နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇူလိုင်လ 16 ရက်

နိုင်ငံတကာသတင်း

နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အစ္စရေးနှင့် ဟားမတ်စ်တို့သည် ဓားစာခံ ၅၀ ဦးကို လွှတ်ပေးရန်နှင့် ဂါဇာတွင် (၄) ရက်ကြာ တိုက်ပွဲများ ခေတ္တရပ်ရန် သဘောတူညီမှု ရရှိ

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၂) ရက်၊ ကာတာ။

ကာတာတွင် ရက်သတ္တပတ်ကြာ အနီးကပ်စောင့်ကြည့်ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် သဘောတူညီချက်သည် အမေရိကန်နှင့် အီဂျစ်တို့နှင့်အတူ နှစ်ဘက်ကြားပွဲစားအဖြစ် ကာတာနိုင်ငံက ဆောင်ရွက်ပေးခဲ့သည်။

အစ္စရေးနှင့် ဟားမတ်စ်တို့သည် ဂါဇာတွင် ပြန်ပေးဆွဲ ချုပ်နှောင်ခံထားရသော အမျိုးသမီးနှင့် ကလေး အယောက် ၅၀ ကို ပြန်လွှတ်ပေးရန် သဘောတူညီခဲ့ကြပြီး တိုက်ခိုက်မှုများကို လေးရက်ကြာ ခေတ္တရပ်ထားရန်နှင့် ဂါဇာသို့ ရာနှင့်ချီသော အကူအညီများ ပို့ဆောင်ပေးမည့် အလားအလာရှိသော သဘောတူညီချက်တစ်ခုဖြစ်သည်။ 

ထို့အပြင် အစ္စရေးတို့ ဖမ်းဆီးထားသည့် ပါလက်စတိုင်း အမျိုးသမီးများနှင့် ကလေး အယောက် ၃၀၀ ကိုလည်း လွှတ်ပေးမည်ဖြစ်သည်။ ယင်း အယောက် ၃၀၀ မှာ အစ္စရေးစစ်သားများကို မထီမဲ့မြင် ပြုခြင်း၊ အစ္စရေးစစ်သားများကို ခဲနှင့်ပေါက်ခြင်း စသည်တို့ကြောင့် ဖမ်းဆီးခံနေရသူများ ဖြစ်သည်။

အောက်တိုဘာ ၇ ရက်က ဟားမတ်စ်အကြမ်းဖက်တိုက်ခိုက်မှုတွင် ဖမ်းဆီးခံခဲ့ရသော ဓားစာခံ ၂၄၀ ခန့်၏ ကံကြမ္မာသည် အစ္စရေးတွင် ရင်ပူစရာဖြစ်လာခဲ့ပြီး ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုအပေါ် နိုင်ငံရေးအရ ဖိအားများ တိုးမြင့်ပေးရန် တောင်းဆိုဆန္ဒပြမှုများလည်း အစ္စရေးတွင် ပုံမှန်ပြုလုပ်နေခဲ့သည်။

ဂါဇာတွင် အရပ်သားများ သေဆုံးမှုအပြင်၊ အစ္စရေးတို့က ဆေးရုံများကို တိုက်ခိုက်ခြင်း၊ စာသင်ကျောင်းများကို တိုက်ခိုက်ခြင်းတို့ကြောင့် အမေရိကန်နှင့် အခြားနိုင်ငံများမှ ရက်သတ္တပတ်များစွာ ဖိအားများ တိုးမြင့်လာပြီးနောက် အဆိုပါ သဘောတူညီချက်ဖြစ်လာခဲ့သည်။ 

အစ္စရေး၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုနှင့် မြေပြင်တိုက်ခိုက်မှုများတွင် ကလေးငယ် ၅၀၀၀ အပါအဝင် လူ ၁၄,၀၀၀ ကျော် သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ပြောကြားခဲ့သည်။ လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကြောင့် ပါလက်စတိုင်း ၁.၆ သန်း အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။

သဘောတူညီချက်တစ်ခုရရန် နီးကပ်လာသည်ဟု သတင်းများထွက်ပေါ်ပြီးနောက်၊ ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ အစောပိုင်း (အင်္ဂါနေ့နှောင်းပိုင်း) တွင် အောင်မြင်မှုကို ကာတာနိုင်ငံက ကြေညာပေးခဲ့သည်။ 

ဟားမတ်စ်ခေါင်းဆောင်ပိုင်းကို ဖိတ်ခေါ်ပြီး နှစ်ဖက်သဘောတူညီချက်ကို အကျိုးဆောင်ရန်အတွက် အမေရိကန်နှင့် အီဂျစ်တို့နှင့်အတူ လက်တွဲပြီး ပင်လယ်ကွေ့ကာတာနိုင်ငံမှ အောင်မြင်မှုများကို ကြေညာခဲ့ခြင်းဖြစ်သည်။ 

အစ္စရေးအစိုးရသည် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့အစောပိုင်းတွင် အဆိုပါ သဘောတူညီချက်ကို အတည်ပြုခဲ့သည်။ လူပေါင်း ၁,၂၀၀ ခန့်သေဆုံးခဲ့သည်ဟု အစ္စရေးကပြောသော အောက်တိုဘာ ၇ တိုက်ခိုက်မှုတွင် ဟားမတ်စ်က သဘောတူညီချက်ကို အတည်ပြုခဲ့ပြီး ဟားမတ်စ် “ကျွန်ုပ်တို့၏ အောင်ပွဲခံတော်လှန်ရေး၏ ဆန္ဒကို စုစည်းရန် အခွင့်အလမ်းတစ်ခု” ဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် အတည်ပြုခဲ့သည်။ ဤအသေးစိတ်အချက်ကို အခြားမည်သည့်ပါတီကမျှ မဖော်ပြထားသော်လည်း နှစ်ဖက်စလုံးမှ လဲလှယ်ပေးခဲ့သော ဓားစာခံများအားလုံးသည် အသက် ၁၉ နှစ်အောက် ဖြစ်ရမည်ဟုဆိုသည်။

အမေရိကန်နိုင်ငံသား သုံးဦး သည် လွတ်မြောက်လာသူများထဲတွင် ပထမဆုံး ဓားစာခံအုပ်စုတွင် ပါဝင်နိုင်ကြောင်း အရွယ်ရောက်ပြီးသူ နှစ်ဦးနှင့် အဘီဂေးလ် အမည်ရှိ အသက် ၃ နှစ်အရွယ် မိန်းကလေးတစ်ဦးတို့ဖြစ်ကြောင်း အကြီးတန်း ဘိုင်ဒင်အုပ်ချုပ်ရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ 

အပစ်အခတ် ခေတ္တရပ်နားထားရသည့် အချိန်ကာလကို မကြေညာရသေးသော်လည်း လေးရက်အထိ သတ်မှတ်ထားကြောင်း အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုအများစုအတွက် တာဝန်ရှိပြီး တစီစီမြည်နေသည့် အစ္စရေး၏ မောင်းသူမဲ့ လေယာဉ်များသံများသည် ပါလက်စတိုင်းများစွာအတွက် စိတ်ပိုင်းဆိုင်ရာ စိတ်ဖိစီးမှုများကိုအဆက်မပြတ် ဖြစ်စေခဲ့ခြင်းကြောင့် လက်ကျန်ဓားစာခံများကို စုစည်းနိုင်ရန်အတွက် တစ်ရက်လျှင် ခြောက်နာရီကြာ ပျံသန်းမှုကို ရပ်တန့်ပေးသွားမည်ဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ တချို့ဓားစာခံများသည် ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ် အပါအဝင် အခြား စစ်သွေးကြွ အဖွဲ့များက ဖမ်းဆီး ထိန်းသိမ်း ခံထားရသည်။

အဆိုပါ သဘောတူညီချက်တွင် တစ်ရက်လျှင် ဓားစာခံ ၁၀ ဦးကို ပြန်လည်လွှတ်ပေးမည်ဖြစ်ပြီး (၄) ရက်ကြာ ခေတ္တရပ်နားထားမှုကို သက်တမ်းတိုးရန် ရွေးချယ်ခွင့်လည်း ပါဝင်သည်ဟု အစ္စရေးအရာရှိက ပြောကြားခဲ့သည်။ 

တစ်ချိန်တည်းတွင် အစ္စရေးက ယခင်က ဂါဇာကမ်းမြောင်သို့ လောင်စာဆီကုန်တင်ယာဉ်များကို ဟားမတ်စ်က ရယူအသုံးပြုမည်ကို တားမြစ်သည့်အနေနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး ထရပ်ကား ၃၀၀ မှ ၄၀၀ အထိကို အပိတ်ခံထားရသည်။ 

ဒေသတွင်း ဆွေးနွေးပွဲများနှင့် ရင်းနှီးသော အမေရိကန် အရာရှိ တစ်ဦးက ထိုကားများဖြတ်သန်းခွင့်ကိုလည်း ရရှိနိုင်မည်ဟုဆိုသည်။ 

ထို့အပြင် ဂါဇာတွင် ကျန်ရှိနေသည့် ဓားစာခံများကို ဆေးဝါးများ ပေးဆောင်ရန် အပါအဝင် ကြက်ခြေနီအဖွဲ့အား ဝင်ရောက်ခွင့်ပြုမည်ဟု မျှော်လင့်ထားကြောင်း အစ္စရေး အရာရှိတစ်ဦးက အဆိုပြုထားသည့် သဘောတူညီချက်အပေါ် အကျဉ်းချုံး ပြောကြားခဲ့သည်။

အမေရိကန် အရှေ့အလယ်ပိုင်း အထူးသံတမန် ဘရက် မာကတ် (Brett McGurk), ကာတာ ဝန်ကြီးချုပ် ရှိတ် မိုဟာမက် ဘင် အက်ဒူအယ်လ်ဟာမံဘင်ဂျာစမင်အာတာနီ (Sheikh Mohammed bin Abdulrahman bin Jassim Al Thani) နှင့် အမေရိကန်အမျိုးသားလုံခြုံရေးအကြံပေး Jake Sullivan တို့သည် အပစ်အခတ်ရပ်စဲရေးတွင် အဓိကဆွေးနွေး ညှိနှိုင်းသူ သုံးဦးဖြစ်ကြသည်။

Source: CNN
Photo: Aljazeera

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

နိုင်ငံတကာသတင်း အိန္ဒိယ

နတ်ဘုရားများထံမှ ခိုးယူခြင်း- အိန္ဒိယနိုင်ငံ၏ ရာမဗိမာန် (Ram Temple) တွင် အကျင့်ပျက်ခြစားမှု အရှုပ်တော်ပုံ ဖြစ်ပွား

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 67 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အရေးပါသော ပြည်နယ်ရွေးကောက်ပွဲများ မတိုင်မီ အလှူငွေများ
နိုင်ငံတကာသတင်း ပါလက်စတိုင်း အစ္စရေး အရှေ့အလယ်ပိုင်း

အစ္စရေးတပ်ဖွဲ့များ သိမ်းပိုက်ခံ အနောက်ဘက်ကမ်း (West Bank) တစ်ခွင် စီးနင်းမှုများ ဆက်လက်လုပ်ဆောင်

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 77 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် Wafa သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ နောက်ဆုံးရရှိထားသော
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်စစ်ပွဲ တိုက်ရိုက်သတင်း- အမေရိကန်နှင့် ဆွေးနွေးပွဲသတင်းများ ထွက်ပေါ်နေစဉ် ဟော်မုဇ်ရေလက်ကြားကို ၎င်းတို့သာ ထိန်းချုပ်ခွင့်ရှိကြောင်း တဟီရန် အခိုင်အမာဆို

  • 2026 ခုနှစ်၊ ဇွန်လ 29 ရက်
  • 73 Views
အလ်ဂျာဇီးရား သတင်း – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်တို့သည် တိုက်ခိုက်မှုများကို ရပ်တန့်ရန်နှင့် ဟော်မုဇ်ရေလက်ကြား အရေး အငြင်းပွားမှုကို ဖြေရှင်းရန် အင်္ဂါနေ့တွင် ကာတာနိုင်ငံ မြို့တော် ဒိုဟာ၌
နိုင်ငံတကာသတင်း လက်ဘနွမ် အစ္စရေး အမေရိကန် အီရန်

အပြီးသတ်သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်မှ လုံးဝဆုတ်ခွာပေးရန် အီရန် တောင်းဆို

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 79 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် အမေရိကန်နှင့် အီရန်အကြား ယာယီရရှိထားသော သဘောတူညီချက်ကို တိုက်ပွဲများကြောင့် ဆက်လက်ဖိအားဖြစ်စေလျက်ရှိစဉ်၊ အစ္စရေးတပ်ဖွဲ့များ လက်ဘနွန်နိုင်ငံအတွင်းမှ လုံးဝ ဆုတ်ခွာပေးရေးသည် အမေရိကန်နှင့်ချုပ်ဆိုမည့် အပြီးသတ်သဘောတူညီချက်တွင် မဖြစ်မနေ
နိုင်ငံတကာသတင်း အစ္စရေး အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

လတ်တလောရရှိထားသော အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အပေါ် ထိခိုက်မှု ရှိစေသည့် တိုက်ခိုက်မှုများ ဖြစ်ပွားလာပြီးနောက် အီရန်က ဘာရိန်းနှင့် ကူဝိတ်ရှိ အမေရိကန်စစ်ဘက်ဆိုင်ရာ အခြေစိုက်စခန်းများကို တိုက်ခိုက်

  • 2026 ခုနှစ်၊ ဇွန်လ 28 ရက်
  • 73 Views
CNN – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၈ ရက် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပါက အီရန်နိုင်ငံသည် “နောက်ထပ် တည်ရှိတော့မည် မဟုတ်ကြောင်း” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သတိပေးလိုက်ပြီး၊ တဟီရန် (အီရန်အစိုးရ) ကမူ ဆွေးနွေးညှိနှိုင်းမှုများကို
နိုင်ငံတကာသတင်း ယူကရိန်း ရုရှား ရုရှား-ယူကရိန်းစစ်ပွဲ

ယူကရိန်း၏ ဒွန်ဘတ်စ်ဒေသကို သိမ်းပိုက်ရန် သော့ချက်ဖြစ်သည့် မြို့တစ်မြို့အား ရုရှားတပ်ဖွဲ့များ ဝိုင်းရံပိတ်ဆို့လာ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 73 Views
ဘီဘီစီ – ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် အခြေအနေ အကျဥ်းချုပ်။ ယူကရိန်းအရှေ့ပိုင်းရှိ မဟာဗျူဟာမြောက် ကော့စတန်တန် နီဗ်ကာ (Kostyantynivka) မြို့အတွင်းသို့ ရုရှားတပ်ဖွဲ့များ စိမ့်ဝင်ပူးကပ်လာပြီး ဝိုင်းရံရန် ကြိုးပမ်းနေကြသည်။ လက်ရှိတွင်
နိုင်ငံတကာသတင်း အမေရိကန်

အမေရိကန် တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒများကို အနိုင်ပေးထောက်ခံသည့် ဆုံးဖြတ်ချက်များ ချမှတ်ပေးခဲ့မှုမှ အဓိက ကောက်နုတ်ချက်များ

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 88 Views
CNN- ၂၀၂၆ခုနှစ်၊ ဂျွန်လ ၂၆ရက် ကွန်ဆာဗေးတစ် (ရှေးရိုးအစဉ်အလာသမား) အများစုပါဝင်သော တရားရုံးချုပ်က သမ္မတ ဒေါ်နယ်ထရမ့်၏ လူဝင်မှုကြီးကြပ်ရေး မူဝါဒအပေါ် သိသာထင်ရှားသည့် ထောက်ခံ အတည်ပြုချက် နှစ်ခုကို ချမှတ်ပေးခဲ့သည်။ ယင်းဆုံးဖြတ်ချက်များသည် အမေရိကန် အစိုးရ
နိုင်ငံတကာသတင်း အမေရိကန် အရှေ့အလယ်ပိုင်း အီရန်

အီရန်က ရေယာဉ်တစ်စီးကို တိုက်ခိုက်မှုကြောင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများကို ဘေးလွတ်ရာရွှေ့ပြောင်းပေးမည့် ကုလသမဂ္ဂ၏ ကြိုးပမ်းမှုများ ယာယီရပ်ဆိုင်းသွား

  • 2026 ခုနှစ်၊ ဇွန်လ 26 ရက်
  • 83 Views
CNN- ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၆ ရက် ဟော်မုဇ်ရေလက်ကြား (Strait of Hormuz) တွင် ကြာသပတေးနေ့က ကုန်တင်သင်္ဘော တစ်စီးကို အီရန်ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း အမေရိကန်အရာရှိတစ်ဦးက စီအန်အန်သို့ ပြောကြားခဲ့ရာ၊ စစ်ပွဲစတင်ကတည်းက