၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်၊ ခေတ်မျက်လုံး။
ကော့ကရိတ်တောင်ပိုင်း ကျေးရွာတွေနဲ့ မြို့တွင်း လူနေရပ်ကွက်တွေအပေါ် နေ့ရော ညပါ စစ်ကောင်စီရဲ့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက် ဗုံးကြဲမှုကြောင့် ဒီဇင်ဘာ (၁) ရက်နေ့က ဒီနေ့ (၂) ရက်နေ့ နံနက်ပိုင်းအထိ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု များပြားလာနေတယ်လို့ ကေအိုင်စီမှာ ဖော်ပြထားပါတယ်။
မနေ့ညက ညဘက်လေယာဉ်ကြဲတာ တောင်ပိုင်းရွာဘက်မှာ တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အာရှလမ်းပေါ်မှာလည်း ပိတ်မိနေတဲ့ကားတွေက ကားသမားတွေလည်း သေဆုံးတယ်လို့ သိရှိရပါတယ်။
မနေ့က ကော့ကရိတ်မြို့တွင်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဘက်မှ အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေကို သိရှိရဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့ နှစ်ဖက်စစ်ဆိုင်ထားတဲ့နေရာတွေကို ဆက်လက် တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးနယ်မြေတာဝန်ရှိသူတွေက ပြောတယ်လို့ သိရပါတယ်။
အခုအချိန်ထိ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်မှာ ကင်းထောက်လေယာဉ် ပျံသန်းမှုနဲ့ လေကြောင်းကအမ် ဗုံးကြဲတိုက်ခိုကမှုတွေ ဆက်ရှိနေသေးတဲ့အတွက် ရပ်ကွက်အတွင်း နေအိမ်တွေမှာ ပိတ်မိနေတဲ့ဒေသခံတွေ၊ ဒဏ်ရာရရှိထားတဲ့လူနာတွေ ဆေးကုသရေးနဲ့ နေရပ်စွန့်ခွာ ရှောင်တိမ်းဖို့ အကူအညီတောင်းခံမှုတွေလည်း ရှိနေကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူတွေက ပြောတယ်လို့ ကေအိုင်စီမှာ ဖော်ပြထားပါတယ်။