နောက်ဆုံးတင်ဆက်ထားသည်မှာ 2024 ခုနှစ်၊ စက်တင်ဘာလ 8 ရက်

1111 စစ်ဆင်ရေး (ကယား)

1111 စစ်ဆင်ရေး (ကယား)

လွိုင်ကော် ပြည်နယ်ရဲစခန်းကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်

++++++++++++++++++++++++++++++++++++++++++

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၀) ရက်၊ ခေတ်မျက်လုံး။

ကရင်နီပြည်၊ လွိုင်ကော်မြို့၊ ဒေါဥခူရပ်ကွက်မှာရှိတဲ့ ပြည်နယ်ရဲစခန်းကို မနေ့က ဒီဇင်ဘာလ (၉) ရက်နေ့က ကရင်နီတော်လှန်ရေးတပ်ပေါင်းစုကနေ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌခွန်းဘီထူးက အတည်ပြုတဲ့အကြောင်း ကရင်နီပြည်အခြေစိုက် သတင်းဌာန Kantarawaddy Times (ကန္တာရဝတီတိုင်းမ်စ်) မှာ ဖော်ပြထားပါတယ်။

ပြည်နယ်ရဲစခန်း တိုက်ခိုက်မှုမှာ နှစ်ဖက်ထိခိုက်ဆုံးရှုံးမှုရှိခဲ့တယ်လို့ သိရပြီး စစ်ကောင်စီရဲ့ လက်နက်လည်း ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်ကောင်စီအင်အားက လေးဆယ်ဝန်းကျင်လောက်ရှိပြီး ခုခံကာကွယ်နေတဲ့ အနေအထားကနေ တချို့ကတော့ ထွက်ပြေးထွက်မြောက်သွားတယ်လို့ သိရပြီး တချို့ကိုတော့ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဘက်က ရှင်းလင်းခဲ့ရသလို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုဘက်က ရဲဘော် (၆) ဦး ကျသွားခဲ့တယ်။ လို့ KNDF ဥက္ကဌ ခွန်းဘီထူးက ပြောထားကြောင်း Kantarawaddy Times မှာ ဖော်ပြထားပါတယ်။

ကရင်နီပြည်မှာ ၁၁.၁၁ စစ်ဆင်ရေးကို နိုဝင်ဘာ (၁၁) ရက်နေ့က စတင်လာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ တိုက်ပွဲတွေ ဖြစ်ပွားနေဆဲလို့ သိရပါတယ်။

လွိုင်ကော်ပြည်နယ်ရဲစခန်းကို ကရင်နီပြည်တပ်မတော် (KA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ PDF တပ်ဖွဲ့၊ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (KNPLF) နဲ့ အခြားတော်လှန်ရေးတပ်တို့ ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာလို့ Kantarawaddy Times ရဲ့ ဖော်ပြချက်အရ သိရှိပါတယ်။

ဓာတ်ပုံအညွှန်း။

လွိုင်ကော် ပြည်နယ်ရဲစခန်းကို သိမ်းပြီးနောက် တွေ့ရစဉ်။

(KNDF/KNLF/KA)

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် www.eraseye.com/donation နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ဆက်စပ်သတင်းများ

1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ရှောင်စခန်းကို စစ်‌ကောင်စီက ဗုံးကြဲတိုက်ခိုက်တာကြောင့် ကျောင်းသားကလေးငယ်တွေအပါအ၀င် (၈)ဦးသေဆုံးခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 6 ရက်
  • 14 Views
စက်တင်ဘာလ (၆)ရက်။ မနေ့က ည (၉)နာရီကျော်အချိန်မှာ ဖယ်ခုံမြို့ရှိ ဘန်ကောက်စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ တိုးတက်သောကရင်နီပြည်သူ့အင်အားစု(PKPF)ရဲ့ ဒီကနေ့မှာ
1111 စစ်ဆင်ရေး (ကယား) မြန်မာ့နိုင်ငံရေး

ကရင်နီ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံးနဲ့ ကြဲချတိုက်ခိုက်

  • 2024 ခုနှစ်၊ စက်တင်ဘာလ 5 ရက်
  • 10 Views
စက်တင်ဘာလ (၅)ရက်။ ဒီကနေ့ နံနက် (၉)နာရီကျော်အချိန်မှာ ကရင်နီပြည်နယ်၊ နန်းမယ်ခုံဒေသကို စစ်ကောင်စီက ပေါင် (၅၀၀)ဗုံး (၃)လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တယ်လို့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရေကျော်စခန်းကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်ရှင်းလင်းခဲ့

  • 2024 ခုနှစ်၊ စက်တင်ဘာလ 3 ရက်
  • 25 Views
စက်တင်ဘာလ (၃)ရက်။ သြဂုတ်လ (၈)ရက်နေ့က ဘောလခဲမြို့နဲ့ မယ်စလင်းတောင်ကြားရှိ စစ်ကောင်စီတပ်စွဲထားတဲ့ ရေကျော်စခန်းကို KA၊ KNDF နဲ့ KNPLF ပူးပေါင်းတပ်တွေက သိမ်းပိုက်ရှင်းလင်းနိုင်ခဲ့တယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တိုက်ပွဲထဲ စစ်ကောင်စီတပ်ဖွဲ့၀င်အချို့ဟာ စခန်းစွန့်ခွာ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီနဲ့ ရှမ်းတောင်ဒေသတိုက်ပွဲထဲ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ထုတ်ပြန်

  • 2024 ခုနှစ်၊ ဩဂုတ်လ 4 ရက်
  • 45 Views
ဩဂုတ်လ (၄)ရက်။ ဇူလိုင်လထဲ ကရင်နီနဲ့ ရှမ်းတောင်နယ်‌စပ်ဒေသက တိုက်ပွဲမှာ စစ်ကောင်စီဘက်က (၅၀)ဦးထက်မနည်း သေဆုံးခဲ့ပြီး လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရမိခဲ့တယ်လို့ KNDF ရဲ့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဇူလိုင်လ တစ်လတာထဲ လွိုင်ကော်၊
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

မိုးဗြဲရေကာတာရေတံခါးကို စစ်ကောင်စီက အဆင်အခြင်မဲ့စွာ ဖွင့်ချတာကြောင့် ဘီလူးချောင်းရေ (၈)ပေအထိမြင့်တက်၊ အနိမ့်ပိုင်းနေသူတွေ ဘေးလွတ်ရာရွှေ့ပြောင်းဖို့ သတိပေးထား

  • 2024 ခုနှစ်၊ ဇူလိုင်လ 26 ရက်
  • 42 Views
ဇူလိုင်လ (၂၆)ရက်။ မနေ့က နံနက်အစောပိုင်းမှာ မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီရဲ့ ခမရ(၄၂၂)တပ်က မိုးဗြဲရေကာတာရေတံခါးကို အဆင်အခြင်မဲ့စွာ ဖွင့်ချတာကြောင့် ဘီလူးချောင်းရေ (၈)ပေအထိ မြင့်တက်ခဲ့တယ်လို့ ကရင်နီ-IEC ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ ဗိုးဗြဲရေကာတာရေတံခါးကို စစ်ကောင်စီက
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

လွိုင်ကော်ပြတိုက်ထဲက ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ Karenni-IEC ထုတ်ပြန်

  • 2024 ခုနှစ်၊ ဇူလိုင်လ 18 ရက်
  • 32 Views
ဇူလိုင်လ (၁၈)ရက်။ လွိုင်ကော်မြို့ ရှေးဟောင်းပြတိုက်ထဲက ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေကို ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ Karenni-IEC ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။ တစ်လေးလုံးစစ်ဆင်ရေးထဲ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်ကြီးတွေနဲ့ လေကြောင်း ပစ်ခတ်တာတွေအပါအ၀င် မီးရှို့ဖျက်ဆီးတာတို့ကြောင့် အများပြည်သူအိုးအိမ်တွေ၊ ပြည်သူပိုင်အဆောက်အဦတွေနဲ့ ဘာသာရေးအဆောက်အဦတွေ
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

တိုက်ပွဲဖြစ်ပွားခဲ့တဲ့ လွိုင်ကော်မှာ ပြန်လည်ထူထောင်ရေးတွေလုပ်ဖို့ စစ်ကောင်စီပြင်ဆင်နေ

  • 2024 ခုနှစ်၊ ဇူလိုင်လ 14 ရက်
  • 72 Views
ဇူလိုင်လ (၁၄)ရက်။ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အပျက်အစီးများခဲ့တဲ့ လွိုင်ကော်မြို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ ဒီကနေ့မှာ ထုတ်ပြန်ထားချက်အရ သိရပါတယ်။ စစ်ကောင်စီဟာ လွိုင်ကော်မြို့ထဲက စာသင်ကျောင်းအချို့ကို ဖွင့်လှစ်ခဲ့တယ်လို့ သိရပြီး တက္ကသိုလ်တွေနဲ့ စာသင်ကျောင်းတွေအားလုံး ပြန်လည်ဖွင့်လှစ်နိုင်ဖို့
1111 စစ်ဆင်ရေး (ကယား) မြန်မာသတင်း

ကရင်နီပြည်နယ် လျွိင်ကော်မြို့ကို စစ်ကောင်စီ ပြန်လည်ထိန်းချုပ်

  • 2024 ခုနှစ်၊ ဇူလိုင်လ 4 ရက်
  • 53 Views
++++++++++++++++++++++++++++++++++++ ဇူလိုင်လ (၄) ရက်။ လွိုင်ကော်မြို့ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီး စစ်ကောင်စီက ပြန်လည် ထိန်းချုပ်သွားပြီလို့ မြေပြင်စစ်ရေးသတင်းမြစ်တွေဆီက သိရပါတယ်။ လွိုင်ကော်ကို ဇွန်လကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီး ကရင်နီတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ ဒီကနေ့ မြို့ကို ဆုတ်ခွာပေးလိုက်ရပြီလို့