နောက်ဆုံးတင်ဆက်ထားသည်မှာ 2026 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 5 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား)

လွိုင်ကော် ပြည်နယ်ရဲစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်

++++++++++++++++++++++++++++++++++++++++++

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှာရှိတဲ့ ပြည်နယ်ရဲစခန်းကို မနေ့က ဒီဇင်ဘာလ (၉) ရက်နေ့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌခွန်းဘီထူးက အတည်ပြုတဲ့အကြောင်း ကရင်နီပြည်အခြေစိုက် သတင်းဌာန Kantarawaddy Times (ကန္တာရဝတီတိုင်းမ်စ်) မှာ ဖော်ပြထားပါတယ်။

ပြည်နယ်ရဲစခန်း တိုက်ခိုက်မှုမှာ နှစ်ဖက်ထိခိုက်ဆုံးရှုံးမှုရှိခဲ့တယ်လို့ သိရပြီး စစ်ကောင်စီရဲ့ လက်နက်လည်း ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီအင်အားက လေးဆယ်ဝန်းကျင်လောက်ရှိပြီး ခုခံကာကွယ်နေတဲ့ အနေအထားကနေ တချို့ကတော့ ထွက်ပြေးထွက်မြောက်သွားတယ်လို့ သိရပြီး တချို့ကိုတော့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဘက်က ရှင်းလင်းခဲ့ရသလို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဘက်က ရဲဘော် (၆) ဦး ကျသွားခဲ့တယ်။ လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောထားကြောင်း Kantarawaddy Times မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်မှာ ၁၁.၁၁ စစ်ဆင်ရေးကို နိုဝင်ဘာ (၁၁) ရက်နေ့က စတင်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲလို့ သိရပါတယ်။

လွိုင်ကော်ပြည်နယ်ရဲစခန်းကို ကရင်နီပြည်တပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ PDF တပ်ဖွဲ့၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နဲ့ အခြားတော်လှန်ရေးတပ်တို့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ Kantarawaddy Times ရဲ့ ဖော်ပြချက်အရ သိရှိပါတယ်။

ဓာတ်ပုံအညွှန်း။

လွိုင်ကော် ပြည်နယ်ရဲစခန်းကို သိမ်းပြီးနောက် တွေ့ရစဉ်။

(KNDF/KNLF/KA)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲမြို့ပြန်ရဖို့ ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ် ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်သွား

  • 2025 ခုနှစ်၊ မတ်လ 15 ရက်
  • 1.12K Views
မတ်လ (၁၅)ရက်။ မနေ့က မိုးဗြဲမြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်ကို ပြန်လည်ထိုးစစ်ဆင်ခဲ့တာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေနဲ့ ပြန်ဆုတ်ခွာသွားတယ်လို့ KNDF ရဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ချင်းအမျိုးသားကောင်စီနဲ့ လက်တွဲသွားမယ်လို့ KNPP ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 28 ရက်
  • 1.11K Views
ဖေဖော်ဝါရီလ (၂၈)ရက်။ ချင်းပြည်ကောင်စီ(CC)နဲ့ ကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ(ICNCC)တို့ ပေါင်းစည်းဖွဲ့စည်းမယ့် ချင်းအမျိုးသားကောင်စီ Chin National Council (CNC)နဲ့ လက်တွဲသွားမယ်လို့ KNPP
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား ဘက်ပြောင်းခိုလှုံလာတယ်လို့ KNDF ပြော

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 18 ရက်
  • 1.10K Views
ဖေဖော်ဝါရီလ (၁၈)ရက်။ ကရင်နီ-ရှမ်းတောင် နယ်စပ်ဖြစ်တဲ့ မိုးဗြဲတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အများအပြား တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီထိုးစစ်တွေနဲ့အတူ မိုးဗြဲမြို့မှာ ထိတွေ့တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး ပြည်သူ့စစ်မှုထမ်းတွေနဲ့ ရှေ့တန်းစစ်မြေပြင်ကနေ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီမှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ် ပြုလုပ်ကန့်သတ်မယ်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 12 ရက်
  • 1.14K Views
ကရင်နီမှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ် ပြုလုပ်ကန့်သတ်မယ် ဖေဖော်ဝါရီလ (၁၂)ရက်။ ကရင်နီပြည်နယ်မှာ ပြည်နယ်ခြား ဝင်/ထွက်ခွင့်ကတ်နဲ့ ကြီးကြပ်ကန့်သတ်သွားမယ်လို့ Karenni-IEC လဝကရဲ့ မနေ့က အသိပေးထုတ်ပြန်ထားချက်အရ သိရပါတယ်။ ကရင်နီပြည် လုံခြုံရေးအပါအဝင် ခရီးသွားပြည်သူ လုံခြုံရေးနဲ့ စနစ်တကျ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဘောလခဲမြို့ကနေ ပြည်သူတွေ (၁၀)ရက်အတွင်း ရှောင်ရှားကြဖို့ ကရင်နီတပ်ပေါင်းစု ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 3 ရက်
  • 1.14K Views
ဖေဖော်ဝါရီလ (၂)ရက်။ ဘောလခဲမြို့ကနေ ပြည်သူတွေ (၁၀)ရင်အတွင်း ရှောင်ရှားကြဖို့ KNDF အပါအဝင် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက ဒီကနေ့မှာ အသိပေးထုတ်ပြန်ထားတယ်လို့ သိရပါတယ်။ ဘောလခဲမြို့ထဲ စစ်ကောင်စီက စစ်အင်အားဖြည့်တင်းတာနဲ့ ရိက္ခာဆေးဝါးတွေ ဖြည့်တင်းတာတွေ နေ့တိုင်း ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

တလတာတိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့ဝင် (၃၀)ကျော်သေဆုံးခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2025 ခုနှစ်၊ ဖေ‌ဖော်ဝါရီလ 2 ရက်
  • 1.10K Views
ဖေဖော်ဝါရီလ (၂)ရက်။ ပြီးခဲ့တဲ့တလတာထဲ လွိုင်ကော်၊ ဘောလခဲနဲ့ ဖားဆောင်းအပြင် ကရင်နီ-ရှမ်းတောင်နယ်စပ်ရှိ မိုးဗြဲနဲ့ ဆီဆိုင်တို့မှာ စစ်ကောင်စီနဲ့ ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ လွိုင်ကော်မြို့မှာ စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာတွေနဲ့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်ရှေ့တန်းပို့ခံရတဲ့ စစ်ကောင်စီတပ်သား(၇)ဦး KNDF ထံ အလင်းဝင်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 26 ရက်
  • 1.14K Views
ဇန်နဝါရီလ (၂၆)ရက်။ စစ်မှုထမ်းစုဆောင်းခံရပြီး ကရင်နီပြည်နယ် ရှေ့တန်းစစ်ဆင်ရေးတွေဆီ ပို့ဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား (၇)ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇန်နဝါရီလ (၁၉)ရက်နေ့က လွိုင်ကော်မြို့ပြင်ရှိ ကင်းစခန်းတစ်ခုကနေ လက်နက်မဲ့ထွက်ပြေးလာတဲ့ ခမရ(၃၄၀)တပ်ရင်းက
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တိုက်ပွဲဝင်နေတယ်လို့ KNDF စစ်ဦးစီးတပ် ထုတ်ပြန်

  • 2025 ခုနှစ်၊ ဇန်နဝါရီလ 4 ရက်
  • 1.32K Views
ဇန်နဝါရီလ (၃)ရက်။ ရှမ်းမြောက်ကနေ ကရင်နီပြည်ပြန်ရောက်ပြီး ဆက်လက်တာဝန်ထမ်းဆောင်ကာ စစ်ရေးထဲ ပါဝင်လှုပ်ရှားနေတယ်လို့ KNDF အမှတ် (၆၀၆)စစ်ဦးစီးတပ်ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ အမှတ် (၆၀၆)စစ်ဦးစီးတပ်အနေနဲ့ ရှမ်းမြောက်က ညီနောင်မဟာမိတ်(၆၁၁) တိုင်းရင်းသားတပ်မဟာမှာ စစ်ပညာသင် တာဝန်ထမ်းဆောင်ပြီး