နောက်ဆုံးတင်ဆက်ထားသည်မှာ 2025 ခုနှစ်၊ ဒီဇင်ဘာလ 8 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

နေ့ရောညပါ စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုကြောင့် ကော့ကရိတ် ဒေသခံများ ထိခိုက်သေဆုံးမှု မြင့်တက်လာနေ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၂) ရက်၊ ခေတ်မျက်လုံး။

ကော့ကရိတ်တောင်ပိုင်း ကျေးရွာတွေနဲ့ မြို့တွင်း လူနေရပ်ကွက်တွေအပေါ် နေ့ရော ညပါ စစ်ကောင်စီရဲ့ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက် ဗုံးကြဲမှုကြောင့် ဒီဇင်ဘာ (၁) ရက်နေ့က ဒီနေ့ (၂) ရက်နေ့ နံနက်ပိုင်းအထိ အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု များပြားလာနေတယ်လို့ ကေအိုင်စီမှာ ဖော်ပြထားပါတယ်။

မနေ့ညက ညဘက်လေယာဉ်ကြဲတာ တောင်ပိုင်းရွာဘက်မှာ တစ်ဦး သေဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ အာရှလမ်းပေါ်မှာလည်း ပိတ်မိနေတဲ့ကားတွေက ကားသမားတွေလည်း သေဆုံးတယ်လို့ သိရှိရပါတယ်။

မနေ့က ကော့ကရိတ်မြို့တွင်းတိုက်ပွဲအတွင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) ပူးပေါင်း တပ်ဘက်မှ အကျအဆုံးနဲ့ ထိခိုက်ဒဏ်ရာရရှိသူများလည်း ရှိနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေကို သိရှိရဖို့ နယ်မြေရှင်းလင်းရေး လုပ်ဆောင်ဖို့ နှစ်ဖက်စစ်ဆိုင်ထားတဲ့နေရာတွေကို ဆက်လက် တိုက်ခိုက်ဖို့ ပြင်ဆင်နေတယ်လို့ စစ်ရေးနယ်မြေတာဝန်ရှိသူတွေက ပြောတယ်လို့ သိရပါတယ်။ ‌

အခုအချိန်ထိ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်မှာ ကင်းထောက်လေယာဉ် ပျံသန်းမှုနဲ့ လေကြောင်းကအမ် ဗုံးကြဲတိုက်ခိုကမှုတွေ ဆက်ရှိနေသေးတဲ့အတွက် ရပ်ကွက်အတွင်း နေအိမ်တွေမှာ ပိတ်မိနေတဲ့ဒေသခံတွေ၊ ဒဏ်ရာရရှိထားတဲ့လူနာတွေ ဆေးကုသရေးနဲ့ နေရပ်စွန့်ခွာ ရှောင်တိမ်းဖို့ အကူအညီတောင်းခံမှုတွေလည်း ရှိနေကြောင်း လူမှုကူညီရေးလုပ်ဆောင်နေသူတွေက ပြောတယ်လို့ ကေအိုင်စီမှာ ဖော်ပြထားပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

မြန်မာသတင်း

“CRPH ကထောင်ချနိုင်သတဲ့လား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 7 ရက်
  • 21 Views
ငါ့လူ-သူ့လူ-ရွေးအပစ်ပေးတဲ့ခေတ်” ဒီအပတ်ခေတ်မျက်လုံးရဲ့ အပတ်စဥ်နိုင်ငံရေးဖြစ်စဥ်များကိုလေ့လာသုံးသပ်ခြင်းမှာ CRPHက ရွေးကောက်ပွဲဝင်မဲ့သူများကိုထောင်ချနိုင်ဖို့ ဥပဒေရေးဆွဲနေတယ်ဆိုတဲ့သတင်းကို ဆန်းစစ် ဝေဖန်မှုနဲ့ NUG ရဲ့တရားစီရင်‌ရေးမှာ သူ့လူကိုယ့်လူ ဘက်လိုက်မှုတွေကို 
မြန်မာသတင်း

မိုးကုတ်မှာ အရေးပါတဲ့ စစ်တပ်စခန်းကုန်းတခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 45 Views
ဒီဇင်ဘာလ (၆)ရက်။ နိုဝင်ဘာလ (၃၀)ရက်နေ့ ညနေ (၆)နာရီအချိန်ကစပြီး မိုးကုတ်မြို့နယ်ထဲရှိ စစ်တပ်အခြေကုပ်ယူလာတဲ့ နယ်မြေတွေကို PDF တပ်ဖွဲ့ဝင်တွေက အပြင်းအထန်
မြန်မာသတင်း

ပုလောမြို့မှာ တစညပါတီဥက္ကဋ္ဌ ပစ်ခတ်ခံရပြီး သေဆုံးခဲ့

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 39 Views
ဒီဇင်ဘာလ (၆)ရက်။ ပုလောမြို့ ကျောက္ကာရွာနေ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး(တစည)ပါတီဥက္ကဋ္ဌ ဦးကြည်သန်းကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ မြိတ်ခရိုင်အမှတ်(၁)တပ်ရင်းရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဦးကြည်သန်းက စကစရွေးကောက်ပွဲကို ကူညီပေးနေတာ။ သူ့ကို ဖမ်းဆီးချိန် သေနတ်လုပြီး ပြန်ပစ်ဖို့ ကြိုးစားတာကြောင့်
မြန်မာသတင်း

ဗန်းမော်မြို့သိမ်းတိုက်ပွဲ စစ်ရေးအနိုင်ရတဲ့အထိ တိုက်ပွဲဝင်သွားမယ်လို့ KIO ပြော

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 25 Views
ဒီဇင်ဘာလ (၆)ရက်။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ မပြီးမချင်း စစ်ရေးအနိုင်ရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ KIO သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ထုတ်ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။ “ အခုနှစ်ထဲမှာ သိမ်းပိုက်ရရှိတဲ့ စစ်တပ်နေရာတွေရှိပါတယ်။ စစ်တပ်ဘက်က ထိုးစစ်ဆင်နေပေမယ့် ကျနော်တို့ဘက်က ပြန်ပြီး
မြန်မာသတင်း

ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်း စစ်တပ်ထုတ်ပြန်

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 25 Views
ဒီဇင်ဘာလ (၆)ရက်။ စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း(၁)နဲ့(၂)မှာ မကျင်းပနိုင်တဲ့ နယ်မြေတွေစာရင်းကို ရွေးကောက်ပွဲကော်မရှင်က ဒီကနေ့မှာ ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ရွေး/ကော်ကထုတ်ပြန်တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ မြို့နယ်တွေထဲက ရပ်/ကျေးစာရင်းဟာ ကချင်မှာ (၁၀၆)ခု၊ ကယားမှာ (၅၁)ခု၊
မြန်မာသတင်း

ဒီပဲယင်းမှာ စစ်တပ်ရဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်တာကြောင့် ပြည်သူ (၁၈)ဦး သေဆုံးခဲ့ရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 23 Views
ဒီဇင်ဘာလ (၆)ရက်။ မနေ့က ည (၈)နာရီကျော်အချိန်က ဒီပဲယင်းမြို့အရှေ့ခြမ်းရှိ မရကန်ရွာကို စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ မြို့နယ်ပအဖရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ဒီပဲယင်းအရှေ့ခြမ်း မရကန်ရွာကို အကြမ်းဖက်စကမက ဂျက်ဖိုက်တာနဲ့ အကြောင်းမဲ့
မြန်မာသတင်း

တောင်ငူရှိ ကေတုမတီလေဆပ် အဆင့်မြင့်အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်ခံရ

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 6 ရက်
  • 31 Views
ဒီဇင်ဘာလ (၅)ရက်။ မနေ့က နံနက် (၈)နာရီ (၁၅)မိနစ်အချိန်က တောင်ငူရှိ ကေတုမတီလေဆိပ်ထဲကို အဆင့်မြင့် FVP အသေခံဒရုန်း (၄)စင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဝရဇိန်တပ်ဖွဲ့ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ “ ကေတုမတီလေဆိပ်ထဲကို “
မြန်မာသတင်း

ရန်ကုန် (၁၉)လမ်းရှိ ရွှေဆိုင်တဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထုပ်နဲ့ ကျပ်သိန်း(၁၀၀၀)ကျော်ပါသွား

  • 2025 ခုနှစ်၊ ဒီဇင်ဘာလ 5 ရက်
  • 39 Views
ဒီဇင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်က လသာမြို့နယ် (၁၉)လမ်းရှိ ရွှေဇင်ရွှေဆိုင် ဓါးပြတိုက်ခံခဲ့ရတယ်လို့ မြို့နေပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ဓါးပြတိုက်ခံရတာက (၁၉)လမ်း မဟာဗန္ဓုလလမ်းပေါ်က ရွှေဇင်ရွှေဆိုင်ပါ။ ဆိုင်ဖွင့်ဖို့ ကားပေါ်ကနေ ပစ္စည်းတွေချနေတဲ့အချိန်