နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ နိုဝင်ဘာလ 23 ရက်

စစ်ရေးသတင်း

စစ်ရေးသတင်း

လယ်ဒိုမြို့မှာ စစ်ကောင်စီတပ်က တစ်ရက်ထဲ လေကြောင်း (၅) ကြိမ် တိုက်ခိုက်ခဲ့

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၄) ရက်၊ ခေတ်မျက်လုံး။

ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့က ရွာတွေထဲကို စစ်ကောင်စီတပ်က တစ်ရက်ထဲ လေကြောင်း (၅)ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ KNU ရဲ့ မနေ့က သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

နိုဝင်ဘာလ (၂၃)ရက် နေ့လယ် (၁၁) နာရီ (၅၇) မိနစ်ကစပြီး (၁၂) နာရီ (၇) မိနစ်အထိ လယ်ဒိုမြို့က ဒေါင်းမို့ရွာ၊ ဝါးပင်စုရွာနဲ့ တောကြောင်ပေါက်ရွာတွေကို လေကြောင်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် တောကြောင်ပေါက်ရွာက (၁၀) နှစ်ကလေးငယ်အပါအဝင် (၃) ဦးကျည်ထိမှန်ခဲ့တယ်လို့ ရေးသားထားပါတယ်။

ဒါ့ပြင် ရွာထဲက စောမင်းမင်း၊ နော်အုန်းငွေ၊ စောကျော်ဝင်း၊ စောဇော်လွင်၊ စောရဲကိုကို၊ စောနေအောင်နဲ့ စောမျိုးဇော်ဦးတို့ရဲ့ နေအိမ်တွေ ထိမှန်ပျက်စီးခဲ့တယ်လို့ KNU က ပြောဆိုထားပါတယ်။

နိုဝင်ဘာလ (၁၈)ရက်နေ့ကလည်း ဝင်းရေမြို့နယ်ထဲက နို့ဘယ်လောရွာကို ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲကာ စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားတစ်ဦး ထိခိုက်ခဲ့ပြီး နေအိမ် (၅)လုံးခန့် ပျက်စီးခဲ့တယ်လို့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

စစ်ရေးသတင်း နိုင်ငံတကာသတင်း အရှေ့အလယ်ပိုင်း

အီရန်နှင့် ပါကစ္စတန်နိုင်ငံ အပြန်အလှန် တိုက်ခိုက်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 18 ရက်
  • 122 Views
ဒီဇင်ဘာလ (၁၇) ရက်။ ယနေ့ ဒီဇင်ဘာ ၁၇ ရက်နေ့တွင် အီရန်နိုင်ငံအတွင်း ခွဲထွက်ရေးစစ်သွေးကြွများ ခိုအောင်းရာနေရာများဟု ပြောဆိုထားသည့်အတွက် ပါကစ္စတန်က
စစ်ရေးသတင်း ပြည်တွင်းသတင်း

စစ်ကိုင်း ကန့်ဘလူက စစ်ကောင်စီနဲ့ ပျူစောထီစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MOD ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 112 Views
ဇန်နဝါရီလ (၁၁)ရက်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ တင်ငုတ်ကြီးရွာမှာ အခြေပြုထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးစခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ MOD ရဲ့ ဒီကနေ့မှာ
1027 Operations စစ်ရေးသတင်း တရုတ် ပြည်တွင်းသတင်း

ညီနောင်(၃)ဖွဲ့သိမ်းပိုက်ခဲ့တဲ့ ဟိုပန်နဲ့ ပန်လုံဒေသကို UWSA ထံလွှဲပြောင်း

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 11 ရက်
  • 132 Views
ဇန်နဝါရီလ(၁၁)ရက်။ ဟိုပန်နဲ့ ပန်လုံဒေသနှစ်ခုကို “ ၀” ပြည်သွေးစည်းညီညွတ်ရေးတပ်(UWSA)က လွှဲပြောင်းလက်ခံတဲ့ အခမ်းအနားတစ်ရပ် ဟိုပန်မြို့တော်ခန်းမမှာ မနေ့က ကျင်းပခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဒေသနှစ်ခုကို ညီနောင်မဟာမိတ်(၃)ဖွဲ့က ဇန်နဝါရီလ (၅)ရက်နေ့က တိုက်ခိုက်သိမ်းယူလိုက်ပြီးတဲ့နောက်မှာတော့ UWSA ထံ လွှဲပြောင်းပေးလိုက်တာဖြစ်တယ်လို့
စစ်ရေးသတင်း တရုတ် မြန်မာသတင်း

နိုင်ငံရေးရည်မှန်းချက်ကို နိုင်ငံရေးအရတောင်းဆိုရမှာလို့ စစ်ကောင်စီပြော

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 121 Views
ဇန်နဝါရီလ (၁၀) ရက်။ နိုင်ငံရေးရည်မှန်းချက်တွေကို နိုင်ငံရေးအရ တောင်းဆိုရမယ့်အရာဖြစ်တယ်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီကနေ့ထုတ် သတင်းစာမှာ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အရင်ကထဲက နိုင်ငံရေးရည်မှန်းချက်ထဲမှာ ပြည်ထောင်စုစနစ်နဲ့ ဖက်ဒရယ်စနစ်နဲ့ သွားဖို့အတွက် ရည်မှန်းထားပြီးဖြစ်ပါတယ်။ ဒီဟာတွေက
1027 Operations စစ်ရေးသတင်း

ရှမ်းမြောက်မှာ သိမ်းယူရမယ့် စခန်းတွေနဲ့ မြို့ကြီးအချို့ ကျန်သေးတယ်လို့ ညီနောင်(၃)ဖွဲ့ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်
  • 106 Views
ဇန်နဝါရီလ(၁၀)ရက်။ ရှမ်းမြောက်မှာ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေ၊ သိမ်းပိုက်ရယူရမယ့် စခန်းတွေနဲ့ မြို့ကြီးအချို့ ကျန်နေသေးတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က စစ်ဆင်ရေး(၇၅)ရက်မြောက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တစ်ရက်မှ ရပ်နားခဲ့တာမရှိတဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့
စစ်ရေးသတင်း ပြည်တွင်းသတင်း

တီးတိန်မြို့မှာ စစ်ကောင်စီတပ်သား (၃) ဦး PDF Zoland ထံ အလင်းဝင်လာ

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 9 ရက်
  • 119 Views
ဇန်နဝါရီလ (၉)ရက်။ ချင်းပြည်နယ်၊ တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉)တပ်ရင်းက စစ်ကောင်စီတပ်သား (၃)ဦး အလင်းဝင်လာခဲ့တယ်လို့ PDF Zoland ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်ကောင်စီတပ်သား (၃)ဦးဟာ အကြမ်းဖက်စစ်ကောင်စီထံမှာ တာဝန်မထမ်းဆောင်ချင်တော့တာကြောင့် ဇန်နဝါရီလ (၆)ရက်နေ့မှာ
စစ်ရေးသတင်း မြန်မာသတင်း

ရိက္ခာလမ်းကြောင်းဖြတ်တောက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တပ်စခန်းတွေကို စွန့်ခွာထွက်ပြေးသွားတယ်လို့ KNU ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 3 ရက်
  • 145 Views
၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၃) ရက်၊ ခေတ်မျက်လုံး။ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်ထဲက ဖလေးဆာလိုကျေးရွာ သင်္ချိုင်းမြေက ခမရ(၅၈၁)နဲ့ ကလောမီဒဲကျေးရွာထဲက ခမရ(၅၈၁)တပ်စခန်းတွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ KNU ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။
စစ်ရေးသတင်း မြန်မာသတင်း

မြင်းခြုံမြို့နယ်က ညောင်တိုပျူစောထီးပူးပေါင်းစခန်းကို တော်လှန်ရေးမဟာမိတ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့

  • 2024 ခုနှစ်၊ ဇန်နဝါရီလ 2 ရက်
  • 85 Views
ဇန်နဝါရီလ (၂)ရက်။ မြင်းခြုံမြို့နယ်က စစ်ကောင်စီတပ်နဲ့ ပျူစောထီးတို့ ပူးပေါင်းအထိုင်ချနေထိုင်တဲ့ ညောင်တိုစခန်းကို တော်လှန်ရေးမဟာမိတ်တွေ ဒီဇင်ဘာ (၃၀)ရက်နေ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ကိုင်းခရိုင်တပ်ရင်း(၆)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေ အင်အားအများအပြားနဲ့ အထိုင်ချနေထိုင်တဲ့ ညောင်တိုစခန်းသိမ်းတိုက်ပွဲဟာ