင်ငံရေးအရ ဖိအားများ တိုးမြင့်ပေးရန် တောင်းဆိုဆန္ဒပြမှုများလည်း အစ္စရေးတွင် ပုံမှန်ပြုလုပ်နေခဲ့သည်။

ဂါဇာတွင် အရပ်သားများ သေဆုံးမှုအပြင်၊ အစ္စရေးတို့က ဆေးရုံများကို တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းတို့ကြောင့် အမေရိကန်နှင့် အခြားနိုင်ငံများမှ ရက်သတ္တပတ်များစွာ ဖိအားများ တိုးမြင့်လာပြီးနောက် အဆိုပါ သဘောတူညီချက်ဖြစ်လာခဲ့သည်။ 

အစ္စရေး၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ခိုက်မှုများတွင် ကလေးငယ် ၅၀၀၀ အပါအဝင် လူ ၁၄,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကြောင့် ပါလက်စတိုင်း ၁.၆ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

သဘောတူညီချက်တစ်ခုရရန် နီးကပ်လာသည်ဟု သတင်းများထွက်ပေါ်ပြီးနောက်၊ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ အစောပိုင်း (အင်္ဂါနေ့နှောင်းပိုင်း) တွင် အောင်မြင်မှုကို ကာတာနိုင်ငံက ကြေညာပေးခဲ့သည်။ 

ဟားမတ်စ်ခေါင်းဆောင်ပိုင်းကို ဖိတ်ခေါ်ပြီး နှစ်ဖက်သဘောတူညီချက်ကို အကျိုးဆောင်ရန်အတွက် အမေရိကန်နှင့် အီဂျစ်တို့နှင့်အတူ လက်တွဲပြီး ပင်လယ်ကွေ့ကာတာနိုင်ငံမှ အောင်မြင်မှုများကို ကြေညာခဲ့ခြင်းဖြစ်သည်။ 

အစ္စရေးအစိုးရသည် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် အဆိုပါ သဘောတူညီချက်ကို အတည်ပြုခဲ့သည်။ လူပေါင်း ၁,၂၀၀ ခန့်သေဆုံးခဲ့သည်ဟု အစ္စရေးကပြောသော အောက်တိုဘာ ၇ တိုက်ခိုက်မှုတွင် ဟားမတ်စ်က သဘောတူညီချက်ကို အတည်ပြုခဲ့ပြီး ဟားမတ်စ် “ ကျွန်ုပ်တို့၏ အောင်ပွဲခံတော်လှန်ရေး၏ ဆန္ဒကို စုစည်းရန် အခွင့်အလမ်းတစ်ခု” ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။ ဤအသေးစိတ်အချက်ကို အခြားမည်သည့်ပါတီကမျှ မဖော်ပြထားသော်လည်း နှစ်ဖက်စလုံးမှ လဲလှယ်ပေးခဲ့သော ဓားစာခံများအားလုံးသည် အသက် ၁၉ နှစ်အောက် ဖြစ်ရမည်ဟုဆိုသည်။

အမေရိကန်နိုင်ငံသား သုံးဦး သည် လွတ်မြောက်လာသူများထဲတွင် ပထမဆုံး ဓားစာခံအုပ်စုတွင် ပါဝင်နိုင်ကြောင်း အရွယ်ရောက်ပြီးသူ နှစ်ဦးနှင့် အဘီဂေးလ် အမည်ရှိ အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ဖြစ်ကြောင်း အကြီးတန်း ဘိုင်ဒင်အုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ 

အပစ်အခတ် ခေတ္တရပ်နားထားရသည့် အချိန်ကာလကို မကြေညာရသေးသော်လည်း လေးရက်အထိ သတ်မှတ်ထားကြောင်း အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုအများစုအတွက် တာဝန်ရှိပြီး တစီစီမြည်နေသည့် အစ္စရေး၏ မောင်းသူမဲ့ လေယာဉ်များသံများသည် ပါလက်စတိုင်းများစွာအတွက် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများကိုအဆက်မပြတ် ဖြစ်စေခဲ့ခြင်းကြောင့် လက်ကျန်ဓားစာခံများကို စုစည်းနိုင်ရန်အတွက် တစ်ရက်လျှင် ခြောက်နာရီကြာ ပျံသန်းမှုကို ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တချို့ဓားစာခံများသည် ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ် အပါအဝင် အခြား စစ်သွေးကြွ အဖွဲ့များက ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။

အဆိုပါ သဘောတူညီချက်တွင် တစ်ရက်လျှင် ဓားစာခံ ၁၀ ဦးကို ပြန်လည်လွှတ်ပေးမည်ဖြစ်ပြီး (၄) ရက်ကြာ ခေတ္တရပ်နားထားမှုကို သက်တမ်းတိုးရန် ရွေးချယ်ခွင့်လည်း ပါဝင်သည်ဟု အစ္စရေးအရာရှိက ပြောကြားခဲ့သည်။ 

တစ်ချိန်တည်းတွင် အစ္စရေးက ယခင်က ဂါဇာကမ်းမြောင်သို့ လောင်စာဆီကုန်တင်ယာဉ်များကို ဟားမတ်စ်က ရယူအသုံးပြုမည်ကို တားမြစ်သည့်အနေနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ထရပ်ကား ၃၀၀ မှ ၄၀၀ အထိကို အပိတ်ခံထားရသည်။ 

ဒေသတွင်း ဆွေးနွေးပွဲများနှင့် ရင်းနှီးသော အမေရိကန် အရာရှိ တစ်ဦးက ထိုကားများဖြတ်သန်းခွင့်ကိုလည်း ရရှိနိုင်မည်ဟုဆိုသည်။ 

ထို့အပြင် ဂါဇာတွင် ကျန်ရှိနေသည့် ဓားစာခံများကို ဆေးဝါးများ ပေးဆောင်ရန် အပါအဝင် ကြက်ခြေနီအဖွဲ့အား ဝင်ရောက်ခွင့်ပြုမည်ဟု မျှော်လင့်ထားကြောင်း အစ္စရေး အရာရှိတစ်ဦးက အဆိုပြုထားသည့် သဘောတူညီချက်အပေါ် အကျဉ်းချုံး ပြောကြားခဲ့သည်။

အမေရိကန် အရှေ့အလယ်ပိုင်း အထူးသံတမန် ဘရက် မာကတ် (Brett McGurk), ကာတာ ဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အက်ဒူအယ်လ်ဟာမံဘင်ဂျာစမင်အာတာနီ (Sheikh Mohammed bin Abdulrahman bin Jassim Al Thani) နှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့သည် အပစ်အခတ်ရပ်စဲရေးတွင် အဓိကဆွေးနွေး ညှိနှိုင်းသူ သုံးဦးဖြစ်ကြသည်။

Source: CNN
Photo: Aljazeera

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အမေရိကန်

ကာမလာဟဲရစ် ရှုံးနိမ့်ပြီးနောက် ဒီမိုကရက်တစ်ပါတီကို ဘာနီဆန်းဒါး (Bernie Sanders) က ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 8 Views
နိုဝင်ဘာလ (၇) ရက်။ ဒုတိယသမ္မတ ကာမလာဟဲရစ်သည် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ပြီးနောက် ဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်စည်းရုံးမှုအား ဗားမောင့်အထက်လွှတ်တော်အမတ်
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်အပေါ် တင်ထားသည့်စွဲချက်ကို ရုတ်သိမ်းရန် အမေရိကန် အထူးအစိုးရရှေ့နေက တရားရေး ထိပ်တန်းအရာရှိများနှင့် ဆွေးနွေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 8 Views
နိုဝင်ဘာလ (၇) ရက်၊ CNN ဂျပန်။ ၂၀၂၁ ခုနှစ် အမေရိကန်လွှတ်တော် တိုက်ခိုက်မှုကို တာဝန်ခံသည့် အထူးအစိုးရရှေ့နေ စမစ်
နိုင်ငံတကာသတင်း အမေရိကန်

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးသည် ထရန့် ပြန်လည်ရွေးကောက်ခံရပြီးနောက် တစ်ရက်အတွင်း ၎င်းတို့၏ကြွယ်ဝမှု ဒေါ်လာ ၆၄ ဘီလီယံ တိုးလာ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 7 Views
နိုဝင်ဘာလ (၈) ရက်, CNN ဂျပန်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦး၏ ချမ်းသာမှုသည် နိုဝင်ဘာလ ၆ ရက်တွင် ဒေါ်လာ ၆၄ ဘီလီယံ (ယန်း ၉.၈ ထရီလီယံခန့်) တိုးလာခဲ့ကြောင်း Bloomberg
နိုင်ငံတကာသတင်း အမေရိကန်

အိမ်ဖြူတော်ဝန်ထမ်းများ၏ အကြီးအကဲအဖြစ် စူစီ ဝိုင်းလ် (Susie Wiles) ကို ထရန့်က ခန့်အပ်ကြောင်း ကြေညာလိုက်ပါတယ်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 8 Views
နိုဝင်ဘာလ (၈) ရက်၊ CNN။ ထရမ့်သည် ဖလော်ရီဒါပြည်နယ် ဝက်စ်ပန်းဘိ့ချ် (West Palm Beach) တွင် နိုဝင်ဘာ ၆ ရက် ဗုဒ္ဓဟူးနေ့တွင် ကျင်းပသည့် ရွေးကောက်ပွဲညစောင့်ကြည့်ပါတီတစ်ခုတွင် စူစီဝိုင်းလ် အား စင်ပေါ်တက်စေခဲ့သည်။
နိုင်ငံတကာသတင်း အမေရိကန် ဥရောပ

သမ္မတပူတင်က ထရန့်အနိုင်ရသည့်အတွက် ချီးကျူးဂုဏ်ပြုပြီး စကားပြောချင်တယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 7 Views
နိုဝင်ဘာလ (၈) ရက်။ ကြာသပတေးနေ့တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်း၏အနိုင်ရရှိမှုအပေါ် ချီးကျူးဂုဏ်ပြုခဲ့ပြီး ရွေးကောက်ခံသမ္မတနှင့် စကားပြောဆိုရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ “အမေရိကန်သမ္မတရာထူးအတွက် သူ (ဒေါ်နယ်ထရန့်) ကို ဒီနေရာကနေ ဂုဏ်ပြုစကား ပြောလိုပါတယ်။ အမေရိကန်ပြည်သူတွေ
နိုင်ငံတကာသတင်း အမေရိကန်

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်နှင့်ပတ်သက်ပြီး အမေရိကန် စစ်ခေါင်းဆောင်များသည် မှန်ကန်သည့်အရာကိုသာ လုပ်ဆောင်ကြမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ပြော

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 9 Views
နိုဝင်ဘာလ (၈) ရက်။ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်၏ အမေရိကန်တပ်များကို အသုံးပြုနိုင်မှုနှင့် ပတ်သက်၍ မေးခွန်းများ ပျံ့နှံ့နေချိန်တွင် အမေရိကန် စစ်ခေါင်းဆောင်များသည် မှန်ကန်သည့်အရာကို သာလုပ်ဆောင်ကြမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ကြာသပတေးနေ့ တွင် ပြောကြား
နိုင်ငံတကာသတင်း အမေရိကန်

ကာမလာဟဲရစ် ရှုံးနိမ့်ပြီးနောက် ဒီမိုကရက်တစ်ပါတီကို ဘာနီဆန်းဒါး (Bernie Sanders) က ပြင်းပြင်းထန်ထန် ရှုတ်ချ

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 8 ရက်
  • 10 Views
နိုဝင်ဘာလ (၇) ရက်။ ဒုတိယသမ္မတ ကာမလာဟဲရစ်သည် သမ္မတရွေးကောက်ပွဲတွင် သမ္မတဟောင်း ဒေါ်နယ်ထရန့်ကို ရှုံးနိမ့်ပြီးနောက် ဒီမိုကရက်တစ်ပါတီ၏ မဲဆွယ်စည်းရုံးမှုအား ဗားမောင့်အထက်လွှတ်တော်အမတ် ဘာနီဆန်းဒါး က ပြင်းပြင်းထန်ထန် ဝေဖန်ထုတ်ဖော်ပြောဆိုခဲ့သည်။ ဒီမိုကရက်တစ်ပါတီနှင့် ပူးပေါင်းသည့် တစ်သီးပုဂ္ဂလအဖြစ် ရပ်တည်ခဲ့သူ
နိုင်ငံတကာသတင်း အမေရိကန်

ဒေါ်နယ်ထရန့်အပေါ် တင်ထားသည့်စွဲချက်ကို ရုတ်သိမ်းရန် အမေရိကန် အထူးအစိုးရရှေ့နေက တရားရေး ထိပ်တန်းအရာရှိများနှင့် ဆွေးနွေး

  • 2024 ခုနှစ်၊ နိုဝင်ဘာလ 7 ရက်
  • 9 Views
နိုဝင်ဘာလ (၇) ရက်၊ CNN ဂျပန်။ ၂၀၂၁ ခုနှစ် အမေရိကန်လွှတ်တော် တိုက်ခိုက်မှုကို တာဝန်ခံသည့် အထူးအစိုးရရှေ့နေ စမစ် (Smith သည် ယခုအခါ သမ္မတအဖြစ် အနိုင်ရရှိသွားပြီဖြစ်သော ဒေါ်နယ်ထရန့်အပေါ် စွဲချက်တင်ထားသည့် အမှုများကို