နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်

မြန်မာသတင်း

မြန်မာသတင်း

ရန်ကုန်မြို့မှာ “ Yangon Sold out. soon! ငါတို့အလှည့်ရောက်ပြီ” စာတန်း ချိတ်ဆွဲ

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၇) ရက်၊ ခေတ်မျက်လုံး။

ဒီကနေ့ အမျိုးသားနေ့ ရန်ကုန်မြို့၊ ဗိုလ်တထောင်စေတီအနီးက ဂုံးကျော်တံတားမှာ “ Yangon Sold out. soon! ငါတို့အလှည့်ရောက်ပြီ” စာတန်းကို မြို့ပြတော်လှန်ရေးအဖွဲ့တွေက ချိတ်ဆွဲခဲ့တယ်လို့ သိရပါတယ်။

“ Yangon Sold out. soon! ငါတို့အလှည့်ရောက်ပြီ” စာတန်း ချိတ်ဆွဲပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ လှုပ်ရှားမှုကို CDM Rangers နဲ့ THE BRAVE STUDENTS အဖွဲ့တို့ဦးဆောင်ကာ Yangon Drone နဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

“ စစ်ခွေး ရဲခွေးတွေ ဒီနေ့လုံခြုံရေးတင်းကြပ်တယ်၊ နာရီဝက်တခါကိုလှည့်နေကြတယ်၊  ဒီလိုလုံခြုံရေးတင်းကြပ်ထားလဲ အာဏာရှင်ဆန့်ကျင်ရေးလုပ်ဆောင်ချက်တွေက တဆက်တည်း လုပ်ဆောင်နေကြတာဖြစ်ပါတယ်” လို့ တော်လှန်ရေးရဲဘော်တွေက ပြောဆိုထားပါတယ်။

စစ်တပ်ဟာ ရန်ကုန်မြို့ကြီးမှာတောင် ပြိုပျက်ကြောက်ရွံ့နေကြပြီဖြစ်ကာ ရဲဘော်တွေဟာ ကြောက်ရွံ့မှုကို ဖယ်ရှားပြီး အသက်ပေးလုပ်ဆောင်နေကြတာဖြစ်လို့ ပြည်သူတွေ အတတ်နိုင်ဆုံး ပူးပေါင်းပါဝင်ပေးဖို့ ပါ၀င်လှုပ်ရှားကြတဲ့ လူငယ်တွေက တိုက်တွန်းပြောဆိုထားတယ်လို့ သိရပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1027 Operations မြန်မာသတင်း

လားရှိုးမြို့ကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၄)လုံးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့၊ အရပ်သား (၁)ဦးသေဆုံးပြီး (၁၆)ဦးဒဏ်ရာရရှိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 25 ရက်
  • 1 Views
စက်တင်ဘာလ (၂၅)ရက်။ မနေ့က နံနက်အစောပိုင်းအချိန်မှာ တိုက်ပွဲဖြစ်ပွားတာမရှိတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက တိုက်လေယာဉ်တွေနဲ့ လေကြောင်းကနေ (၂)ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ MNDAA
မြန်မာသတင်း

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဂန့်ဂေါခရိုင်အမှတ် (၁၈)တပ်ရင်းထံ အလင်း၀င်လာ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 13 Views
စက်တင်ဘာလ (၂၃)ရက်။ စက်တင်ဘာလ (၁၁)ရက်နေ့က ထီးလင်းမြို့က စစ်ကောင်စီတပ်သားတစ်ဦး လက်နက်ခဲယမ်းတွေနဲ့အတူ အလင်း၀င်လာခဲ့တယ်လို့ Yaw Revolution Force-Htilin ရဲ့
မြန်မာသတင်း

မြန်မာရေဘေးအတွက် ကန်ဒေါ်လာ (၁.၇)သန်း ဩစတြေးလျ ထပ်တိုးကူညီ

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 18 Views
စက်တင်ဘာလ (၂၃)ရက်။ မြန်မာနိုင်ငံရှိ ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်ဒေါ်လာ (၁.၇)သန်း ထပ်တိုးကူညီတယ်လို့ ဩစတြေးလျသံရုံးရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဩစတြေးလျနိုင်ငံက ထပ်တိုးအတည်ပြုကူညီတဲ့ အမေရိကန်ဒေါ်လာ (၁.၇)သန်းကို ရေဘေးသင့်ပြည်သူတွေအတွက် စားနပ်ရိက္ခာ၊ ရေနဲ့ ခိုနားဖို့နေရာတွေ အသုံးပြုသွားမယ်လို့
မြန်မာသတင်း

ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်ကောင်စီသင်္ဘောတွေ တိုက်ခိုက်ခံရ၊ စစ်ကောင်စီဘက်က အကျအရှုံးတွေရှိခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 24 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ အလုံဆိပ်ကမ်းကနေ ချင်းတွင်းမြစ်ထဲ စုန်ဆင်းလာတဲ့ စစ်သင်္ဘောတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Salingy Revolution Army ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စက်တင်ဘာလ (၂၃)ရက်နေ့နဲ့ (၂၀)ရက်နေ့တို့မှာ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့
မြန်မာသတင်း

ရေစကြိုမြို့ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတာကြောင့် ညီအမ (၂)ဦးသေဆုံးပြီး (၄)ဦးဒဏ်ရာရခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 20 Views
စက်တင်ဘာလ (၂၃)ရက်။ မနေ့က နံနက် (၈)နာရီခွဲခန့်မှာ ရေစကြိုမြို့ရှိ မအူအောက်ဆိပ်တိုက်နယ်ထဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုထားချက်တွေအရ သိရပါတယ်။ “ မအူအောက်ဆိပ်တိုက်နယ်ဆေးရုံနဲ့ ရွှေကျင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက အကြောင်းမဲ့ လေကြောင်းကနေ ဗုံးကြဲသွားတာ၊
မြန်မာသတင်း

မွန်ပြည်သူနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ MLA ထုတ်ပြန်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 13 Views
စက်တင်ဘာလ (၂၃)ရက်။ မွန်ပြည်သူတွေနဲ့ ညီနောင်တိုင်းရင်းသားတွေ အားကိုးလေးစားရတဲ့ ပြည်သူ့တပ်တော်ဖြစ်ဖို့ တော်လှန်ကြိုးစားနေတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)ရဲ့ ဒီကနေ့ ကျရောက်တဲ့ တပ်တော်တည်ထောင်တာ (၂)နှစ်ပြည့်မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ MLA အနေနဲ့ ပြည်သူ့ဆန္ဒနဲ့အညီ အာဏာရှင်စနစ်ပျက်သုဉ်းဖို့၊ တန်းတူညီမျှရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်
မြန်မာသတင်း

ရေဘေးကြောင့် မြို့နယ် (၅၄)မြို့နယ်မှာ ရေကြီးရေလျှံခဲ့ပြီး လူ (၃၈၄)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 10 Views
စက်တင်ဘာလ (၂၃)ရက်။ မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်တာကြောင့် လူဦးရေ (၁၄၀၀၀၀)ကျော် ရေဘေးသင့်ကာ (၃၈၄)ဦး သေဆုံးခဲ့တယ်လို့ စစ်ကောင်စီရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ နိုင်ငံတ၀န်းရှိ နေပြည်တော်အပါအ၀င် တိုင်းနဲ့ ပြည်နယ် (၉)ခုက မြို့နယ် (၅၄)မြို့နယ်
မြန်မာသတင်း

ငါန်းမြာကြီးရွာကို စစ်‌ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲတာကြောင့် ပြည်သူ (၁၂)ဦးနဲ့ ကာကွယ်ရေးရဲဘော် (၂)ဦး သေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 23 ရက်
  • 15 Views
စက်တင်ဘာလ (၂၃)ရက်။ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူ (၁၂)ဦးသေဆုံးပြီး ကာကွယ်ရေးရဲဘော် (၂)ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။ “ ငါန်းမြာဘက်ကို တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက (၂)ရက်ဆက်တိုက် ဗုံးကြဲတာ၊