၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ (၁၉) ရက်၊ ခေတ်မျက်လုံး။
ချင်းပြည်နယ်၊ မတူပီမြို့နယ်ထဲက ထယ်ဘွေးကျေးရွာအထိုင်ချ စစ်ကောင်စီတပ်စခန်းကို ဒီနေ့ ဒီဇင်ဘာလ (၁၉) ရက်နေ့မှာ CDFs /CNDF ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီး CDF-Matupi အလံကို လွှင့်ထူနိုင်ခဲ့ပြီလို့ CDF-Mindat က တာဝန်ရှိသူတစ်ဦးက ခေတ်မျက်လုံးကို ပြောပါတယ်။
ထယ်ဘွေးစစ်ကောင်စီတပ်စခန်းကို CDF-Matupi က ဦးဆောင်ပြီး ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့များဖြစ်တဲ့ CNDF/CDF-Lautu/ CDF-Mindat တို့ပူးပေါင်းပြီး မနေ့က ဒီဇင်ဘာ ၁၈ ရက်နေ့က စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြတာပါ။
ထယ်ဘွေး စစ်ကောင်စီတပ်စခန် းမဆုံးရှုံးစေရးအတွက် စစ်ကောင်စီကလေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
စကစတပ်နဲ့ တစ်ရက်ကြ ာတိုက်ပွဲအပြင်းထန် ဖြစ်ပွားခဲ့ပြီးနောက် ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အခုလို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။။
တိုက်ပွဲအတွင်း CDF-Mindat ဘက်က ရဲဘော်တစ်ဦးကျဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။