နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဇွန်လ 19 ရက်

1027 Operations

1027 Operations စစ်ရေးသတင်း

ရှမ်းမြောက်မှာ သိမ်းယူရမယ့် စခန်းတွေနဲ့ မြို့ကြီးအချို့ ကျန်သေးတယ်လို့ ညီနောင်(၃)ဖွဲ့ထုတ်ပြန်

ဇန်နဝါရီလ(၁၀)ရက်။

ရှမ်းမြောက်မှာ သတ်မှတ်ထားတဲ့ စစ်ရေးပစ်မှတ်တွေ၊ သိမ်းပိုက်ရယူရမယ့် စခန်းတွေနဲ့ မြို့ကြီးအချို့ ကျန်နေသေးတယ်လို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က စစ်ဆင်ရေး(၇၅)ရက်မြောက်နေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

တစ်ရက်မှ ရပ်နားခဲ့တာမရှိတဲ့ “ ၁၀၂၇ စစ်ဆင်ရေး” ဟာ မြန်မာပြည်သူလူထုတစ်ရပ်လုံး လိုလားတဲ့ စစ်အာဏာရှင်စနစ် အမြစ်ပြုတ်စေဖို့ကို များစွာအထောက်အကူပြုမယ်လို့ အကြွင်းမဲ့ယုံကြည်တယ်လို့ ဆိုပါတယ်။

အခုစစ်ဆင်ရေးနဲ့အတူ ရရှိလာခဲ့တဲ့ စိတ်ဓါတ်ခွန်အားတွေ အခုနှစ်ထဲ ပေါ်ပေါက်လာတဲ့ တော်လှန်ရေးအဖွဲ့တွေဆီကိုလည်း တော်လှန်ရေးခွန်အား ဓါတ်ကူးပေးနိုင်ခဲ့ပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

စစ်ဆင်ရေးအရှိန်ကို ဆက်လက်မြှင့်တင်ပြီး တော်လှန်ရေးအောင်ပွဲတွေကို နေ့တိုင်းရယူနိုင်ဖို့အတွက် အထူးကြိုးပမ်းအားထုတ်ကြဖို့ ညီနောင်မဟာမိတ်(၃)ဖွဲ့က တိုက်တွန်းထားပါတယ်။

အလားတူ ရခိုင်ဒေသမှာလည်း ရက္ခိုင့်တပ်တော်(AA)အနေနဲ့ သတ်မှတ်ထားတဲ့ စစ်ဆင်ရေးပစ်မှတ်တွေကို အပြည့်အဝရရှိဖို့ ဆက်လက်ကြိုးပမ်းသွားမယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations

သေဒဏ်အထိချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှုပြစ်ဒဏ်တွေ MNDAA ထုတ်ပြန်

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 12 Views
ဇွန်လ (၁၉)ရက်။ မူးယစ်ဆေးဝါးကင်းစင်တဲ့ ဒေသဖြစ်စေဖို့ မူးယစ်ဆေးဝါးဆိုင်ရာ ပြစ်မှု‌နဲ့ ပြစ်ဒဏ်တွေကို ကိုးကန့်တပ်(MNDAA)က ဒီကနေ့မှာ တရားဝင် ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။
1027 Operations

စစ်ကော်မရှင်ငြိမ်းချမ်းရေးအဖွဲ့ မိုင်းလားမှာ NDAA ကို သွားတွေ့

  • 2026 ခုနှစ်၊ ဇွန်လ 19 ရက်
  • 19 Views
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ နိုင်ငံရေးရည်မှန်းချက်ကို ဆုပ်ကိုင်ထားတယ်လို့ NDAA ပြော ဇွန်လ (၁၉)ရက်။ ဇွန်လ (၁၇)ရက်နေ့က မိုင်းလားဒေသမှာ ရာပြည့် ဦးဆောင်တဲ့
1027 Operations

မဟာမိတ်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေး အဖြေရှာသွားမယ်လို TNLA ထုတ်ပြန်

  • 2026 ခုနှစ်၊ မတ်လ 16 ရက်
  • 156 Views
TNLA ဟာ ပြဿနာကို မဖြေရှင်းလိုတာကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို တာဝန်ယူရမယ်လို ကိုးကန့်တပ်ပြော မတ်လ (၁၄)ရက်။ မဟာမိတ်တိုင်းရင်းသားညီနောင်အကြား ပြဿနာတွေကို တွေ့ဆုံဆွေးနွေးညှိနှိင်းပြီး အဖြေရှာသွားမယ်လို TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကွတ်ခိုင်မြိုမှာ
1027 Operations

TNLA နဲ့ MNDAA တို့အကြား အငြင်းပွားတာတွေကို ညှိနှိုင်းဖြေရှင်းဖို့ တအာင်းအရပ်ဖက်အဖွဲ့တွေ တိုက်တွန်း

  • 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 24 ရက်
  • 1.28K Views
ဖေဖော်ဝါရီလ (၂၆)ရက်။ ကွတ်ခိုင်မြို့မှာ TNLA နဲ့ MNDAA တို့ မြေပြင်မှာ နှစ်ဖက်တင်းမာတာတွေ ဖြစ်ပွားခဲ့တာ တပတ်ကျော်ကြာခဲ့ပြီဖြစ်တယ်လို့ တအာင်းအရပ်ဖက်အဖွဲ့များကွန်ရက်ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတင်းမာတာတွေ ဖြစ်ပွားတဲ့ကာလထဲ အပြန်အလှန် ရိုက်နှက်တာကြောင့် နှစ်ဖက်
1027 Operations

တိုက်ပွဲထဲ ဖမ်းမိခဲ့တဲ့ စစ်သုံ့ပန်း (၅၀၀)ဦးကို MNDAA ပြန်လွှတ်ပေး

  • 2026 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 279 Views
ဇန်နဝါရီလ (၂၆)ရက်။ တိုက်ပွဲထဲ ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သား စစ်သုံ့ပန်း (၅၀၀)ဦးကို ပြန်လွှတ်ပေးခဲ့တယ်လို့ ကိုးကန့်တပ်(MNDAA)ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီစစ်သုံ့ပန်းတွေကို လူသားစာနာမှုအနေနဲ့ တရုတ်ပြက္ခဒိန်အရ မနေ့က တာကျောင်မဟာပူဇော်ပွဲ (၇)ရက်မြောက်နေ့ အာဇာနည်ဝိညာဉ်ပို့ဆောင်ပွဲ အခမ်းအနားမှာ
စစ်ရေးသတင်း တောင်ကိုရီးယား နိုင်ငံတကာသတင်း အမေရိကန်

ပစိဖိတ်သမုဒ္ဒရာတွင် အမေရိကန် ရေငုပ်သင်္ဘောများ အရေအတွက် အသာစီးမရတော့ခြင်းကြောင့် တောင်ကိုရီးယားက ကူညီနိုင်မည့် အစီအစဉ်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 22 ရက်
  • 227 Views
CNN- ၂၀၂၅ခုနှစ်၊ ဒီဇင်ဘာလ ၂၁ရက် ဆိုးလ်၊ တောင်ကိုရီးယား — တောင်ကိုရီးယားနိုင်ငံသည် ကမ္ဘာ့အဆင့်မြင့် ရေအောက် ရေတပ်အင်အားကြီးနိုင်ငံများစာရင်းတွင် ပါဝင်ရန် ဆန္ဒရှိနေပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှလည်း ထိုသို့လုပ်ဆောင်ရန် ခွင့်ပြုချက် ရရှိထားပြီဖြစ်သည်။ တောင်ကိုရီးယားသည် အမေရိကန်၊
1027 Operations

“ ဝ” အနေနဲ့ ဘယ်လိုလက်နက်နဲ့ ကိရိယာကိုမှ ပံ့ပိုးတော့မှာမဟုတ်ဘူးဆိုပြီး MNDAA၊ TNLA၊ SSPP တို့နဲ့တွေ့ဆုံချိန် ပြောဆိုခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 21 ရက်
  • 314 Views
ဩဂုတ်လ (၂၁)ရက်။ UWSA အနေနဲ့ MNDAA၊ TNLA နဲ့ SSPP စတဲ့ လက်နက်ကိုင်(၃)ဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးပွဲတရပ်ကို ပန်ဆန်းမြို့မှာ ပြုလုပ်ခဲ့တယ်လို့ မနေ့က သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီဆွေးနွေးပွဲကို MNDAA၊ TNLA နဲ့
1027 Operations

တအာင်းပြည်ထဲ စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်တာကြောင့် ပြည်သူ (၂၇)ဦးသေဆုံးပြီး (၈၂)ဦးထိခိုက်ခဲ့

  • 2025 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 1.97K Views
ဩဂုတ်လ (၂)ရက်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲ တအာင်းဒေသရှိ မြို့နယ်တွေကို စစ်ကောင်စီတပ်က လေကြောင်းနဲ့ လက်နက်ကြီးအပါအဝင် ဒရုန်းနဲ့ ကြဲချပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးတာတွေ ရှိခဲ့တယ်လို့ TNLA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အဲ့ဒီတလတာထဲ