၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၄)ရက်၊ ခေတ်မျတ်လုံး။
တိုက်ပွဲတွေကြောင့် အထိနာနေတဲ့ စစ်ကောင်စီက ခွင့်မဲ့/စစ်ပြေးတွေကို ပြန်လည်လက်ခံသွားမယ်လို့ ဒီကနေ့ထုတ်သတင်းစာမှာ ဖော်ပြထားပါတယ်။
နိုင်ငံတော်တာဝန် ပြန်လည်ထမ်းဆောင်ဖို့ ခွင့်မဲ့/စစ်ပြေး ဖြစ်နေတဲ့ တပ်ဖွဲ့ဝင်တွေက ပြန်လည်ဆန္ဒပြု တင်ပြလာတာတွေရှိတယ်ဆိုပြီး စစ်ကောင်စီက ဆိုထားပါတယ်။
စစ်တပ်မှာ ပြန်လည်တာဝန်ထမ်းဆောင်လိုတယ်ဆိုပြီး တင်ပြလာတာတွေကို သတ်မှတ်ကာလနဲ့ အကျုံးဝင်တဲ့ တပ်ဖွဲ့ဝင်တွေကို နီးစပ်ရာတပ်တွေမှာ ပြန်လည်လက်ခံသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့ပြင် သာမန်ပြစ်မှုကျူးလွန်သူ တပ်ဖွဲ့ဝင်တွေကိုလည်း ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့် ပေးသွားမှာဖြစ်တယ်လို့ ရေးသားထားပါတယ်။
ကိုးကန့်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ရခိုင်အပါအ၀င် နိုင်ငံအနှံ့မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက စခန်းပေါင်း ရာနဲ့ချီအပြင် မြို့ကြီးအချို့ကိုလည်း လက်လွှတ်ဆုံးရှုံးနေတဲ့အချိန်မှာ အခုလို ထုတ်ပြန်တာလည်း ဖြစ်ပါတယ်။