နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 17 ရက်

1027 Operations

1027 Operations

လက်နက်ချ အညံ့မခံတဲ့အတွက် (၁၀၅) မိုင် စစ်ကောင်စီစခန်းကို တိုက်ခိုက်နေတာလို့ ညီနောင်(၃) ဖွဲ့ပြော

၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၂၈) ရက်၊ ခေတ်မျက်လုံး။

လက်နက်ချအညံ့မခံတာကြောင့် မူဆယ် (၁၀၅)မိုင်က စစ်ကောင်စီစခန်းကို တိုက်ခိုက်နေတာဖြစ်တယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ မနေ့က ထုတ်ပြန်ပြောဆိုထားချက်အရ သိရပါတယ်။

“ ကျွန်တော်တို့အနေနဲ့ (၂၄)နာရီအတွင်း မူဆယ် (၁၀၅)မိုင် စစ်ကောင်စီစခန်းကို လက်နက်ချ အညံ့ခံဖို့ ပြောထားပေမယ့် လက်နက်ချ အညံ့မခံတဲ့အတွက် အခုလို တိုက်ခိုက်နေတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။

နိုဝင်ဘာလ (၂၇)ရက်နေ့က မူဆယ်မြို့အနီးရှိ (၁၀၅) မိုင် စစ်ကောင်စီရဲ့ စစ်ဗျူဟာစခန်းကုန်းကို ညီနောင်(၃)ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ဂျက်တိုက်လေယာဉ်နှစ်စီးနဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

မူဆယ် (၁၀၅)မိုင်အနီး ညီနောင်မဟာမိတ် (၃)ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အခြေအနေအသေးစိတ်ကိုတော့ ထပ်မံထုတ်ပြန်ထားခြင်းမရှိသေးပါ။

ညီနောင်မဟာမိတ် (၃) ဖွဲ့အနေနဲ့ လက်နက်ချ၊ အညံ့မခံတဲ့ စခန်းတွေနဲ့ ပြည်သူကို လက်နက်ကြီးနဲ့ ပစ်ခတ်သတ်ဖြတ်နေတဲ့ စခန်းတွေကို အခုလို တစ်ခုပြီးတစ်ခု ဆက်လက်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားပါတယ်။

“ ၁၀၂၇ စစ်ဆင်ရေး” ကာလ အခုဆို (၃၂) ရက်မြောက်နေ့ကို ရောက်ရှိလာပြီဖြစ်ကာ စစ်ရေးပစ်မှတ်တွေနဲ့ မြို့သိမ်းတိုက်ပွဲတွေကို ဆက်လက်ဆင်နွှဲနေတယ်လို့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

သီပေါမြို့မှာ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံး (၅၀)ကျော် ကြဲချကာ အရပ်သားတစ်ဦးသေဆုံးခဲ့ရ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 16 ရက်
  • 4 Views
စက်တင်ဘာလ (၁၆)ရက်။ ဒီကနေ့ နံနက် (၉)နာရီကနေစပြီး (၁၀)နာရီထိ သီပေါမြို့ရှိ လူနေရပ်ကွက်တွေထဲ စစ်ကောင်စီက Y-12 လေယာဉ်နဲ့ ဗုံးအလုံးရေ
1027 Operations မြန်မာသတင်း

သိန္နီခရိုင်ထဲ စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သား (၅)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 14 ရက်
  • 12 Views
စက်တင်ဘာလ (၁၄)ရက်။ မနေ့က ည (၇)နာရီအချိန်မှာ သိန္နီခရိုင်၊ သံလွင်လျင်ဟိုမြို့နယ်ရှိ နန်ဘိုင်းရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA
1027 Operations မြန်မာသတင်း

လားရှိုးမြို့မှာ စစ်ကောင်စီမိုင်းနင်းမိပြီး အမှိုက်ကောက်သူတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 11 ရက်
  • 15 Views
စက်တင်ဘာလ (၁၁)ရက်။ စက်တင်ဘာလ (၉)ရက်နေ့က လားရှိုးမြို့ရှိ စစ်ကောင်စီရဲ့ တပ်ရင်း(၄၁)အနီးမှာ အမှိုက်ကောက်သူတစ်ဦး မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရခဲ့တယ်လို့ MNDAA ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီတပ်ထောင်ထားတဲ့ မြေမြှုပ်မိုင်းကို နင်းမိတာကြောင့် အမှိုက်ကောက်တဲ့ အမျိုးသားရဲ့
1027 Operations မြန်မာသတင်း

အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တာတွေကို မှတ်တမ်းတင်ထားတယ်လို့ ညီနောင်(၃)ဖွဲ့ပြော

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 24 Views
စက်တင်ဘာလ (၁၀)ရက်။ အာဏာလက်လွှတ်ဖို့ နီးကပ်နေတဲ့ စစ်ရှုံးစစ်ကောင်စီရဲ့ အကြမ်းဖက်တိုက်ခိုက်တဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်ထားပြီး အိမ်နီးချင်းနိုင်ငံတွေနဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအဖွဲ့တွေဆီ ပေးပို့သွားမယ်လို့ ညီနောင်မဟာမိတ် (၃)ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံအနှံ့အပြားမှာ စစ်ရှုံးစစ်ကောင်စီဟာ သူတို့ရဲ့
1027 Operations မြန်မာ့နိုင်ငံရေး

ကိုးကန့်တပ်(MNDAA) တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်တယ်ဆိုတာ သတင်းအမှားလို့ UWSA ငြင်းဆို

  • 2024 ခုနှစ်၊ စက်တင်ဘာလ 10 ရက်
  • 19 Views
စက်တသ်ဘာလ (၁၀)ရက်။ ကိုးကန့်တပ်(MNDAA)ရဲ့ တပ်သား (၂)ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်ဆိုပြီး သတင်းဌာနအချို့က ရေးသားခဲ့တာဟာ သတင်းအမှားလို့ UWSA ပြင်ပဆက်ဆံရေးတာ၀န်ခံ ဦးညီရန်းရဲ့ ဒီကနေ့မှာ ငြင်းဆိုထားချက်အရ သိရပါတယ်။ “ MNDAA တပ်သား (၂)ဦးကို သေနတ်နဲ့
1027 Operations မြန်မာသတင်း

ရှမ်းမြောက်မှာ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲတာကြောင့် ဒေသခံအများစု နေရပ်မပြန်ရဲဖြစ်နေ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 18 Views
စက်တင်ဘာလ (၉)ရက်။ ရှမ်းမြောက်ဒေသမှာ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကြောင့် ဒေသခံအများစု နေရပ်မပြန်ရဲဖြစ်နေတယ်လို့ SSPP ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၈)ရက်နေ့အထိ ရရှိထားတဲ့ စာရင်းတွေအရ SSPP/SSA အုပ်ချုပ်တဲ့နယ်မြေထဲ စစ်ဘေးရှောင်ပြည်သူ (၉၃၀၀)ကျော်
1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက နှစ်ရက်ဆက်တိုက် လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 9 ရက်
  • 26 Views
စက်တင်ဘာလ (၉)ရက်။ ဒီကနေ့ နံနက် (၁၀)နာရီ‌ကျော်အချိန်မှာ လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ Freedom Youth Volunteers(FYV)ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီကနေ့ နံနက် (၁၀)နာရီ (၂၅)မှာ တစ်လုံးနဲ့
1027 Operations မြန်မာသတင်း

နောင်ချိုမြို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ၊ စစ်ကောင်စီက တရက်ထဲ ဗုံးအလုံးရေ (၁၀၀)နီးပါး ကြဲချတိုက်ခိုက်ခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်
  • 25 Views
စက်တင်ဘာလ (၈)ရက်။ နောင်ချိုမြို့နယ်ရှိ သဲခေါ်ရွာ၊ မကျီးရေရွာနဲ့ စစ်ကောင်စီအမြောက်တပ် (၃၅၄)တပ်စခန်းတို့မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ TNLA ရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့ကို စစ်ကောင်စီက စစ်အင်အား ပြန်လည်ဖြည့်တင်းဖို့