ဇန်နဝါရီလ (၈)ရက်။
ဇန်နဝါရီလ (၅)ရက်နေ့ နံနက်(၆)နာရီအချိန်က စစ်ကိုင်းတိုင်း၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့နယ်ရှိ သောင်သွပ်စံပြကျေးရွာက စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ MOD ရဲ့ မနေ့က ထုတ်ပြန်ထားချက်အရ သိရပါတယ်။
သောင်သွပ်စံပြကျေးရွာမှာ အခြေချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ နယ်မြေရဲစခန်းနဲ့ ပြည်သူ့စစ်တပ်စခန်းတွေကို အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာကို MOD က ဓါတ်ပုံနဲ့တကွ ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတပ်စခန်းတွေကို PDF စစ်ကိုင်းတိုင်းအထူးတပ်ရင်းတွေ၊ ခရိုင်တပ်ရင်းတွေ၊ ပကဖတို့ ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့ ကနဦးအသိပေးထားပါတယ်။
အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ စစ်ကောင်စီတပ်စခန်းတွေထံက သိမ်းဆည်းရမိခဲ့တဲ့ လက်နက်ခဲယမ်းတွေနဲ့ ထိခိုက်သေဆုံးတဲ့အခြေအနေတွေကိုတော့ ထည့်သွင်းပြောဆိုထားခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။